Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
ဖိလစ်ပိုင်နိုင်ငံ၌ ညီအစ်ကိုသုံးဦးကက်သလစ်ရဟန်းသိက္ခာ တော်ကိုခံယူကြ
ဖိလစ်ပိုင်နိုင်ငံ၌ ညီအစ်ကိုသုံးဦးကက်သလစ်ရဟန်းသိက္ခာ တော်ကိုခံယူကြ
ညီအစ်ကိုအရင်းသုံးဦးသည် တစ်ရက်တည်း၊ တစ်ချိန်တည်း၊ တစ်နေရာတည်း၌ ကက်သလစ် ရဟန်းသိက္ခာကိုခံယူခဲ့ သည်။ ထိုဂုဏ်ယူစရာကောင်းသော၊ သမိုင်း၌လည်းရှားပါးလှသောဖြစ်ရပ်ဖြစ် ပျက်ခဲ့သော နိုင်ငံကားဖိလစ်ပိုင်နိုင်ငံဖြစ်ပြီး၊ ခရိုင် ကား Mindanao ၌ဖြစ်သည်။
ညီအစ်ကိုသုံး၏အမည်များမှာ Jessie ၊ Jestonie ၊ Jerson Avenido တို့ဖြစ်ကြသည်။ ၄င်းတို့ သည် သာသနာပိုင်ရဟန်း (diocesan) ရဟန်းများမဟုတ်ဘဲ ယေဇူးခရစ္စတူးသခင်၏အလွန်စင်ကြယ်သော ဒဏ်ရာ တော်ငါး ချက်ရဟန်းအသင်းမှဖြစ်သည်။ ညီအစ်ကိုသုံးပါးအား စက်တင်ဘာ (၈) ရက်နေ့က ထာ၀ရ ရဟန်း သိက္ခာထပ်ပေးသောဆရာတော်မှာ Cagayan de Oro မှဂိုဏ်း ချုပ်ဆရာတော် Jose Cabantan ဖြစ်သည်။
ရဟန်သိက္ခာထပ်သည့်အခမ်းအနားကိုCagayan de Oro မြို့ရှိ စိန့်ဩဂုတ်စတင်းကက်သီဒြယ် ၌ကျင်းပခဲ့သည်။ ယခု ကဲ့သို့ထူးခြားပြီး၊ သမိုင်း၀င်သောဖြစ်စဉ်ကြောင့် ဘာသာတူများထံမှ အံ့အားသင့် ချီးမွမ်းစကားသံများညံနေခဲ့ပါသည်။
အဘယ် ကြောင့်ဆိုသော် ညီအစ်ကိုသုံးယောက်မက ရဟန်းဖြစ်သွားကြသည်များရှိကောင်းရှိပေမည်။ အသင်းတစ်ခုတည်း၌အတူ၀င် ရောက်၍ ရဟန်းသိက္ခာကိုလည်းတစ်ရက်တည်း၊ တစ်ချိန်တည်း၊တစ်နေရာတည်း ခံယူရန်မှာ ဘုရားသခင်စီရင်တော်မူသောနေ့ ရက်မဟုတ်လျှင်ဖြစ်နိုင်ရန်အလွန် ခဲယဉ်းလှပါသည်။
ညီအစ်ကိုသုံးပါးအား ရဟန်းသိက္ခာထပ်ပေးဆရာတော်ကိုယ်တိုင်ကလည်း ဆရာတော်၀ါရလာပြီ ဖြစ် သော်လည်း ယခုကဲ့သို့ ညီအစ်ကိုရင်းသုံးပါးအား တစ်ရက်တည်း၊ တစ်ချိန်တည်း၊ တစ်နေရာတည်း၌ ထာ၀ရ ရဟန်းသိက္ခာထပ်ပေးရခြင်း သည် သူ့အတွက်ပထမ ဦးဆုံးကြုံကြိုက်ခြင်းဖြစ်သည်ဟုလူထုပရိသတ်များရှေ့၌ ပြောကြားခဲ့သည်။
Virac သာသနာမှ ကိုလံ ဘစ်၏သူရဲကောင်းများ အဖွဲ့က ဤရဟန်းသိက္ခာသည် ကြုံတောင့်ကြုံခဲသော ကက်သလစ်သာသနာတော်ကြီးအား ဘုရားသ ခင်ပေးသနားသော လက်ဆောင်ဖြစ်သည်ဟု ပြောကြားခဲ့သည်။ မိမိတို့၏သားများအားယခုကဲ့သို့ပြုစုပျိုးထောင်ပေးနိုင်ခဲ့သော မိဘများအားလည်းချီးမွှမ်းကြသည်။ မိမိတို့ သား ရတနာများကို သာသနာတော်ကြီးအား ရက်ရောစွာပေးလှူသည့်အတွက်လည်း မိသားစုကိုကျေးဇူးတင်ကြသည်။
ရဟန်းသစ်သုံးပါး၏ဖခင်ဖြစ်သူမှာ ပညာတတ်မဟုတ်။ တောင်သူဦးကြီးအဖြစ်နှင့်လုံခြုံရေးအစောင့် တစ်ဦးဖြစ်သည်။ ရဟန်းသစ်သုံးပါး၏မိခင်သည် ကလေးများ၏အောက်ခြေသိမ်းကိစ္စများကို ကိုယ်တိုင်လုပ်ခဲ့ ရသည်။ မိသားစုအတွင်း၌ ရဟန်း တစ်ပါးရှိနေခြင်း သည်ကောင်းကြီးမင်္ဂလာတစ်ပါးဖြစ်သည်။ ယခုမှာ မိသားစုတစ်စုမှ သုံးဦးဖြစ်နေ၍ပို၍ထူးခြားသောကောင်း ကြီးဖြစ်သည်။
ရဟန်းသစ်များ၏ရင်တွင်းဖြစ်စကားကား ‘ကျွန်တော်တို့ဟာ ချမ်းသာပြည့်စုံတဲ့မိသားစု ကမွေးဖွား ကြီးလာ ခဲရတာမဟုတ်ပါဘူး။ ဒါပေမယ့် သခင့်ကို ချစ့်တဲ့အချစ်နဲ့ သူ့သာသနာကိုချစ်တဲ့အချစ်က အင်မတန်မှ ချမ်းသာကြွယ်၀ပါတယ်’ ဟုပြောကြားခဲ့သည်။
ညီအစ်ကိုသုံးပါးသည် ရဟန်သိက္ခာကိုအတူတူထပ်ကြသော်လည်း ရဟန်းဖြစ်ရန် အသင်းသို့ ၀င်ရောက်ခဲ့သည့်နှစ်များ မှာမတူကြပေ။ အကြီးဆုံးဖြစ်သော သက်တော် (၃၀) ရှိ Jessie ကား (၂၀၀၈) ခုနှစ်၊ သက်တော် (၂၉) နှစ်ရှိ အလတ် Jestonie ကား (၂၀၁၀) တွင်၀င်ရောက်ခဲ့ကြသည်။
အစပိုင်း၌ သုံးပါးသစ္စာရှင်ရဟန်းဘ၀ကိုအိမ်မက်မမက်ခဲ့ကြပေ။ အကြီးဆုံးသည် ရဲ (သို့) လျှက်စစ်အင် ဂျင် နီယာဖြစ်ရန်ရည်မှန်းခဲ့သည်။ ကျောင်းတက်ရန်ကိုလည်း နာမည်စာရင်းပေးသွင်းခဲ့ပြီးဖြစ်သည်။ အလတ် ဖြစ်သူမှာ ဆရာဖြစ်ချင်ခဲ့သည်။
ညီငယ်မှာဆရာ၀န်ဖြစ်ချင်ခဲ့သည်။ ၄င်းတို့သည် ငယ်စဉ်က မနီလာဂိုဏ်းချုပ်သာသနာအတွင်း ရှိ Santa Cruz သာသနာအုပ်စု၌ တရားထောက်ခဲ့ကြသည်။ ထိုမှအလင်းတရားများရကာ စိတ်ပြောင်းသွားခဲ့ကြသည်။
ဤညီအစ်ကိုသုံးပါး၏ အကြောင်းအရာများသည် အလွန်အားကျဖွယ်ကောင်းသည်။၄င်းတို့ကိုအားကျ၍ ကျွန်ုပ်တို့၏သားများလည်းညီအစ်ကိုအတွဲလိုက်ရဟန်းဖြစ်သင်ကျောင်းသို့သွားရောက်ကြမည်ဟုမျှော်လင့်ပါ သည်။ ကျွန်ုပ်တို့၌ တရားထောက် နေသောညီအစ်ကိုများရှိသည်’ ဟု တရားထောက်အမှု တော် ဆောင် James Vedan ကညီအစ်ကိုသုံးပါးကိုအားကျစွာပြောကြား ခဲ့သည်။
ဤသစ်လွင်စွာ ရဟန်းသိက္ခာခံယူခဲ့သောရဟန်းတော်က ၄င်းတို့၏ခေါ်တော်မူခြင်းသည် အလုပ်ကြိုးစား ပြီး၊ ဆုတောင်း ခြင်းအားကောင်း သောမိဘများကြောင့်ဖြစ်သည်။ ခေါ်တော်မူခြင်းလမ်းစဉ်ကိုကျွန်ုပ်တို့အနေဖြင့် မတော်တဆ (သို့) အတင်း အကြပ်ရွေးချယ်ခဲ့ခြင်းမဟုတ်။ လွတ်လွတ်လပ်လပ်ဆုံးဖြတ်ရွေးချယ်ခဲ့ကြသည်။ ညီတစ်ယောက်လည်းရှိသေးပြီး၊ သူသည် လည်း ရဟန်ဘ၀ကိုခံယူရန်စဉ်းစားနေကြောင်း၊ သူသည် သာသနာ အုပ်စု၏ လှုပ်ရှားမှု တိုင်း၌တက်ကြွစွာပါ၀င်ဆက်ကပ်သူ ဖြစ်ကြောင်း၊ အကယ်၍သူသည် ရဟန်းဖြစ်ရန် ပြတ်သားစွာ ဆုံးဖြတ်မည်ဆိုလျှင်လည်း အံ့ဩမည်မဟုတ်ကြောင်း၊ အဘယ် ကြောင့်ဆိုသော် သူရွေးချယ်ခဲ့ မည် ဆိုလျှင်လည်း ဘုရားသခင်၏ကျေးဇူးတော်ကြောင့်ပင်ဖြစ်သည်။ ထိုကျေးဇူးတော်အတွက် ဘုရားသခင်ကို ကျေးဇူးတင်မည်။
အဘယ်ကြောင့်ဆိုသော် မိသားစု တစ်စုတည်းမှ ရဟန်းတော် (၄) ပါးပေးသနားသောထူးခြား ကောင်းကြီးတော်အတွက်ဖြစ်ပါသည်ဟုပြောကြားခဲ့သည်။
ဘာသာပြန် - ဖာသာရ်ကလေးမင့်အားတယ်
ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းရှိ Cagayan က ညီအစ်ကို သုံးဦး အတူတူ ထာဝရ ရဟန်းသိက္ခာ ခံယူခဲ့
#သခင်လိုရာညီအစ်ကိုသုံးဦးရှာ
"သင်သည် ထာဝရ ရဟန်း ဖြစ်၏။"
Congratulations Avenido Brothers!
ခေါ်တော်မူခြင်းဆိုတာ အရမ်းကို ထူးခြား ဆန်းကြယ်ပါတယ်။ မယ်တော်သခင်မ မွေးနေ့ စက်တင်ဘာလ (၈)ရက်နေ့၊ ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းရှိ Cagayan က ညီအစ်ကို သုံးဦးဟာလည်း ထူးခြားဆန်းကြယ်တဲ့ ခေါ်တော်မူခြင်း နောက်လိုက်ရင်းနဲ့ အတူတူ ထာဝရ ရဟန်းသိက္ခာ ခံယူခဲ့ ကြပါတယ်။ သူတို့ရဲ့ နောက်ဆုံး နာမည် Evanido ဖြစ်လို့ သူတို့ကို Evenido Brothers အဲဗာနီတို ညီအစ်ကို တွေလို့ ခေါ်ကြတာပါ။ သူတို့ ရဟန်းသိက္ခာ တင်တာကို မျက်မြင်တွေ့ကြုံရတဲ့ တရားထောက် တစ်ယောက်ကတော့ သူတို့ ညီအစ်ကိုတွေကို အရမ်းကို အားကျမိတယ်လို့ ဆိုပါတယ်။
ညီအစ်ကို သုံးဦးရဲ့ နာမည် ကတော့ Jessie James Avenido, Jestonie Avenido နဲ့ Jerson Rey Avenido ဖြစ်ပါတယ်။ သူတို့ဟာ Cagayan de Oro City မှာရှိတဲ့ စိန့်သြဂတ်စတင်း ကက်ဒီဒြယ် ကျောင်းတော်ကြီးမှာ သိက္ခာ ခံယူခဲ့ပြီး အွန်လိုင်းကနေ "live" ထုတ်လွှင့်ပေး ခဲ့ကြပါတယ်။ ကျွန်ုပ်တို့ရဲ့ ခေါ်တော်မူခြင်းက မိဘတွေရဲ့ ဆုတောင်းပေးမှု၊ အလုပ်ကြိုးစားလုပ်ဆောင်မှုနဲ့ ချစ်ခြင်းနဲ့ ပြောဆို ဆုံးမ လမ်းညွှန်မှုတွေကြောင့် အခုလို အသီးအပွင့် အနေနဲ့ ခေါ်တော်မူခြင်း ရရှိတာဖြစ်တယ်လို့ ဆိုကြပါတယ်။ ဘယ်သူ့ တိုက်တွန်းချက်မှ မပါဘဲ ဒီလမ်းကို လွတ်လွတ်လပ်လပ် ပျော်ပျော်ရွှင်ရွှင် ရွေးချယ်ခဲ့ကြတာပါ။
တစ်ခါတလေ မိဘတွေက သူတို့သားသမီး ခေါ်တော်မှုခြင်း ရရှိဖို့ အတင်းလုပ်ခိုင်းတာလည်း ရှိပါတယ်။ ဟုတ်ပါတယ်။ ဘုန်းကြီး၊ စစ္စသာရ်၊ ကိုရင် ခေါ်တော်မူခြင်း ကောင်းပါတယ်။ ဒါပေမဲ့ တခြားကောင်းတဲ့ မိသားစုနဲ့ ဆရာ (အလုပ်အကိုင် ကျွမ်းကျင်တဲ့) ခေါ်တော်မူခြင်းလည်း ရှိတယ် မဟုတ်ပါလား။ အဲဒီလို မိဘတွေ အတင်းပို့ခံရတဲ့ သူတွေဟာ ဘုန်းကြီး၊ စစ္စတာရ် ဖြစ်လာတဲ့ချိန် သူတို့ရဲ့ လွတ်လပ်တဲ့ ကိုယ်ပိုင်ရွေးချယ်မှု မဟုတ်လို့ မသိမသာ အပြင်လောကကိုထွက်ပြေးချင်စိတ် မကြာခဏ ဖြစ်ပေါ်တတ်ပါတယ်။ တချို့က သူတော်စင် ဘောင်ဝင်တာလည်းကြာနေပြီး အသက်လည်း မငယ်တော့တာကြောင့် မပျော်တဲ့ဘဝကနေ ရုန်းထွက်ဖို့ ခက်ခဲနေ တတ်ပါတယ်။ အဲလိုဖြစ်တဲ့ သူတွေထဲမှာ သူတို့မိဘဆုံးသွားလို့ သူတော်စင် ဘောင်ကနေ ထွက်သွားတဲ့ သူတွေလည်း တွေ့ဖူးပါတယ်။ ဒါကြောင့် ခေါ်တော်မူခြင်းကို လွတ်လွတ်လပ်လပ် ရွေးချယ်ဖို့က အရမ်းကို အရေးကြီးပါတယ်။
ညီအစ်ကို ဘုန်းကြီး သုံးပါးရဲ့ ဖခင်ဟာ တောင်သူနဲ့ လုံခြုံရေးသမား ဖြစ်ပြီး မိခင်ကတော့ အိမ်က ဝေယျာဝစ္စ တွေလုပ်ရင်း သာသမီးတွေကို ထိန်းကျောင်း ရတာဖြစ်ပါတယ်။ သူတို့ ဖခင်ကြီးကတော့...
We did not come from a rich family but we are very rich in our love for the Lord and his Church.
"ကျွန်ုပ်တို့ဟာ ချမ်းသာတဲ့ မိသားစုတစ်စုတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်ုပ်တို့မှာ သခင်ယေဇူးနဲ့ သူ့ရဲ့အသင်းတော် အတွက် အရမ်းကို ကြွယ်ဝချမ်းသာတဲ့ ချစ်ခြင်းမေတ္တာ ပိုင်ဆိုင်ထားပါတယ်။" လို့ သက်သေခံ ဝေမျှ ပေးခဲ့ပါတယ်။
ကဲ... ကျွန်ုပ်တို့မှာရော အဲဒီလိုမျိုး ချစ်ခြင်းမေတ္တာ ရှိနေကြပြီးလား။ ကျွန်ုပ်တို့ရဲ့ ချစ်ခြင်းမေတ္တာကို လူအများအတွက်နဲ့ ဘုရားသခင်ရဲ့ ဘုန်းဂုဏ်တော်အတွက် ဘယ်လို အသုံးပြု ကြမလဲ။ စသည့် အချက်တွေကို ထောက်ရှုရင်း လိုအပ်သော ကျေးဇူးတော်မြတ်ကို တောင်းခံကြပါစို့။
ထန်းဟာ, SJ (11.09.2021)
#RC_ဝိညာအာဟာရ
St. Augustine Metropolitan Cathedral FB live
Add new comment