အာဖဂန်နစ္စတန်နိုင်ငံအား ဖာတီမာမယ်တော်ထံ အပ်နှံပူဇော်ထားသည်ကိုသင်သိပါသလော။

အာဖဂန်နစ္စတန်နိုင်ငံအား ဖာတီမာမယ်တော်ထံ အပ်နှံပူဇော်ထားသည်ကိုသင်သိပါသလော။

အာဖဂန်နစ္စတန်နိုင်ငံအား ဖာတီမာမယ်တော်ထံ အပ်နှံပူဇော်ထားသည်ကိုသင်သိပါသလော။

အာဖဂန်နစ္စတန်နိုင်ငံသည် မွတ်စလင်အများဆုံးသက်၀င်ယုံကြည်သောနိုင်ငံဖြစ်သည်။ သို့သော် (၂၀၁၇) ခုနှစ်က နိုင်ငံအတွင်း၌ ခရစ်ယာန်ဟူ၍ ကက်သလစ်သာသနာတစ်ခုတည်းသာရှိသော်လည်း အာဖဂန်နစ္စတန်နိုင်ငံကို ‘ဖာတီမာမယ် တော်’ ဟုဘွဲ့ပေးခဲ့သည်။ အဘယ်ကြောင့်ဆိုသော် နိုင်ငံ၏အခြေအနေသည် ဆုတ်ယုန်ဆိုး၀ါးလာနေသောကြောင့်ဖြစ်သည်။ အမှန်ဆိုရသော ဒေသခံကက်သလစ်ဘာသာ၀င်ဟူ၍ တစ်ဦးတစ်ယောက်မျှမရှိခဲ့သော်လည်း (၁၉၉၃) ခုနှစ်၌ အီတလီသံရုံ၀င်း အတွင်း၌ ဘုရားကျောင်းတစ်ဆောင်ကိုဆောက်လုပ်ခဲ့သည်။ ဤဘုရားကျောင်းသည် အာဖဂန်နစ္စတန်၌ရောက်ရှိနေသော ကက်သလစ်ဘာသာတူများအတွက် မိမိတို့၏ဘာသာရေး၀တ္တရားများဖြည့်ဆည်းနိုင်ရန်ရည်ရွယ်ဆောက်လုပ်ထားသည်။ ထို့ အတူနိုင်ငံ၏ငြိမ်းချမ်းရေးအတွက်ကိုလည်း စဉ်ဆက်မပြတ်ဆုတောင်းခဲ့ကြသည်။

(၂၀၁၇) ၌ မြို့တော်ကာဘုးလ်ရှိ ‘မြှော်မြင်ခြင်း၏မယ်တော်’ ဘုရားကျောင်းဆောင်ငယ်၏ ၀ိညာဉ်ရေးတာ၀န်ခံဖာ သာရ် Giovanni Scalese ကဦးဆောင်၍ အာဖဂန်နစ္စတန်တစ်နိုင်ငံလုံး၏ငြိမ်းချမ်းရေးကိုရှေ့ရူ၍ ‘ဖာတီမာမယ်တော်နှင့် အလွန်စင်ကြယ်သောမယ်တော်၏နှလုံးတော်’ ၏ မှိုင်းမမူကိုခံယူရန် ဆုတောင်းခြင်းအခမ်းအနားဖြင့်ကျင်းပကာ ပူဇော်အပ်နှံခဲ့ သည်။ ၀ိညာဉ်ရေးတာ၀န်ခံဖာသာရ်သည် ၌သို့ပြုလုပ်ရခြင်း၏ရည်ရွယ်မှာ နိုင်ငံ၏အခြေအနေသည် တစ်စတစ်စဆိုး၀ါးလာ နေသည်။ ဤအခြေအနေကိုဘာသာရေးယုံကြည်ချက်ဖြင့် တစ်စုံတစ်ခုပြုလုပ်ရန်အလင်းရလာခဲ့သည်။ ထို့ကြောင့် အားလုံးစုံ ကိုတတ်နိုင်သောဘုရားသခင်ထံတိုက်တည်ရန် အလင်းရခဲ့သည်။ ထိုနှစ်သည်လည်း ဖာတီမာ၌မယ်တော်ကိုယ်ထင်ရှားပြခဲ့ သည်မှာ နှစ် (၁၀၀) ပြည့် ဂျူဗလီနှစ်ပတ်လည်နှစ်နှင့်လည်းတိုက်ဆိုင်နေသည်။ ထိုနှစ်ပတ်လည်နေ့ကိုပြန်လည်အမှတ်ရသော အားဖြင့် နိုင်ငံကိုအမိမယ်တော်အားအပ်နှံပူဇော်ခဲ့ခြင်းဖြစ်သည်။

အာဖဂန်နစ္စတန်၌ စစ်ရေးအရအရေးနိမ့်နေသောသောကြောင့် ဆုတောင်းခြင်းဖြင့်သာလျှင် စစ်ဒီရေကိုငြိမ်းသတ် ဟန့်တားနိုင်မည်ဟုအမှန်တကယ်ယုံကြည်သည်။ အဘယ်ကြောင့်ဆိုသော် ရုရှားဆိုဗီယက်ပြိုကွဲရန်အတွက် အမိမယ်တော် အားအပ်နှံပူဇော်၍ဆုတောင်းခဲ့ကြရာ နှစ်များမကြာမီ ဘာလင်တံတိုင်းကြီးမပြိုလဲမည့် နှစ်အနည်းငယ်စော၍ အင်အားကြီးလှ သည်ထင်ခဲ့ရသော ဆိုဗီယက်ရှရှားသည်အစိတ်စိတ်အမွှာမွှာပြိုလဲကျဆုံးခဲ့ရသည်။ ဆုတောင်းခြင်းသည် ကွန်မြူနစ်စနစ်ကို ပင်ပြိုကျအဆုံးသတ်နိုင်စေပါလျင် အာဖဂန်နစ္စတန်နိုင်ငံအားလည်း မယ်တော့်ထံအပ်နှံခြင်းဖြင့် ငြိမ်းချမ်းရေးကိုမရနိုင်ဟုအဘယ် သူမျှမဆိုနိုင်ပေ။ ထို့ကြောင့်အပ်နှံပူဇော်ထားခဲ့သည်။ ဖာတီမာ၌မယ်တော်ထင်ရှားပြစဉ်က ‘အပ်နှံပူဇော်ခြင်း’ သည်ငြိမ်းချမ်း ရေးကိုရယူပေးသည်။ ရုရှားနိုင်ငံ၏ပြောင်းလဲခြင်းအတွက် ငါ၏အလွန်စင်ကြယ်တော်မူသောနှလုံးတော်ကိုအပ်နှံပူဇော်ခြင်း၊ စုံ လင်သောနာကျင်ခြင်းစွဲ၍ လ၏ပထမ စနေနေ့၌ကိုယ်တော်မြတ်ပင့်ကြလော။ ငါ၏ပန်ကြားချက်ကိုဖြည့်ဆည်းလျှင် ရုရှားနိုင်ငံ သည်အမှန်တကယ်ပြောင်းလဲမည်။ ငြိမ်းချမ်းရေးရလိမ့်မည်’ ဟုမယ်တော်ထင်ရှားပြခြင်းကိုဖူးခဲ့ရသော ‘သိုးထိန်းက လေး (၃) ဦး’ အားမယ်တော်ရှင်းပြခဲ့သည်။ ထို့အတူ ‘ဖာတီမာမယ်တော်’ ကခရစ်ယာန်ဘာသာ၀င်အားလုံးကိုလည်း ‘စိတ်ပုတီးစိပ်ရန်’ တိုက်တွန်းထားသည်။ ဤသို့ဆုတောင်းခြင်းနှင့်အတူ အမိမယ်တော်သည် ကမ္ဘာကြီးအား လိုက်လံဖျက်ဆီးနေသော မိစ္ဆာတို့၏ ရန်မှဧကန်အောင်နိုင်ရမည်ဟုရှင်းပြခဲ့သည်။
Ref:Aleteia.org
ဘာသာပြန်- ဖာသာရ်ကလေးမင့်အားတယ်
#rvamyanmar #rvapastoralcare #RVANews

Add new comment

9 + 6 =