မိသားစုတစ်စုမှ တန်ခိုးအံ့ဖွယ်ခံယူရရှိလိုက်ခြင်းကို ရဟန်းမင်းကြီးဖရန်စစ်အတည်ပြုပေး

မိသားစုတစ်စုမှ တန်ခိုးအံ့ဖွယ်ခံယူရရှိလိုက်ခြင်းကို ရဟန်းမင်းကြီးဖရန်စစ်အတည်ပြုပေး

            ဇနီးမောင်နှံဖြစ်သော Daniel နှင့် Michelle Schachle တို့သည် ၄င်းတို့၏ (၁၃) ဦးမြောက် ရင်သွေး ကိုစောင့်မျှော်နေစဉ် မမျှော်လင့်ထားသော သတင်းကိုကြားလိုက်ရသည်။ ထိုသတင်းကား ယခုရင်သွေး သည် ဉာဏ်ရည်ဖွံ့ဖြို့မှု နှေး ကွေးသည့် Down (ဒေါင်း) ရောဂါလက္ခဏာပြနေပြီး၊ သန္ဓေသားကိုလည်း သေစေနိုင်လောက်သည်ဟုဖြစ်ပါသည်။ သန္ဓေသားသည် အသက်ရှင်နိုင်ခြေမရှိ၍ ကို၀န်ကိုဖျက်ချရန် ဆရာ၀န်များကအကြံပြုလာသည်။

           သို့သော် မိဘများက မည်သို့ပင်ဖြစ်စေ ၄င်းတို့၏သားကိုရအောင်မွေးမည်ဟုသာ ပြန်လည် ပြောကြားခဲ့သည်။ ဆရာ၀န်များ၏အကြံပြုချက်သည် လက်ခံဖွယ်ရာဖြစ်နေသော်လည်း မိဘများ အတွက်မှာမူ ဒေါသထွက်စရာဖြစ်ခဲ့ရ သည်။ မိဘအနေဖြင့် မိမိ တို့၏ရင်သွေးအဘယ်အခြေအနေမျိုး ဖြစ်နေစေကာမူ ပြုစုစောင့်ရှောက်ပေးရမည့်တာ၀န်ရှိ သည်။ သတ်ဖျက်ရာ၌ ကြံရာပါအဘယ်သို့ ဖြစ်နိုင်မည်နည်း။ သို့ဖြင့် ကိုလံဘာစ်သူရဲကောင်းအဖွဲ့ကိုလည်းတည် ထောင်ခဲ့သူဖြစ်သောဖာသာရ် Michael McGivney အားယခုလွယ်ထားရသောရင်သွေးအား အသက်ရှင်ခွင့်ရစေရန် ဆုတောင်းပေးပါ မည့်အကြောင်းတောင်းခံခဲ့သည်။ ထို့နောက် ၄င်းတို့ဇနီးမောင်နှံသည် စိတ်သက်သာရာရစေရန်ရည်ရွယ် ၍ ဥရောပသို့ခရီးထွက်ခဲ့သည်။ ဗာတီကန်၌လည်ပတ်ခဲ့သည်။ ထို့နောက် ဖာတီမာမယ်တော် ဗိမာန် သို့လည်း ဘုရားဖူးရောက်ခဲ့ကြသည်။ ထို့နောက် အိမ်သို့ပြန်လာခဲ့ကြသည်။ သို့သော် ၄င်းတို့၏ရင်သွေး မှာ သေလောက်သော ဘေးအန္တာရယ်ကိုမတွေ့ခဲ့ပေ။

ထိုဘုရားဖူးခရီးစဉ်မှပြန်ရောက်ပြီးလအနည်းငယ် အကြာ သူတို့၏ရင်သွေးကိုမွေးဖွား ခဲ့ပြီး၊ Mikey ဟုအမည်ပေးခဲ့သည်။ အဘယ်ကြောင့်ဤအမည်ကို ပေးရသနည်းဟုမူဖာသာရ် Michael McGivney သည် ၄င်းတို့ ရင်သွေး၏အသက်ကိုကယ်ခဲ့သည် ဟု ယုံကြည်သောကြောင့်ဖြစ်သည်။ ဖာသာရ် Michael McGivney သည် သူတော်မြတ်အဖြစ်တင်မြောက် ရန် အတွက်ဘုရားသခင်ထံ သူ၏ဆုတောင်းပေးခြင်းအားဖြင့် တန်ခိုးအနု‌ဘော်တစ်ခုလို အပ်နေ သည်။              

            ဖာသာရ် Michael McGivney သည် ယခုခံစားလိုက်ရသောအံ့ဖွယ်တန်ခိုးအပြင် တန်ခိုး အသေး အဖွဲးများစွာကို လည်းပေးခဲ့ကြောင်း၊ သူသည် ၄င်းတို့၏သားကိုသာကယ်တင်ပေးရန် ဆုတောင်းပေးရုံမကဘဲ သူလိုဘုန်းတော်ကြီး များကမ္ဘာကြီးကအလွန်လိုအပ်နေကြောင်းသတင်း စကားပါးလိုက်ခြင်းလည်းဖြစ်သည်။ ဆေးအသိုင်းအ၀ိုင်းများနှင့် ဤရောဂါလက္ခဏာမျိုးခံစားခဲ့ဖူး သောအမျိုးသမီးများက ထိတ်လန့်သွားကြသည်။  

            ယခင်နှစ် မေလ (၂၀၂၀) က ရဟန်းမင်းကြီးဖရန်စစ်သည် ဖာသာရ် McGivney ၏ဆုတောင်း ပေးခြင်းကြောင့် Mikey လေးသည် အံ့ဖွယ်ကုသမှုကို ခံခဲ့ရကြောင်းကို တရား၀င်ကြေညာခဲ့သည်။ ထို့ကြောင့် ဖာသာရ် McGivney အား ယခုနှစ်နှောင်းပိုင်း၌ သူတော်မြတ်တင်မြောက်နိုင်ရန် ပြင်ဆင် နေကြပြီဖြစ်သည်။   

            Mikey ၏မိဘနှစ်ပါးက ၄င်းတို့၏အတွေ့အကြုံမှ တရားသင်ခန်းစာပေးလိုသည်မှာ မည်သည့် အခြေအနေမျိုး ၌မဆို ဘုရားသခင်ကိုယုံကြည်အားကိုးရန်နှင့်မိသားစုသည် လက်ဆောင်တကာထက် တန်ဖိုးရှိသောလက်ဆောင်ဖြစ် သည်ဟုပြောကြားခဲ့သည်။ ကမ္ဘာကြီးက Mikey ၏မိဘနှစ်ပါးအား ကလေး (၁၃) ယောက်ရှိနေပြီ။ ကျွေးမွေးပြုစုနိုင် မည်မဟုတ်ဟုပြောခြင်းကိုလည်းခံရလိမ့်မည်။ မိဘနှစ်ပါးသည် သူတို့အားလုံးကိုယုံကြည်သည်။

လူအားနှင့်သာဆိုပါ လျှင်မည်သို့မျှမတတ်နိုင်။ သို့သော် ဘုရားအားနှင့်ဆိုပါလျှင် မတတ်နိုင်စရာ အကြောင်းမရှိ။ ဘုရားသခင်ကိုယုံကြည် အားကိုးရန်လိုပါသည်။ ဘုရားနှင့်နီးကပ်စွာရှိနေရန်လိုပါသည်။ လူအားဖြင့်မတတ်နိုင်သော အခြေအနေမျိုးများနှင့် ရင်ဆိုင်ကြုံတွေ့ရလျှင် ဤနည်းအတိုင်းသာခွန်အား ယူပါ။ Mikey Schachle အသက် (၆) နှစ်ပြည့်မှ သူ၌ဖြစ်ပျက်ခဲ့ သောအံ့ဖွယ်ရာကိုအခြား သူများ နှင့် ဝေမျှနိုင်ခဲ့သည်။ တန်ခိုးလက္ခဏာအမှန်တကယ်ဖြစ်ပျက်ပါသည်။

ဘာသာပြန် - ဖာသာရ်ကလေးမင့်အားတယ်   

https://youtu.be/MdPJpWZDbrQ

 

Add new comment

5 + 4 =