ရဟန်းမင်းကြီး ဖရန်စစ် တမာန်တော်ခရီးစဉ်အပြီး ဆလိုဗားကီးယားနိုင်ငံ မှ ရောမမြို့သို့အပြန် လေယာဉ် ပေါ်တွင် သတင်းထောက်များ၏မေးခွန်းများကိုဖြေကြား 

ရဟန်းမင်းကြီး ဖရန်စစ် တမာန်တော်ခရီးစဉ်အပြီး ဆလိုဗားကီးယားနိုင်ငံ မှ ရောမမြို့သို့အပြန် လေယာဉ် ပေါ်တွင် သတင်းထောက်များ၏မေးခွန်းများကိုဖြေကြား 

            သတင်းထောက်များသည် ရဟန်းမင်းကြီးအားမေးခွန်း (၆) ခုကိုမေးမြန်းခဲ့သည်။ အဓိကထားမိန့်ကြားခဲ့သောအ ကြောင်းအရာမှာ သန္ဓေဖျက်ချခြင်းနှင့်ကိုယ်တော်မြတ်ပင်ယူ ခြင်းအကြောင်းဖြစ်သည်။ ကိုယ်၀န်ဆောင်မိခင်သည် မိမိ ရင်သွေး၏မျိုးရိုးဗီဇ၊ ကိုယ်လက်အင်္ဂါများကိုမသိမမြင်ရမည်ကပင် ကိုယ်၀န်ဆောင်နေပြီဆိုသည်ကိုသိနေသည်။ ကိုယ် ၀န်ဆောင်ခြင်းသည် လူ့အသက်တာဖွံ့ဖြိုးသောကာလဖြစ်သည်။ လေးစားရမည်။ စောင့်ရှောက်ရမည်။ ဤသတ်မှတ် ချက်သည် အလွန်ရိုးရှင်းသည်။ မှန်ကန်သည်။ တရားနည်းလမ်းကျသည်။ ပြဿနာတစ်ခုကိုဖြေရှင်းရန် လူ့အသက်ကို သတ်ဖြတ်ခြင်းသည် တရားသလော။

            ဥရောပပါလီမန်များ၌ လိင်တူလက်ထပ်ခြင်းကိုအသိအမှတ်ပြုပေးရေးအတွက် ဥရောပသမ္မဂနိုင်ငံများ၌ သဘော တူညီမူရှိရန်မှတ်ပုံတင်ခြင်းနှင့်ပတ်သက်၍မေးမြန်မှုကိုမူ လက်ထပ်ထိမ်းမြှားခြင်းသည် အမျိုးသားနှင့်အမျိုးသမီးကြား တည်ဆောက်ထားသော 

စက္ကရမင်တူး (ဘုရားသခင် ကိုယ်တော်တို်င်တည်ထောင်ထားသည့် သန့်ရှင်းနက်နဲသောအရာ) ဖြစ်သည်။ ကက်သလစ်သာသနာတော်ကြီးအနေဖြင့် ပြောင်းလဲပိုင်ခွင့်မရှိပေ။ လိင်စိတ်ခံစားမှုမတူသောသူများအား နား လည်ခွင့်ပြုပေးသော အရပ်ဘက်ဥပဒေရှိသည်။ ထိုဥပဒေသည် သာသနာတော်ကြီး၏ လက်ထပ်ထိမ်းမြှားခြင်းဆိုင်ရာ သွန်သင်ချက်ကိုခြိမ်းခြောက်မှုမပြုပေ။ သို့သော် လက်ထပ်ထိမ်းမြှားခြင်းသည် လက်ထပ်ထိမ်းမြှားခြင်းဖြစ်၏။ ဤသို့ မိန့်ဆိုခြင်းသည် လိင်

စိတ်ခံစားချက်ကွာဟသူများအား စီရင်ဆုံးဖြတ်လို၍လုံး၀မဟုတ်။ ၄င်းတို့သည် ကျွန်ုပ်တို့၏ညီအစ် ကိုမောင်နှမများဖြစ်ကြသည်။ ၄င်းတို့ကိုစွန့်ပယ်ထား၍မရပေ။ ရဟန်းမင်းကြီးသည် France’s PACS  ဥပဒေကိုလည်းကိုး ကားမိန့်ကြားသည်။ ထိုဥပဒေမှာ အသက်အရွယ်ပြည့်ပြီးသူများအနေဖြင့် မိမိတို့၏လိင်

စိတ်ခံယူချက်အတိုင်း ပေါင်းစည်း နေထိုင်နိုင်ကြောင်းခွင့်ပြုထားသော်လည်း ၄င်းတို့၏ပေါင်းစည်းခြင်းသည် လက်ထပ်ထိမ်းမြှားခြင်း စက္ကရာမင်တူးမဟုတ် ပေ။ အားလုံးကိုလေးစားပါသည်။ သို့သော် အမိသာသနာတော်ကြီးအား ဘုရားသခင်၏သွန်သင်ချက်တရားကို ငြင်းပယ် အောင်မဖန်တီးကြပါနှင့်။ လိင်

တူခံစားချက်ရှိသူများစွာလည်း အပြစ်ဖြေလျှောက်သည့်စက္ကရာမင်တူးကိုခံယူသည်။ ထိုသို့ ခံယူပြီး၊ ရဟန်းတော်၏၀ိညာဉ်ရေးလမ်းညွှန်မှုကိုလည်းခံယူကြသူများစွာရှိသည်။ အမိသာသနာတော်ကြီးသည်လည်း ၄င်းတို့၏ အတွင်းပိုင်းရုန်းကန်မူကိုအောင်မြင်ကျော်လွှားနိုင်ရန်ကူညီပေးလျှက်ရှိသည်ဟုဖြေကြားခဲ့သည်။               

ဘာသာပြန် - ဖာသာရ်ကလေးမင့်အားတယ်

https://bit.ly/3hWZ3aL

Add new comment

5 + 5 =