နော်ဘာတင်းရသေ့များ၏ စိန့်မိုက်ကယ်ရသေ့ကျောင်း နှစ် (၉၀၀) ပြည့် နှစ်ပတ်လည်ပွဲ  

နော်ဘာတင်းရသေ့များ၏ စိန့်မိုက်ကယ်ရသေ့ကျောင်း နှစ် (၉၀၀) ပြည့် နှစ်ပတ်လည်ပွဲ  

စိန့်မိုက်ကယ်ရသေ့ကျောင်းဝင်းအတွင်းရှိ နော်ဘာတင်းရသေ့များသည် ၄င်းတို့၏အသင်း တည်ထောင် ခြင်းနှစ် (၉၀၀) ပြည့်နှစ်ပတ်လည်အခမ်းအနားကို ယခုနှစ် (၂၀၂၁) ခုနှစ်တွင် ကျင်းပနေကြပါသည်။ 

ထိုနှစ်ပတ်လည်ပွဲ အထိမ်းအမှတ်အနေဖြင့် ထိုအသင်းမှ ရဟန်းဘုန်းတော်ကြီးများနှင့် ရဟန်းလောင်း ကိုရင်များတို့သည် သူတို့၏ထိမိလှသောသက်သေခံချက်များ ကို မီးမောင်းထိုးပြသည့် ဇာတ်လမ်းတိုလေးတစ်ခုကို ထုတ်လွှင့်ပြသခဲ့သည်။  ထိုဇာတ်လမ်းတိုသည် ကောင်းကင်ဘုံသို့ ပင့်ဆောင် ခြင်းခံရသော မယ်တော်သခင်မ ဘုရားကျောင်းကို ဆက်ကပ်အပ်နှံထားသည့် ဒေါ်လာသန်း ၁၂၀ တန် ကျောင်ဆောင်အသစ်ကို ရည်စူးသည်။

“ကမ္ဘာပေါ်မှာ သူတော်စင်ဘဝကိုစိတ်၀င်စားပြီး၊ သူတော်စင်ဘ၀ကိုခံယူလိုချင်စိတ်ပြင်းပြတဲ့လူငယ် အများကြီးရှိ့နေ ရာတွေကိုကျွန်တော်မရောက်ဖူးသေးဘူး။ ကျွန်တော်လည်း ဒီဘ၀ကိုသိပ်စိတ်မ၀င်စားခဲ့တဲ့သူတွေ ထဲကတစ်ယောက်ပါ။ ကျွန် တော့်မှာ လောကမှာရှိတဲ့ ကြီးမြတ်တဲ့အရာတွေများစွာရှိတယ်။ ကျွန်တော်ဟာဂုဏ် သိက္ခာ ရှိတဲ့ပညာတော်သင်ဆုလည်းရခဲ့ တယ်။ ပြီးတော့ကျွန်တော်လိုအပ်တဲ့ငွေကြေးလည်း လုံလုံလောက် လောက် ရှိခဲ့တယ်။ ကျွန်တော့်မှာ အပြောကျယ်ပြီး အရမ်း တောက်ပတဲ့ အနာဂတ်လည်း ရှိခဲ့တယ်။ ဒါပေမဲ့ စိန်မိုက်ကယ် ရသေ့ကျောင်းတိုက်ရဲ့ ညီလာခံပွဲမှာ ကျွန်တော်တွေ့ခဲ့တဲ့ အရာ တွေ အားလုံးဟာ ကျွန်တော့်ကို အံ့အားသင့်စေခဲ့တယ်။”

စိန်မိုက်ကယ်ကျောင်းတိုက်တွင် နေထိုင်သော ရဟန်းလောင်းကျောင်းသားတစ်ဦး၏ သက်သေခံချက်ကို ဇာတ်လမ်း တိုအဖြစ်တင်ဆက်ထားခြင်းဖြစ်လာသည်။ စိန်မိုက်ကယ်ကျောင်းဝင်း၏ ရင်သပ်ရှုမောဖွယ် ရိုက်ချက် များသည် ရဟန်းလောင်း ကျောင်းသားကိုရင်များ၏ နေ့စဉ်လူမှုဘဝ သက်သေခံချက် အမြင်များနှင့် ပေါင်းစပ်ထား သည်။ အတူတကွယှဉ်တွဲနေထိုင်ကြ ခြင်းဖြင့် အားရကျေနပ်စရာကောင်းသော ခံစားချက်များရရှိသော စိတ်အား ထက်သန်သော ရဟန်းလောင်းကိုရင်များ၏ ပျော်ရွှင်ဝမ်းမြောက်ဖွယ်ရာ သက်သေခံချက်များဖြင့် လျှပ်တစ်ပြက် ရိုက်ချက်ကို ပို၍ ထင်ဟပ်စေသည်။

ရဟန်းလောင်းကိုရင်များ

            ထို ဇာတ်လမ်းတိုလေးသည် လူငယ်များအတူအကွ ဆုတောင်းခြင်း၊ ပန်းချီများ ရေးဆွဲခြင်း နှင့် ဓမ္မတေး သံစုံ အတွက် လေ့ကျင့်ခြင်း စသော အခြား လုပ်ငန်းဆောင်တာများကို ရိုက်ကူးတင်ဆက်ထားသည်။ လူနေမှုပုံစံ သည် တင်းကျပ်သည်ဟု ထင်ရသော်လည်း မိမိ၏ယုံကြည်ခြင်းကို စဉ်ဆက်မပြတ် လက်တွေ့လုပ်ဆောင်နိုင်သော လူနေမှု ပုံစံတွင် ငြင်းဆန်ဖို့မဖြစ်နိုင်သော ဆွဲဆောင်မှုတစ်ခုရှိနေသည်။ 

ရဟန်းလောင်းကိုရင်တစ်ပါးက နိစ္စဒူဝ အကြောင်းကို နှစ်ထောင်းအားရစွာ ပြောဆိုသည်မှာ

“ဒီကျောင်းတိုက်ထဲမှာ သင်တို့ရဲ့ ညီအစ်ကိုများနှင့် အတူ နေထိုင်ကြတယ်။ ညီအစ်ကိုများနှင့်အတူ ဆုတောင်းကြတယ်။ ဒါတွေဟာ သင့်ရဲ့ နှလုံးသားအတွက်၊ စိတ်အတွက်၊ သင့်ရဲ့ ဝိညာဉ်ဘုရားသခင်ကို အာရုံပြုနိုင်ဖို့ရန်အတွက် ပုံမှန်လေ့ကျင့်ပျိုးထောင် ပေးနေခြင်းပဲဖြစ်ပါတယ်။ သင်တို့ နိုးထလာတယ်၊ ပြီးတော့ အများနှင့်အတူ ဆုတောင်းဝတ်ပြုကြတယ်။ အစာမစားမှီ အတူတကွ ဆုတောင်းကြတယ်။ အိပ်ရာမဝင်မှီလည်း အတူတကွ ဆုတောင်းကြတယ်။”

ထိုဇာတ်လမ်းတိုလေး၏ အထူးခြားဆုံး တင်ဆက်မှုတစ်ခုမှာ ရဟန်းလောင်းကိုရင်များသည် ပျော်ရွှင် ဝမ်းမြောက်စွာ နေထိုင်ကြခြင်းဖြစ်သည်။ သူတော်စင်ဘဝကို နေထိုင်ကျင့်ကြံရန်ဟူသော ရည်မှန်းချက်သည် လူငယ်များ အသင်းဂိုဏ်းဝင်၏ တစ်စိတ်တစ်ပိုင်း ဖြစ်လာရခြင်းပင်ဖြစ်သည်။ သူတို့သည် ရဟန်းဘဝသို့ တက် လှမ်းရာတွင် မတူညီသော သီးခြား အလုပ်တစ်ခုစီကို လေ့လာကြပြီး ပျော်ရွှင်ကျေနပ်စွာ လျှောက်လှမ်းကြသည်။ ရဟန်းလောင်းကျောင်းသား ဘဝသည် တောင်းဆိုချက်များသော်လည်း နေ့စဉ်လုပ်ငန်းတာဝန်များနှင့် စာပေလေ့ လာ ဆည်းပူးမှုများသည် ရဟန်းဘဝကို နေထိုင်နိုင်ရန် ရှေ့ပြေးပြင်ဆင်ပေးနေကြောင်း သူတို့ နားလည်ကြသည်။

ထိုသို့ ပျော်ရွှင်စွာ နေတတ်ခြင်းသည်  သူတို့ရဲ့ တူညီသော ပန်းတိုင်၏ လေးနက်တည်ကြည်မှုကြောင့်သာ ကွဲပြားသွားသည်။ ရဟန်းလောင်းကိုရင် တစ်ပါးသည် ဝတ်လုံသင်္ကန်း၏ လေးနက်မှုကို အထူးသဖြင့်ဂရုစိုက်သည်။ သိက္ခာတင်ပွဲ အခမ်းအနားတွင် ရဟန်းလောင်းကိုရင်သည် ဝမ်းလျားမှောက်ရင်း စိတ်ကူးပုံဖော်ပြောဆိုသည်မှာ… “ရဟန်းလောင်း တစ်ပါးက ကတိသစ္စာဆိုတဲ့အခါ၊ သူက စာပေစကားအရ သော်လည်းကောင်း လက်တွေ့အရ သော်လည်းကောင်း သူ့ဘဝကို သခင့်အတွက် ပေးအပ်နေတယ်။”

စိန်မိုက်ကယ် ရသေ့ကျောင်းတိုက်

စိန်မိုက်ကယ်ကျောင်းတိုက် ရှိ အဖွဲ့အစည်းလေးကို ၁၉၆၀ခုနှစ် အစောပိုင်းကာလများ၌ လူ ၇ ယောက်ပါသော အဖွဲ့အစည်းငယ်လေး တစ်ခုအဖြစ် စတင်တည်ထောင်ခဲ့သည်။ ယခုလက်ရှိ အသင်းဂိုဏ်းသည် ရဟန်းဘုန်းတော် ကြီး ၅၅ ပါးနှင့် ရဟန်းလောင်းကိုရင် ၃၁ ပါး အပြင် ဤဆောင်းတွင်း တွင် ဝင်လိုသူ ၁၀ ဦးဖြင့် တိုးပွားလျက် ရှိနေ သည်။ ယခုနှစ် ဆောင်းတွင်း တွင် စိန်မိုက်ကယ် ကျောင်းတိုက်တွင် ရာထူးအဆင့်အလိုက် စာချရဟန်းများနှင့် စာသင်သား ရဟန်းလောင်းကိုရင်များ ၉၁ ပါး ရှိလိမ့်မည်။

စိန်နော်ဘာတင်း အသင်းသည် လူဦးရေအကန့်အသတ်ဖြင့် ငယ်ရွယ်မှုကို ဦးစားပေးသော်လည်း အသင်း ဂိုဏ်း၏ ပျှမ်းမျှအသက်မှာ ၄၄ နှစ်ဖြစ်သည်။ စိန်မိုက်ကယ် ကျောင်းတိုက်သည် လူငယ်များကို အမြဲ ဂရုစိုက်သည်။ ၁၉၇၀ပြည့်နှစ်များမှ စ၍ ၂၀၁၉ ခုနှစ်အထိ ကျောင်းတိုက်သည် ယောက်ျားလေး ဘော်ဒါဆောင်ကို ဖွင့်လှစ်ခဲ့ကာ နှစ်စဉ် နွေရာသီ ဘုရားစကားသင်တန်းကို ကျင်းပပြုလုပ်ခဲ့သည်မှာ နှစ်ပေါင်း ၄၀ ကျော်ခဲ့ပြီဖြစ်သည်။  

ခန့်မှန်းခြေအားဖြင့် သူတို့သည် လူငယ် ယောက်ျားလေးဦးရေ တစ်သိန်းကို ယုံကြည်ခြင်းမျိုးစေ့ ချပေးနိုင်ခဲ့သည်။

စိန်နော်ဘာတင်း အသင်းဂိုဏ်း

စိန်နော်ဘာတင်း အသင်းကို (၁၁၂၁) ခုနှစ်တွင် ရဟန္တာအရှင်သူမြတ် စိန်နော်ဘာ့(ထ်) က တည် ထောင် ခဲ့ပြီး ကက်သလစ်သာသနာတော်၏ အသင်းဂိုဏ်းများစွာထဲမှ ရှေးကျသော အသင်းဂိုဏ်း တစ်ခုဖြစ်သည်။အောရိန့် ကောင်တီ(Orange County) နှင့် ကာလီဖိုးနီးယား (California) ပြည်နယ်များတွင် ၁၉၆၁ ခုနှစ်ကတည်း က ရှိနေသည်။ ကွန်မြူနစ် ဝါဒီမှ ရုန်းထွက်လာသော ဟန်ဂေရီလူမျိုး ရဟန်းဘုန်းတော်ကြီး (၇) ပါးတို့က အသင်း ဂိုဏ်း ငယ်လေးကို တည်ထောင်ခဲ့သည်။ ၂၀၀၅ ခုနှစ်တွင် ရဟန်းလောင်းကျောင်းသည် ဆေးဗာရားဒိုနယ် (Silverado) သို့ ရောက်ရှိပျံ့နှံ့သွားပြီး ၂၀၁၈ ခုနှစ်တွင် စိန်မိုက်ကယ် ကျောင်းတိုက်အသစ်ကို စတင်ဆောက်လုပ် နိုင်ခဲ့သည်။

https://bit.ly/3BINlYo

ဘာသာပြန်။ ။ကိုရင်နီကိုလပ်စ်နီကိုရှင်း (ကျိုင်းတုံသာသနာ) 

Add new comment

8 + 6 =