မွေးရာပါခန့်ချောသောကက်သလစ်ရဟန်း

မွေးရာပါခန့်ချောသောကက်သလစ်ရဟန်း

            သူ့အမည်ကား ဖာသာရ် Ferdinand Santos ဖြစ်သည်။မွေးရာပါခန့်ချောသူဖြစ်သည်။ သူသည်ရုပ်ခန့်သကဲ့သို့ မာနကြီးသွေးနားထင်စီး၀င်နေသူမဟုတ်။ချို့တဲ့နွမ်းပါးသူများအားကူညီရန်ရည်ရွယ်၍ရဟန်းဘ၀ကိုရွေးချယ်လျှောက်လှမ်းခဲ့သူဖြစ် သည်။ သူသည်အမွှေးပွအကောင်များကိုအလွန်ချစ်သည်။
ကောင်းကောင်းမွန်မွန်ကျွေးမွေးလေ့ရှိသည်။ သူ၏အိမ်မွေးတိရစ္ဆာန် များသည် သူ့အားပျော်ရွှင်မှုပေးသည်။ အဖော်ရစေသည်။သူ၏စိတ်ဖိစီးမှုများကိုလည်းလျော့နည်းစေသည်။ ထို့ကြောင့် စိတ်ကျန်းမာရေးကိုတိုးတက်စေသည်ဟုခံယူလေ့ရှိသည်။

            သူသည် တိရစ္ဆာန်များကိုချစ်ရာ၌သမ္မာကျမ်းချက်နှင့်အညီချစ်သည်။ ပညာပါရမီကျမ်း (၁၂း၁၀) ၌ ‘ဖြောင့်မတ်သောသူသည် မိမိ၏တိရစ္ဆာန်များကို ကြည့်ရှု့စောင့်ရှောက်၏။ဆိုးယုတ်သော သူတို့မူကား ကြမ်းတမ်းရက်စက်ကြ၏’ ဟုပါရှိသည်။သူမွေးထားသောခွေးများအနက် တစ်ကောင်ကို ‘တွမ်မီ’ ဟုမှည့်ထားသည်။သူသွားလေရာ၌ အဖော်အဖြစ်အမြဲပါလေ့ရှိသည်။ ‘တွမ်မီ’ အား သူ၏ညာလက် ရုံးဟုချစ်စနိုးတင်စား၍အင်စတာဂရမ်တွင်ရေးတင်ထားသည်။ကပ်ဘေးဆိုးကြောင့် ခရီးမထွက် ဖြစ်သည်မှာကြာပြီဖြစ်သည်။သူ၏ခွေးကိုပြီးခဲ့သောဇူလိုင်ကခွဲခဲ့ရသည်။ အဘယ်ကြောင့်ဆိုသော် ဖာသာရ်သည် ချို့တဲ့နွမ်းပါး သောသူများအားစောင့်ရှောက်ရန်အတွက် အမှုတော်ထမ်းနေခဲ့သောအမေရိကန်ပြည်ထောင်စုမှ သူ၏ဇာတိမြေဖိလစ်ပိုင်နိုင်ငံ သို့အပြီးအပိုင်ပြန်လာခဲ့သည်။

            ဖာသာရ် Ferdi (Ferdinand ၏အတိုကောက်) သည်ရဟန်းလောင်းကျောင်းသားဘ၀ကပင် သူ၌ ‘Aubrey’ ဟုခေါ် သောခွေးတစ်ရှိသည်။သူသည် အလွန်လိမ္မာပြီး၊ ထက်မြတ်သည်။ သိမ်မွေ့သည်။ အလွန်ခင်တတ်သည်။သူသည်အမ ဖြစ်သည်။ လူတိုင်းနှင့်ရင်းနှီးသည်။ Aubrey ကိုမိတ်ဆွေဖာသာရ်တစ်ဦးမှလက်ဆောင်ပေးခဲ့သည်။ ကင်ဆာရောဂါခံစားပြီး သေ သွားခဲ့သည်။ ထို့နောက်ကြောင်ကိုလည်းထပ်မံမွေးခဲ့သည်။ ဓာတ်ပုံရိုက်ဝါသနာပါ အလွန်ပါသော ကြောင်မ ဖြစ်သည် ။

            တိရစ္ဆာန်ချစ်တတ်သော ဖာသာရ်သည်ဖိလစ်ပိုင်သို့ပြန်ရောက်လာပြီး၊ အခြေအနေချို့တဲ့သော သာသနာနယ်များရှိဘာသာတူများနှင့်အတူအမှုတော်ဆောင်တော့မည်ဖြစ်ကြောင်း Ranhilio Callangan Aquino အကောင့်ပိုင်ရှင်က လူမှု ကွန်ရက်၌တင်လိုက်ရာ မထင်မှတ်သောစိတ်၀င်စားမှုကြီးကိုရရှိလိုက်သည်။ သူသည် ဖိလစ်ပိုင်လူမျိုးဖြစ်သည်။ သူသည် ဖလော်ဆိုဖီနှင့်သီဩလိုဂျီဘာသာရပ်များကိုသင်ကြားပေးသော စာချရဟန်းလည်းဖြစ်သည်။ ထို့အတူ ကျန်းမာကြံ့ခိုင်ရေးဘာ သာရပ်၌လည်းလိုင်စင်ရထားသူဖြစ်သည်။ သူ၏ခန့်ချောသောရုပ်ကြောင့်
လူမှုကွန်ရက်မှ လူတို့၏စိတ်၀င်စားမှုကိုခံခဲ့ရသည်။

            ဖာသာရ်၏ပုံနှင့်အကြောင်းကိုလူမှုကွန်ရက်ပေါ်တင်ခဲ့သောသူကသူပါရဂူဘွဲ့အတွက်စာတမ်းပြုစုနေစဉျက  ဖာသာရျ ကိုသိရှိခဲ့ကွောငျး၊၄ငျးတို့နှစျဦးသညျ ပါမော်ခတစျဦး၏ဘာသာရပျကိုလညျး
တစျတနျးတညျးတကျရောကျခဲ့ဖူးကွောင်း၊ ထိုစဉ်က ပင်ဖာသာရ်သည် အမေရိကန်ပြည်ထောင်စု၊ ဖလိုရီဒါပြည်ရှိစိန့်ဂျွန်ဗီအားနေဆေမီနာရီ၏ကျောင်းအုပ်ဖြစ်ကြောင်း သိနေခဲ့ကြောင်းရှင်းပြသည်။ မည်သို့ပင်ဆိုစေ၊ သူ၏တည်ကြည်ခန့်ညားလှသောရုပ်ရည်နှင့်လူအထင်ကြီးလှသော ဆေမီနာရီ၏
ကျောင်းအုပ်ဂုဏ်ကိုဖက်တွယ် သာယာမနေဘဲ မိမိ၏မွေးရပ်ဌာနေဇာတိမြေ၌ ချို့တဲ့နွမ်းပါးသူများနှင့်အတူနေထိုင်ရင်းသာ သာနာအမှုကိုထမ်းဆောင်ရန် လုံး၀နောက်ဆံမတင်းဘဲ ပြတ်သားစွာဆုံးဖြတ်ခဲ့သည်။ သူသည် ဖလိုဆိုဖီဘာသာရပ်၌ဒေါက် တာဘွဲ့ရထားသူလည်းဖြစ်ရာ ရုပ်ခန့်သန့်ပြန့်ရုံမဟုတ်ဘဲပညာတတ်လည်းဖြစ်သည်။ သို့သော် အသိမ်ငယ်ဆုံးသော ယေဇူး
သခင်၏ညီအစ်ကိုတို့ကိုပြုစုရန်အတွက် သက်တောင့်သက်သာသောဘ၀၊ရာထူးများကိုစွန့်ခဲ့သည်။ သူထမ်းဆောင်နေသည့် အမူတော်မြတ်၌ ဆက်လက်၍အနှောက်အယှက်၊ အခက်အခဲများအားလုံးကိုကျော်လွှားအစေခံနိုင်စေရန်ဝိုင်းဝန်းဆုတောင်း ပေးကြပါစို့။

 

ဘာသာပြန် - ဖာသာရ်ကလေးမင့်အားတယ်  

https://bit.ly/3CJc0gh

Add new comment

5 + 7 =