ရဟန်းမင်းကြီးဖရန်စစ်၏ချီးမွမ်းခြင်းခံလိုက်ရသောသတင်းသမားတစ်ဦး

ရဟန်းမင်းကြီးဖရန်စစ်၏ချီးမွမ်းခြင်းခံလိုက်ရသောသတင်းသမားတစ်ဦး

            ရဟန်းမင်းကြီးဖရန်စစ်သည် လေးရက်တာခရီးထွက်ပြီး၊ နိုင်ငံခေါင်းဆောင်၊ ဘာသာရေး၊ အရပ် ဖက်ခေါင်း ဆောင်များနှင့်တွေ့ဆုံခြင်း၊ လူမူရေး၊ ဘာသာရေး၊ နိုင်ငံရေးအခမ်းအနားများ တက် ရောက် ခြင်း၊ မိန့်ခွန်းများမိန်ကြား ခြင်းများဖြင့် အစီအစဉ်ပြည့်ကြပ်နေခဲ့သောရဟန်းမင်းကြီး ဖရန်စစ် သည် လေကြောင်းဖြင့်ရောမသို့အပြန် လေယာဉ် ပေါ်၌ သတင်းသမားများ၏မေးမြန်းမူကိုဖြေကြား ရာတွင် ဗာတီကန်ကိုအားပေးထောက်ခံသော သတင်းသမားတစ်ဦး အား လူထုပရိသတ်များ အလယ် တွင် ချီးမွမ်းခဲ့သည်။

            ‘သူတို့ကပြောတယ်။ ဒီသတင်းသမားဟာ အလုပ်လုပ်ဖို့ (၂၄) နာရီအသင့်ရှိတယ်တဲ့။ ပြီးတော့ သူဟာ အမြဲသူများ ကိုဦးစားပေးတတ်တယ်။ ဒီမှတ်ချက် Jose Beltran က Eva Fernande ကို ချီးမွမ်း ခဲ့ တဲ့စကားဖြစ်ပါတယ်’ ဟုရဟန်းမင်း ကမိန့်ကြားခဲ့သည်။ ရဟန်းမင်းကြီးသည် မဂ္ဂဇင်း တစ်စောင်ဖြစ် သော Vida Nueva ၏ဒါရိုက်တာ Jose Beltran ၏မှတ်ချက် ကိုကိုးကားလိုက်ခြင်း ဖြစ်သည်။ ရဟန်း မင်းကြီးသည် အဆိုပါမဂ္ဂဇင်းအတွက်အလွန်ဂုဏ်ယူသည်။

ရဟန်းမင်းကြီးချီးကျူးစကားနှင့်လုပ်ဖော်ကိုင်ဖက်များ၏လက်ခုပ်သံကိုကြားလိုက်ရ၍စကား ပင်ပြောမထွက်နိုင်အောင်ဖြစ်သွားခဲ့ရ ကြောင်းချီးမွမ်းခံရသော သတင်းထောက်ကပြောကြားခဲ့သည်။ အမှန်မှာ ရဟန်းမင်းကြီးသည် Eva Fernandez ၏အလုပ် အပေါ်စိတ်၀င်စားမှု၊ အလုပ်ကြိုးစားမှုနှင့် ပတ်သက်၍အခါခါထုတ်ဖော်ချီးမွမ်းခဲ့ဖူးပါသည်။ အထူးသဖြင့် ရဟန်းမင်းကြီးအား ရှည်လျားသော တွေ့ဆုံမေးမြန်းချက်နှင့်ပတ်သက်၍ချီးမွမ်းခဲ့ဖူးသည်။ 

ဘာသာပြန် - ဖာသာရ်ကလေးမင့်အားတယ်

https://www.youtube.com/watch?v=-0DHAE7tIEc

Ref: Rome Reports      

 

Add new comment

7 + 10 =