ပျံလွန်ပြီး နှစ် (၇၀) ကြာမှအမိမြေသို့ပြန်လည်ရောက်ရှိလာသော စစ်မှုထမ်းဘုန်းကြီး (Chaplain) ဘုန်းတော်ကြီးတစ်ပါး၏ရုပ်ကလပ်
ပျံလွန်ပြီး နှစ် (၇၀) ကြာမှအမိမြေသို့ပြန်လည်ရောက်ရှိလာသော စစ်မှုထမ်းဘုန်းကြီး (Chaplain) ဘုန်းတော်ကြီးတစ်ပါး၏ရုပ်ကလပ်
ပျံလွန်ပြီး နှစ် (၇၀) ကြာမှအမိမြေသို့ပြန်လည်ရောက်ရှိလာသောဘုန်းတော်ကြီးမှာ ဖာသာရ် Emil Kapaun ဖြစ် သည်။ သူသည် ကိုရီးယားစစ်ပွဲကာလ (၁၉၅၁) ခုနှစ်၊ POW စခန်း၌ပျံလွန်သွားခဲ့သည်။ သူသည် အမေရိကန်ပြည် ထောင်စု၊ ကန်ဆာစ့်ပြည်နယ်၊ ဝီချီတာ သာသနာမှဖြစ်သည်။ သူ့အား သာသနာ၏ကက်သီဒြယ်ဘုရားကျောင်းဖြစ် သော အပြစ်မဲ့ သန္ဓေယူတော်မူသော ကက်သီ ဒြယ် ဘုရားကျောင်းတော်ကြီး၌မြေချမည်ဖြစ်သည်။ သူ့အားလည်း ရဟန္တာ တင်မြောက်နိုင်ရေးကိစ္စကိုစတင်တော့မည်ဖြစ်သည်။
ဖာသာရ် Kapaun ၏ကျန်ကြွင်းရုပ်ကလပ်ကို အဘယ်ကြောင့်ယခုမှသာ ဇာတိမြေသို့ပြန်လည် ရောက်ရှိလာသ နည်းဟုမူ သူပျံလွန်ချိန်သည် စစ်တွင်းကာလဖြစ်၍ မည်သည့်သိသာထင်ရှားသော အမှတ်အသားများကို ကောင်းမွန်စွာ ပြုလုပ်၍မြေချခွင့်မရခဲ့။ ကိုးရီးယားစစ်အတွင်းကျဆုံးခဲ့ကြသော သူရဲကောင်းများ၏ရုပ်ကြွင်းကိုပြန်လည်ဖော်သော စီမံ ကိန်း၏အကူအညီဖြင့် ရုပ်ကြွင်း (၈၆၇) ခုမှ သူ၏မျိုးရိုးဗီဇ (DNA) ကိုခက်ခက်ခဲခဲ စစ်ဆေးဖော်ထုတ်ခဲ့ရသောကြောင့် ဖြစ်သည်။ ဖာသာရ် Kapaun ၏ရုပ်ကြွင်းသည် (၁၉၅၃) ခုနှစ်မှစ၍ ယနေ့ထိ လူသူမသိဘဲ သူရဲကောင်းတို့၏စစ်သချိုင်း (the National Memorial Cemetery of the Pacific) ၌လျောင်းစက်နေခဲ့သည်။
ဖာသာရ် Kapaun ၏ရူပ်ကြွင်းကို ပုလဲကမ်းခြေ၌နေထိုင်သော သူ၏မိသားစု၀င်များထံသို့ အခမ်းအနားဖြင့်ပြန် လွဲအပ်ပေးအပ်ခဲ့သည်။ ထိုအခမ်းအနားတွင် အစောင့်များ၊ စစ်ပိုင်းဆိုင်ရာ အဆင့်အသီးသီးမှကိုယ်စားလှယ်များခြံရံလျှက် အခေါင်းကိုအလံတော်လွှားကာ စစ်သားအယောက် (၅၀) ခန့်၏အလေးပြုခြင်းကိုခံယူသယ်ဆောင်ပေးခဲ့သည်။ မိဘများ မရှိတော့၍ ရုပ်ကြွင်းကို ဖာသာရ် Kapaun ၏တူ Ray နှင့်သူ၏ဇနီး Lee တို့အားလွဲအပ်ပေးခဲ့သည်။ ၄င်းတို့ဦးလေး၏ရုပ် ကြွင်းကို ကင်ဆာစ်ပြည်နယ်သို့ပြန်လည်သယ်ဆောင်မည်ဖြစ်သည်။
ဖာသာရ် Kapaun ကားအဘယ်သူနည်း
သူ၏နာမည်အပြည့်အစုံမှာ Emil Kapaun ဖြစ်သည်။ သူသည် (၁၉၄၄) ခုနှစ်က အမေရိကန်စစ် တပ်၏ စစ်ဘုန်းကြီး (Chaplain) ဖြစ်လာခဲ့သည်။ သူသည် ဒုတိယကမ္ဘာစစ်နှင့်ကိုးရီးယားစစ်ပွဲ၌ စစ်ဘုန်းကြီးအဖြစ် စစ်သား များ၏၀ိညာဉ်ရေး၀တ္တရားများကိုဖြည့်ဆည်းပေးခဲ့သူဖြစ်သည်။ ကိုးရီးယာ စစ်ပွဲ၌ လူသိများလာခဲ့သည်။ အဘယ် ကြောင့်ဆိုသော် ဒုတိယကမ္ဘာစစ်က စစ်မြေ ပြင်၏ အတွေ့အကြုံ လည်းရလာပြီဖြစ်၍ ရဲစိတ်ရဲမာန်လည်းရှင်သန်ဖွံ့ဖြိုး နေပြီဖြစ်သည်။ သူသည် စစ်မြေပြင်ရောက် စစ်သည်တို့၏၀ိညာဉ်ရေးလိုအပ်ချက်များကို စစ်သားမဟုတ်သော်လည်း မိမိ၏ အသက်ကိုပင်မငဲ့ဘဲ သက်စွန့်ဆံဖျားကူညီပေးနိုင်ရန်အမြဲအသင့်ရှိသည်။ သူသည် စစ်သည် တော် တို့လိုအပ်နေ ကြောင်း သိရလျှင် တွန့်ဆုတ်မနေတတ်ပေ။ သူသည် အမေရိကန်စစ်သည်တော်များ၏ ၀ိညာဉ်ရေးအမှုကိစ္စများအ တွက်အမှုတော်ဆောင်နေသော်လည်း Unsan စစ်မြေပြင်၌ သူသည် ဒဏ်ရာရထားသော တရုတ်စစ် သား တစ်ဦးအား လည်း ကယ်တင်ပေးခဲ့သည်။ ဤတရုတ်စစ်သားနှင့်သိရှိခဲ့ရာမှ စစ်ရေးအခြေအနေကိုသိ ရှိရပြီး၊ လက်နက်ချရန်ဖြောင်းဖြရာ ဖာသာရ် Emil Kapaun သည်လက်ခံခဲ့သည်။ ထို့နောက် Unsan စစ်ကြောင်းအားဦးဆောင်သောစစ်ဦးစီးနှင့်ညှိ နှိုင်းတိုင်ပင်ပြီး၊ လက်နက်ချခဲ့သောကြောင့် စစ်သားများ စွာတို့၏အသက်ကိုကယ်တင်နိုင်ခဲ့သည်။ သို့သော် ၄င်းတို့အား လုံးသည် ဖမ်းဆီးအကျဉ်းချခံခဲ့ရသည်။ ထိုဖမ်းဆီးခံထားရချိန်၌ ဖာသာရ်သည် သူ့စစ်သားများ၏ ဒဏ်ရာများကိုကုသပေးခဲ့သည်။ အလွန်အေးခဲသောရာသီဥတု၊ ဆာလောင်မှုနှင့်မကျန်းမမာဖြစ်လာနေသော စစ်သားများအား စိတ်ဓာတ် မကျရန်၊ ၀ိညာဉ်ခွန်အားများဖြင့်နှစ်သိမ့်အားပေးခဲ့သည်။ စိတ်မကောင်းစရာအဖြစ်ဆိုးမှာ ကိုးရီးယားစစ်ပွဲ၏ ပထမ ဆောင်းဦး၌ပင် မှန်းချေ (၃၀၀၀) ကျော် အသက်ဆုံးရှုံးခဲ့သည်။ အခြေအနေအဘယ်မျှဆိုးနေစေကာမူ ဖာသာရ်သည် အခြား သူများကိုကူညီရာ၌အားမလျော့။ ထို့ကြောင့်သူ၏ကျန်းမာရေးလည်းချို့တဲ့စပြုလာသည်။ သူသည်အဆုတ်အအေးမိ သည့်ရောဂါစဖြစ်လာသည်။ တစ်စတစ်စဖြင့် ခြေချောင်းများ၌သွေးခဲလာသည်။ စစ်သည်တော်များအားပြုစုအားပေးရန် ကိုချန်လှပ်မထားနိုင်၍ ဆေးဝါးကုသမူခံယူရန်ငြင်းပယ်ခဲ့သည်။ ဤသို့ဖြင့်ရောဂါအခြေအနေသည် တစ်နေ့တစ်ခြားဆိုး လာရာမှ (၁၉၅၁၊ မေလ) ၌ပျံလွန်သွားခဲ့သည်။ (၁၉၅၃) ခုနှစ်၌ မည်သူမည်ဝါမသိသော ကိုးရီးယားစစ်ပွဲ၌ကျခဲ့သည့် ထောင်ချီ အမေရိကန်စစ်သားတို့၏ရုပ် အလောင်းများ အမေရိကန်မြေသို့ပြန်လည်ရောက်ရှိလာခဲ့သည်။
အသိအမှတ်ပြုခြင်း
အလွန်ခက်ခဲသောနေ့ရက်များကိုကြုံတွေ့ရင်ဆိုင်နေရသော်လည်း ဖာသာရ် Kapaun ၏ ကိုယ် ကျိုးမဖက်သော ပေးဆပ်ခြင်းကိုသူပျံလွန်ပြီးချိန်မှစ၍ အသိအမှတ်ပြုခဲ့ကြသည်။ (၁၉၉၃) ခုနှစ် ရဟန်း မင်းကြီးစိန့်ဂျွန်ပေါလ် (၂) က သူ့ အား ရဟန္တာတင်မြောက်နိုင်ရေး ပထမအဆင့်ဖြစ်သည့် ‘ဘုရားသခင် ၏အစေခံ’ အဖြစ်ကြေညာပေးခဲ့သည်။ သူ၏ဆု တောင်းပေးမူဖြင့်ခံစားရရှိသော ကျေးဇူးတော်များ၊ တန်ခိုးလက္ခဏာများသည် ရောက်ရှိလာလျှက်ရှိသည်။ စစ်မြေပြင်အ တွင်း မြင့်မြတ်လှသောသူရဲခေါင်း စိတ်ထားဖြင့်စွန့်လွှတ်မူအတွက်အမေရိကန်အစိုးရကသူ့အား ဂုဏ်ပြုခဲ့သည်။ (၂၀၁၃) ခုနှစ်၌ သမ္မတ အိုဘားမားက ဖာသာရ်အား စစ်ဘက်ဆိုင်ရာ၏အမြင့်ဆုံး ဂုဏ်ပြုတံဆိပ်ဆွဲပြားကိုပေးအပ်ချီးမြှင့်ခဲ့သည်။
(စက်တင်ဘာလ ၁၃၊ ၂၀၂၁) ရက်နေ့၌ ဝီချီတာသာသနာ၏ ကက်သီဒြယ်ဘုရားကျောင်းတော်ကြီး အတွင်း၌ ပြန်လည်မြှုပ်နှံသဂြိုလ်မည်ဖြစ်သည်။ သူ၏အုတ်ဂူအားလည်း ဘုရားဖူးများလာရောက်ဖူးမြှော် နိုင်ရန် ဖွင့်လှစ်ထားမည် ဖြစ်ပြီး၊ ရဟန္တာအဖြစ်တင်မြောက်ခံရပါက ပြန်လည်ဖော်ထုတ်၍ သီးသန့်နေရာ တွင်ကြည်ညိုနိုင်ရန်စီစဉ်ပေးမည်ဖြစ် သည်။
ဘာသာပြန် - ဖာသာရ် ကလေးမင်းအားတယ်
Add new comment