Burkina Faso ရှိခရစ်ယာန်များ ငြိမ်းချမ်းရေးအတွက်ဆက်လက်မျှော်လင့်ကြဆဲ

Burkina Faso ရှိခရစ်ယာန်များ ငြိမ်းချမ်းရေးအတွက်ဆက်လက်မျှော်လင့်ကြဆဲ

ဖာသာရ် Antoine Tiabondou သည် ရဟန်းသိက္ခာထပ်ပြီးနောက် သူ၏ပထမ (၆) နှစ်ရဟန်းဘ၀ကို Burkina Faso ရှိ Fada N'Gourma သာသနာဆက်ကပ်အမူတော်ထမ်းခဲ့သည်။ သူအမူတော်ထမ်းနေအချိန်၌ ဒေသသည်အလွန်ငြိမ်းချမ်းအေး ဆေးပြီး၊ သက်၀င်ယုံကြည်မူမတူညီသော ပြည်သူများလည်းအတူယှဉ်တွဲနေထိုင်ခဲ့ကြသည်။ (၂၀၁၅) ခုနှစ်မှစ၍ ထိုတည်ငြိမ် အေးချမ်းသောအခြေအနေသည် ရုတ်ချည်းပြောင်းလဲသွားခဲ့ပြီး၊ အစွန်းရောက်အဖွဲ့တို့၏အကြမ်းဖက်လုပ်ရပ်များ မရပ်မနားဘဲ ခရစ်ယာန် များကိုပစ်မှတ်ထားတိုက်ခိုက်လာကြသည်။ နိုင်ငံ၏ပြယုဂ်ကိုလုံး၀ပြောင်းလဲသွားစေခဲ့သည်။ (၂၀၁၈) ၌လည်း ဖာ သာရ်ကိုယ်တိုင် ၏ဇာတိသာသနာတွင် ဘုရားကျောင်းတစ်ဆောင်ဖျက်ဆီးခံလိုက်ရသည်။ (၂၀၁၉၊ ဖေဖော်၀ါရီ) ၌လည်း သာ သနာပြုစပိန်လူမျိုး သာသနာပြုဘုန်းတော်ကြီးတစ်ပါး သတ်ဖျက်ခံခဲ့ရသည်။ အဆိုပါဘုန်းတော်ကြီးသတ်ဖျက်ခံရချိန်၌ ကက် သလစ်ဘာသာတူ (၅) ဦးလည်းပါသွားခဲ့သည်။ ထိုအဖြစ်ကို မွတ်စလင်အသင်းအဖွဲ့များ၊ ပရိုတက်စတန်များလည်း ထပ်တူ၀မ်း နည်းကြောင်းထုတ်ဖော်ခဲ့ကြသည်။

ယခုအခါ ခရစ်ယာန်တို့၏ဘ၀သည် မလုံခြုံတော့ပေ။ ခံစားချက်များဖြင့်နာကျင်နေကြရသည်။ ကွပ်ပျစ်၌ထိုင်၍ စိတ်ပြေလက်ပျောက် ရေနွေးကြမ်းများသောက်၍နေခွင့်မရတော့ပေ။ အသက်ကိုဖက်နှင့်ထုပ်ထားရသောအခြေအနေဖြစ်နေသည်။ ဤသို့သောအခြေအနေဆိုးမျိုး၌ ခရစ်ယာန်များသည် မိမိတို့၏ယုံကြည်ခြင်းကိုရှင်သန်သက်သေခံရန် စိန်ခေါ်ခံနေရသည်။ သာသ နာအနေဖြင့် မိမိတို့၏ယုံကြည်ခြင်းကို ယခုကဲ့သို့ဆိုး၀ါးသောအခြေအနေနှင့်ကြုံနေရသော်လည်း မပျက်မကွက်၊ မစွန့်လွှတ်ဘဲ ရှင်သန်သက်သေခံလျှက်ရှိပါသည်။ သာသနာတော်ကြီးသည် အစားအစာများနှင့်အခြားအခြေခံလိုအပ်သောပစ္စည်းများကိုအတတ်နိုင်ဆုံး‌ဝေငှပေးလျှက်ရှိသည်။

အကြမ်းဖက်ခံရသောသူများမှာ ခရစ်ယာန်များသာမဟုတ်။ အစ်စလာမ်များလည်းသတ်ဖျက်ခံနေရသည်။ အစ်စလာမ် များလည်း ဆုတောင်း၀တ်ပြုနေစဉ် တိုက်ခိုက်သတ်ဖျက်ခံနေကြရသည်။ ထို့ကြောင့်ခရစ်ယာန်များသာ နှိပ်စက်ခံနေရသည် မဟုတ်။ ဖာသာရ် Antoine ၏မိခင်သာသနာမှ ဘုန်းတော်ကြီးတစ်ပါးသည် (၂၀၁၉) ကတည်းပြန်ပေးဆွဲခံခဲ့ရပြီး၊ ယခုတိုင် ပျောက်ဆုံးနေသည်။ လွန်ခဲ့သော (၂) လ က ကက်သလစ်ဘာသာတူများ တနင်္ဂနွေနေ့မစ္ဆာတရားပူဇော်နေချိန်က တိုက်ခိုက်ခံခဲ့ ရသည့်အဖြစ်ကိုလည်းအမှတ်ရလျှက်ရှိသည်။ ဤအခြေအနေသည် သက်၀င်ယုံကြည်မူမတူသော အခြေခံပြည်သူတို့ကိုစိတ်၀မ်းကွဲစေခြင်းမဟုတ်ဘဲ ပိုမို၍သွေးစည်းသွားစေသည်။ ဤဒုက္ခအခက်ခဲများကြားမှ ပြည်သူတို့၏စည်းလုံးခြင်းအင်အားကိုမြင်တွေ့ရကြောင်း၊ ဤအင်အားဖြင့် Burkina Faso တွင်ငြိမ်းချမ်းသောအနာဂါတ်ကိုတည်ဆောက်ရန်မျှော်လင့်နေကြကြောင်း ဖာသာရ် Antoine ကပြောကြားခဲ့သည်။
Ref: Rome Reports
ဘာသာပြန် - ဖာသာရ်ကလေးမင့်အားတယ်
#rvamyanmar #rvapastoralcare #RVANews

Add new comment

10 + 2 =