Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
စိတ်ပုတီးကိုမစိပ်ချင်သော်လည်း အဘယ်ကြောင့်ကျွန်ုပ်စိပ်နေရသနည်းဆိုသည့်အကြောင်းအရင်းကား
စိတ်ပုတီးကိုမစိပ်ချင်သော်လည်း အဘယ်ကြောင့်ကျွန်ုပ်စိပ်နေရသနည်းဆိုသည့်အကြောင်းအရင်းကား
စိတ်ပုတီးကိုကျွန်ုပ်မစိပ်ချင်သော်လည်း ကြိုးစား၍စိပ်ရခြင်းမှာ အောက်ပါအကြောင်းအကြောင့်ဖြစ်သည်။ မိသားစု၀င်များစု၍ပုတိးစိတ်ပါ။ မိသားစု၀င်များ ငြီးငြူသော်လည်းကြိုးစား၍စိတ်ပါ။ စိပ်ရအကျိုးနပ်ပါသည်။
‘ကဲကဲ ကလေးတို့၊ စိတ်ပုတီးစိပ်ကြရအောင်နော်’ ဟုအနောက်ခုံ၌ထိုင်နေသော ကလေးများအားနိုးဆော် လိုက်၏။ အဘယ်ကြောင့်ဆိုသော် ကျွန်တော်တို့အားလုံးသည် ကားစီးထွက်သောခရီးရှည်ကြီးကိုလိုက်ပါလာသည်မှာ အတန်ကြပြီဖြစ်သည်။ ကားစီးပြီးမိနစ် (၂၀) ကြာသွားတိုင်း သင့်တော်သောအချိန်၊ အခြေအနေကိုကြည့်၍ အတူတ ကွစိတ်ပုတီးစိပ်ရန်နိုးဆော်လေ့ရှိသည်။ သို့သော်ကလေးများသည် မစိပ်လိုကြ။ အချိုးမပြေ။ ပုံစံအမျိုးမျိုးလုပ် ပြ သည်။ စိတ်ပုတီးစိပ်မည့်အစား အေးအေးလူလူ ငြိမ်ငြိမ်စိမ်စိမ်ဖြင့် သီချင်းနားထောင်ခြင်း၊ စာများဖတ်လိုကြသည်။ သို့မဟုတ် ဘေးဖက်၀ဲယာမှရူခင်းများကိုငေးမောကြည့်ရူရသည်ကိုနှစ်ခြိုက်သည်။ ကလေးများအဘယ်သို့ခံစားရ မည်ကိုစာနာမိပါသည်။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်ကိုယ်တိုင်လည်း ကလေးဘ၀က ထိုသို့နေထိုင်လိုခဲ့သည်။
‘ကဲ သားတို့၊ သမီးတို့ဆုမတောင်းချင်ဘူးဆိုတာကိုနားလည်ပါတယ်။ အမေလည်း ငယ်ငယ်တုန်းက အဲလိုဘဲ ခံစားခဲ့ဖူးတယ်။ မေမေရဲ့အဖေနဲ့အမေက ခရီးရှည်ထွက်ပြီဆိုရင် ကလေးတွေကိုစိတ်ပုတီးစိပ်ဖို့အမြဲတိုက်တွန်း တယ်။ တစ်ခါမှစိတ်ဖို့စိတ်မ၀င်စားခဲ့ဘူး။ စိတ်ပုတီးစိပ်ပြီဆိုတာနဲ့အိပ်ချင်ယောင်ဆောင်နေခဲ့တယ်။ အဲလိုနဲ့စိတ်ပု တီးမစိတ်ဖြစ်ဘူးပေါ့’ ဟုချိုမြသောမျက်နှာထားဖြင့်သူတို့အားရှင်းပြလိုက်သည်။ ကျွန်မ၏ကလေးများက ကျွန်မအား ကြည့်၍ပြုံးစိစိလုပ်ပြနေကြသည်။ ထိုစဉ် တစ်ဦးက ‘ဒါဆိုရင် အမေကဘာဖြစ်လို့ကျွန်တော်တို့ကို ဆုတောင်းဖို့အ တင်းကြီးတိုက်တွန်းနေရတာလဲလို့။ ကျွန်တော်တို့မှဆုမတောင်းချင်တာ’ ဟုပြန်ပြောလာပါသည်။ ကလေးတွေပြော လာတာကိုပြန်ရှင်းပြဖို့ကျွန်မမှာ အဖြေအသင့်ရှိနေပါတယ်။ ‘သားတို့၊ သမီးတို့ကိုဆုတောင်းဖို့ဘာကြောင့်တိုက်တွန်း ရသလဲဆိုတော့ အမေငယ်ငယ်ကမသိခဲ့တဲ့ ဆုတောင်းခြင်းရဲ့တန်ဖိုး၊ အရေးပါပုံကိုအခုလူကြီးဖြစ်လာ တဲ့အခါသိလာ တယ်။ နားလည်လာတယ်။ အဲလိုဘဲ စိတ်ပုတီးစိပ်ခြင်းဟာ ဘယ်လောက်တန်ဖိုးရှိသလဲ၊ အရေးကြီးသလဲ၊ လိုအပ်သ လဲဆိုတာကို သားတို့၊ သမီးတို့အသက်အရွယ်ရလာတဲ့အခါနားလည်လာလိမ့်မယ်’ ဟုစိတ်ရှည်လက်ရှည်ပြန်လည် ဖြေကြားပေးခဲ့သည်။
စိတ်ပုတီးသည် လက်ဆောင်မွန်ဖြစ်သည်။
သင်တို့ဘ၀၌ တစ်နေ့နေ့ကြုံလာလိမ့်မည်။ ထိုနေ့ကား သင်တို့၏ကမ္ဘာကြီးသည် သင်တို့၏မျက်စိအောက် ၌ပင်ပျက်စီးယိုယွင်းနေကြောင်းကိုခံစားလာရမည်ဖြစ်သည်။ ထိုအခြေအနေမျိုးမဖြစ်ပွားစေရန် ကာကွယ်လိုကြောင်း သို့သော်မတတ်နိုင်ကြောင်း၊ အဘယ်ကြောင့်သင်တို့ဘ၀၌ ဤသို့ဖြစ်ရသည်ကိုလည်းမသိကြောင်း၊ သိသောအချက် တစ်ချက်ကား ေ၀ဒနာနှင့်၀မ်းနည်းကြေကွဲမူသည် အဘယ်သို့မျှရှောင်ကွင်းမရသောအမှန်တရားဖြစ်သည်။ တစ်နေ့ ထိုအခြေအနေမျိုးကိုသင်တို့ကိုယ်တိုင်လည်းကြုံတွေ့ရပေလိမ့်မည်။ ထိုအခြေအနေမျိုး သင်တို့ဘ၀၌ကြုံတွေ့လာ ချိန်တွင် ကျွန်ုပ်အနေနှင့်သင်တို့ကိုမကူညီနိုင်တော့သကဲ့သို့၊ အားပေးမူလည်းမပြုနိုင်တော့ပေ။ သို့သော် တစ်စုံတစ် ယောက်သည် သင်တို့အနီးအပါး၌ရှိနေပေလိမ့်မည်။ ထိုတစ်ဦးတစ်ယောက်သည် သင်တို့ကိုချစ်သောသူဖြစ်သည်။ သင်တို့အားချစ်သော ထိုတစ်ဦးတစ်ယောက်၏ချစ်ခြင်းသည် ကျွန်ုပ်ချစ်နိုင်သည်ထက်များစွာပိုပါသည်။ ထိုတစ်ဦး တစ်ယောက်ကား ကောင်းကင်မေမေဖြစ်သော အမိမယ်တော်ပင်ဖြစ်သည်။ သူ၏အကူအညီ၊ အရိပ်ခိုလှုံသောသူတို့ အား ငြင်းပယ်သည်ဟုမကြားစဖူးပေ။ ဤစိတ်ပုတီးသည် မယ်တော်၏ကူညီမူကိုအာမခံသော မြင်သာသိသာသော သည့်သကေတတစ်ခုလည်းဖြစ်သည်။
သင်တို့ဘ၀၌ ထိုနေ့မျိုးကျရောက်လာသောအခါ အလွန်ထိတ်လန့်တုန်လှုပ်ခံစားနေရသောကြောင့် ဆု တောင်းကိုလည်းသတိလက်လွတ်ဖြစ်သွားပေလိမ့်မည်။ သင်တို့၏အတွင်းစိတ်နှလုံးထဲ၌ နာကြင်ကြေကွဲမူဖြင့် ငို ကြွေးနေပေလိမ့်မည်။ သို့သော် စကားလုံးအဖြစ်ပြောဆိုရန်မှာ အစရှာမရဖြစ်နေပါလိမ့်မည်။ နာကြင်ခံစားမူသည် အလွန်ပြင်းထန်လှသောကြောင့် အသံမထွက်နိုင်ရှာ။ အဘယ်သို့ဆုတောင်းရမည်ကိုမသိဖြစ်နေချိန်၌ အနည်းဆုံးစိတ် ပုတီးလက်ဆောင်မွန်ရှိနေခြင်းသည်၊ သင်တို့ဘ-တစ်လျှောက်လုံးစိတ်လာခြင်း၊ ဆုတောင်းမေတ္တာများကိုလည်း အလွတ်ရနေခြင်းကြောင့်ဖြစ်သည်။ သင်တို့၏စကားလုံးများထွက်မလာနိုင်သောအခါ သမ္မာကျမ်းစာလာစကားလုံး များဖြင့်သီကုံးထားသော ကောင်းကင်ဘုံမေတ္တာ၊ ဂုဏ်ကျေးဇူးတော်မေတ္တာများသည် သင်တို့သတိရနေမည်ဖြစ် သည်။ ထို့ကြောင့် ဤဆုတောင်းခြင်းကို သင်တို့မကြိုက်မနှစ်သက်သောလည်း ဆုတောင်းရန် တိုက်တွန်းနေရခြင်း ဖြစ်သည်။ ဤသို့ပြောရခြင်းမှာ သင်တို့လိုအပ်သည့်အချိန်၌ အရံသင့်သင်တို့အထဲမှထွက်ကျလာစေရန် ရည်ရွယ်၍ ယခုတိုက်တွန်းနေရခြင်းဖြစ်သည်။
ကောင်းကင်လမ်းသို့ဖောက်လျှောက်သောခရီးလမ်း
ဘ၀၌ ထိုမှောင်အတိကျရောက်ချိန်၌ စိတ်ပုတီး၏ဆုတောင်းမေတ္တာသည် အနည်းဆုံးသင်၏ခံစားချက်ကို ပေါ့ပါးသွားစေနိုင်သောစကားလုံးများဖြစ်လာမည်။ ထိုအခါ စိတ်ပုတီးသည် သင်တို့အား ကောင်းကင်နိုင်ငံတော်သို့ ပို့ဆောင်ပေးမည့်ခရီးကိုဖောက်ထားပေးခြင်းဖြစ်သည်။ သင်တို့ဘ၀ကို မုန်တိုင်းတိုက်ခတ်၍ ရှေ့မတိုးသာ၊ နောက်မ ဆုတ်သာ ဖြစ်နေသောအခါ သင်သည်ထိုလှိုင်းကြား၌ နစ်မွန်းနေပြီဟုခံစားနေပေလိမ့်မည်။ ထိုအခါစိတ်ပုတီးကို ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားပါ။ စိတ်ပုတီးသည် သင့်အား မာန်ဖီဟိန်းဟောက်လှိုင်းထန်နေသောပင်လယ်ပြင် ကြီးမှ ကယ်တင်ပေးမည့်သဘေ်ာဆီသို့ ဆွဲခေါ်ပေးမည့်ကြိုးတစ်စဖြစ်လာလိမ့်မည်။ ဤလက်ဆောင်မွန်ကိုသင်တို့ အားပေးချင်၍ဖြစ်သည်။ ဘ၀မုန်တိုင်းမှလွှတ်မြောက်နိုင်ရန် ဤအသက်ကိုကာကွယ်ပေးသောလက်နက်ကိုသင်တို့ အားပေးထားချင်သည်ဟုရှင်းပြခဲ့သည်။
စိတ်ပုတီးသည် ကမ္ဘာကြီးနှင့်ကောင်းကင်ကိုတွယ်တန်းပေးသောလမ်းဖြစ်သည်။ ဤချိပ် ဆက်မူသည် သူတို့ ၏ဘ၀တစ်လျှောက်လုံး၌ ကျစ်ကျစ်ပါအောင်ဆွဲကိုင်ထားမည်ဟုယုံကြည်ပါသည်။ ကျွန်မ၏ကလေးများအား ဤအ ကြောင်းများကို စိတ်ရှည်လက်ရှည်ရှင်းပြလိုက်သောအခါ စိတ်ပုတီးမစိပ်လိုဟုငြီးပြနေသောအသံတိတ်သွားပါတော့ သည်။ ငြူစူနေသောအပိုးများရွှင်ပြုံးလာကြသည်။ စိတ်ပုတီးစိပ်ပြီးသောအခါ ၄င်းတို့စိတ်ကြိုက်သီချင်းများ၊ စာများ ဖတ်နိုင်သည်ဟုလည်းကတိပေးလိုက်သည်။ ‘အခုစိတ်ပုတီးကိုအတင်းအကြပ်ကြီးစိတ်ခိုင်းနေတဲ့ အမေ့ကိုသားတို့သ မီးတို့တစ်နေ့ ကျေးဇူးတင်မိနေလိမ့်မယ်’ ဟုလည်းပြောပြခဲ့သည်။ ‘အမေက ဒါတွေကိုဘယ်လိုလုပ်ပြီး ကြိုသိနိုင်တာ လဲ’ ဟုတစ်ယောက်က သံသယဖြင့်မေးလာပါသည်။ ‘ဘာကြောင့်လဲဆိုတော့သားတို့၊ သမီးတို့ရဲ့ဖိုးဖိုးဖွားဖွား၊ အမေ့ ရဲ့မိဘနှစ်ပါးက အဲလိုလုပ်ပေးခဲ့တဲ့ကိုယ်တွေ့အတွေ့အကြုံရှိလို့ပြောနိုင်တာပါ။ အဲဒီတုန်းကစိတ်ပုတီးမစိပ်ချင်တာ ကိုအတင်းကြီးစိတ်ခဲ့ရတယ်။ ဟောခုတော့ သူတို့ကိုနေ့တိုင်းကျေးဇူးတင်နေရတယ်။ သားတို့၊ သမီးတို့လည်းဒီလိုဘဲ ခံစားလာရလိမ့်မယ်ဆိုတာအမေသေချာပေါက်ပြောနိုင်တယ်’ ဟုပရောဖက်ဉာဏ်ဖြင့်ကြိုတင်ဟောပေးခဲ့သည်။ ထို့ ကြောင့်ကျွန်မအနေဖြင့် နေ့စဉ်စိတ်ပုတီးစိပ်ရခြင်းကို တစ်ခါတစ်ရံအလုပ်များပြီး၊ ပင်ပန်း၍မစိပ်ချင်သော်လည်းမ ပျက်မကွက် ကြိုးစား၍ပြီးအောင်စိပ်မြဲစိပ်နေပါသည်။
Ref: Aleteia.org
ဘာသာပြန် - ဖာသာရ်ကလေးမင့်အားတယ်
Add new comment