ရဟန်းမင်းကြီးဖရန်စစ်က လာတင်းအမေရိကားမှသူတော်စင်များအား ‘ပျော်ရွှင်စွာသောသက်သေခံများ’ ဖြစ်ကြရန်တိုက်တွန်း

ရဟန်းမင်းကြီးဖရန်စစ်က လာတင်းအမေရိကားမှသူတော်စင်များအား ‘ပျော်ရွှင်စွာသောသက်သေခံများ’ ဖြစ်ကြရန်တိုက်တွန်း

ရဟန်းမင်းကြီးဖရန်စစ်က လာတင်းအမေရိကားမှသူတော်စင်များအား
‘ပျော်ရွှင်စွာသောသက်သေခံများ’ ဖြစ်ကြရန်တိုက်တွန်း
*********************************

လာတင်းအမေရိကားနှင့်ကာရီဘီယံဒေသမှသုံးပါးသစ္စာရှင်သူတော်စင်များ၏ (၃) ရက်တာ ‘အွန်လိုင်းကွန်ဂရက်စ်’ ကိုပြီးခဲ့သည့်သောကြာနေ့က အဆုံးသတ်လိုက်ကြသည်။ ဤကွန်ဂရက်စ်ကို လာတင်းအမေရိကား၏
သူတော်စင်အဖွဲ့ချုပ်မှ စီစဉ်ခြင်းဖြစ်သည်။ ဤဆွေးနွေးပွဲ၌ ‘နိုင်ငံတကာအဖွဲ့အစည်း၊ နိုင်ငံတကာယဉ်ကျေးမှုနှင့်သူတော်စင်တို့၏အသက်တာဆီသို့’ ဟူသည့်အချက်ကိုအဓိကထားဆွေးနွေးခဲ့ကြသည်။

ယဉ်ကျေးမူပြုနှင့်ဧ၀ဂေလိတရားတော်

ဤဆွေးနွေးခြင်းအစီအစဉ်၏ အစ၌ ရဟန်းမင်းကြီးဖရန်စစ်သည် ဗွီဒီယိုဖြင့်အမှာစကားပေးပို့မိန့်ကြားခဲ့သည်။ သူ၏ အမှာစကား၌ ဧ၀ံဂေလိတရားတော်ကိုဒေသခံတို့၏ယဉ်ကျေးမှုများ၌အခြေခံ၍အမှုပြုရန်နှင့်ရွှင်ပြလန်းဆန်းသောသွင်ပြင်ကို
လည်းဖော်ပြရန်အရေးကြီးသည့်အကြောင်းကိုထည့်သွင်းမိန့်ကြားခဲ့သည်။ ‘ယဉ်ကျေးမှုကိုအမှုပြုခြင်း’ ဟုဆိုရာ၌ အခါအား လျှော်စွာသာသနာပြုဒေသရှိယဉ်ကျေးမှုကို ခရစ်ယာန်တို့၏ယုံကြည်ခြင်းနှင့်သဟဇာတဖြစ်အောင်ပြုပြင်ခြင်းကိုဆိုလိုသည်။

သူတော်စင်များသည် ယုံကြည်ခြင်းကို မိမိတို့သာသနာပြုနေသောနယ်များရှိလူမျိုးစု၏ယဉ်ကျေးမူကိုအခြေပြုကြေညာတတ်ရန်လိုသည်။ စည်းလုံးညီညွှတ်ခြင်းသည် တစ်ထပ်တည်းကျနေရမည်ကိုမဆိုလိုသည်ကိုလည်းကောင်းစွာသိရှိနား
လည်ထားပါကအလွန်ကောင်းမည်။ စည်းလုံးခြင်းသည် မတူညီသောအခြေအ နေအကြောင်းများကိုသဟဇာတဖြစ်အောင်ညှိ နှိုင်းနေထိုင်ခြင်းဖြစ်သည်။ ထိုအခြေအနေမျိုး၌ သဟဇတဖြစ်အောင်ထိန်းကျောင်းလမ်းညွှန်ပေးသောပဲ့ကိုင်ရှင်မှာ သန့်ရှင်းသော ၀ိညာဉ်တော်ဖြစ်သည်။

ဧ၀ံဂေလိဟောကြားခြင်းယဉ်ကျေးမှု

အမျိုးသား၊ အမျိုးသမီးသူတော် စင်များသည် မိမိတို့သာသနာပြုသောနယ်မြေဒေသ၏အခြေအနေပေါ်မူတည် ၍ သာသနာပြုခြင်းဖြင့် သီအို​ေလာ်ဂျီကိုလည်း အားပေးအားမြှောက်ရာလည်းရောက်ကြောင်းနှင့်ဧ၀ံဂေလိတရားဟောကြားရန် သယ်ဆောင်ပို့သောယာဉ်ဖြစ်သည်။ ယဉ်ကျေးမှုကိုအပေါ်အခြေမခံသောယုံကြည်မှုသည် မစစ်မှန်ပေ။ ဆိုလိုသည်မှာ ဘာသာ တူတို့၏ဘ၀ထဲသို့ ၄င်းတို့၏ယုံကြည်မှုမှစ၀င်ရသည်။ ၄င်းတို့၏ယဉ်ကျေးမှု၊ အလေ့အထ၊
ထုံးတမ်းများကိုလေးစားရင်းဧ၀ံဂေလိတရားကိုဟောကြားရသည်။

ဒေသခံတို့၏ယဉ်ကျေးမှုကိုလေးစား၍

ခရစ်တော်၏တရားတော်နှင့်သဟဇာတ ဖြစ်နိုင်အောင်ပြု ခြင်းမရှိပါက ယခင်လက်ဦးခရစ်ယာန်တို့ကြားလွန်ဆွဲခဲ့ကြရသော ‘အသိဉာဏ်ကိုသာအခြေခံသောလမ်းစဉ်’ (Gnostic) ၏အယူအဆကဲ့သို့ဖြစ်နေမည်။ ထိရောက်မူမရှိဖြစ်နေမည်။
အမိသာသနာတော်ကြီး၏ ၀တ်ပြုခြင်းဆိုင်ရာ၀ိနည်းကိုအခြေအနေ အရဒေသ၏အခြေအနေနှင့်သဟဇာတဖြစ်အောင်မပြုဘဲ စာအုပ်ကြီးအတိုင်သာလိုက်နာသည့်အလွှဲကိုထောက်ပြခဲ့သည်။ ထို့ ကြောင့် ယုံကြည်ခြင်းကိုယဉ်ကျေးမူပေါ်အခြေခံရန်နှင့်ယဉ်ကျေးမှုကိုဟောပြောကြေညာရမည်။

အတိတ်ကိုတမ်းတနေခြင်းမှရုန်းထွက်စို့။

သူတော်စင်တို့၏အသက်တာ အသင်းအဖွဲ့နှင့်နေထိုင်တတ်ရန်သင်ကြားပေးသည်။ ဤသို့အစုအဖွဲ့နှင့်နေထိုင်တတ်ခြင်းသည် ညီအစ်ကိုမောင်နှစိတ်ဓာတ်ကိုပျိုးထောင်ပေးသောလမ်းကြောင်းဖြစ်သည်။ သို့သော် အခါအားလျှော်စွာ အသင်းသူ၊ အသင်းသားဦးရေ တိုးရေးကိုသာအသားပေးလွန်းပြီး၊ အသင်းအဖွဲ့နှင့်နေထိုင်တတ်သောစိတ်ဓာတ်ကိုမှုပျိုးထောင်ရန်အားနည်း သည်။ အသင်းဆက်လက်ရပ်တည်နိုင်ရေးကိုသာအဓိကထားနေကြသည်။ ထို့ကြောင့် ဦးရေနှင့်အရည်အချင်းများကိုအသားပေးလွန်းချင်းအတွေးအခေါ်များကိုပယ်သင့်သည်။ သို့မဟုတ်လျှင် သူတော်စင်များအား ကြောက်အားပိုနေသောတပည့်တော်ကြီး များပမာ ဘာမှမသိ၊ မတတ်ဟုအတွေး၀င်သွားစေနိုင်သည်။ အတိတ်၏လျှောက်လမ်းမှရုန်းမထွက်နိုင်ဘဲရှိနေပေဦးမည်။ အတိတ်ကိုတမ်းတနေခြင်းသည် သူတော်စင်ဘ၀အတွက် အခြေခံကျသော သတိပေးခေါင်းလောင်းပင်ဖြစ်သည်။

ခရစ္စတူးသခင်၌ပျော်တတ်ပါ။

လာတင်းအမေရိကားနှင့်ကာရီဘီယံဒေသမှ အမျိုးသား၊ အမျိုးသမီးသုံးပါး သစ္စာရှင်သူတော်စင်များအား ထိုအတိတ်ကို တမ်းတသောရောဂါအားကုစားရန်ဆေးတစ်မျိုးကိုရဟန်းမင်းကြီးကပေးလိုက်၏။ ထိုဆေးကား ‘ပျော်ရွှင်ခြင်း’ ဖြစ်သည်။ ‘ဘုရားသခင်၏သန့်ရှင်းသောလူမျိုးတော်နှင့်အတူနေပါ။ လေးစားပါ။ ဧ၀ံဂေလိတရားကို‌ဟောပြောပါ။ အသက်တာဖြင့်သက်သေခံပါ။ ကျန်သောအခြေအနေများအားလုံးကို သန့်ရှင်းသော၀ိညာဉ်တော်၏လမ်းညွှန်မူကိုသာခံယူပါ။ ‘ပျော်ရွှင်ခြင်း’ သည်
ယေဇူး သခင်၌ရှိနေသောအသက်တာဖြစ်ကြောင်း အကြီးမားဆုံးဖော်ပြချက်ဖြစ်သည်။ ပျော်ရွှင်ခြင်းသည် ၄င်းတို့၏အစေကိုခံရန်နှင့် မိတ်ဆွေအဖြစ် လျှောက်လှမ်းရန်အတွက် ခေါ်တော်မူခြင်းခံရသော ဘုရားသခင်၏သန့်ရှင်းသောလူမျိုးတော်ကို ခမည်းတော် ထံပို့ဆောင်သောလမ်းခရီး၌ ကျွန်ုပ်တို့ပေးနိုင်သောအကြီးမားဆုံးသောအရာဖြစ်သည်။

နောက်နောက်ပြောင်ပြောင်လည်းနေတတ်ပါ။

ငြိမ်းချမ်းခြင်းနှင့်နောက်နောက်ပြောင်ပြောင်နေတတ်ခြင်းသည် ပျော်ရွှင်ခြင်းကိုတွန်းပို့သောကျေးဇူးတော်များဖြစ် သည်။ ယေဇူးသခင်နှင့် ရှိနေခြင်းသည် ပျော်ရွှင်ရန်ဖြစ်သည်။ ပျော်ရွှင်ခြင်းသည် သန့်ရှင်းခြင်းကိုပေးသည်ဟုမိန့်ကြားခဲ့သည်။
မိိန့်ခွန်း၏အဆုံးသတ်၌ ရဟန်းမင်းကြီးက ကွန်ဂရက်စ်၌ပါ၀င်သူများအားလုံးကို အမိမယ်တော်အားစံပြုကြည့်ရူရန်၊ သို့မှသာ အခြေအနေအရပ်ရပ်ကိုတွေ့ဆုံ၀သူ၊ ညီအစ်ကိုမောင်နှမစိတ်ကိုပျိုးထောင်နိုင်သူများဖြစ်ကြမည်ဟုတိုက်တွန်းအားပေးခဲ့သည်။

Ref: Catholicmedia.org

ဘာသာပြန် - ဖာသာရ်ကလေးမင့်အားတယ်
#rvamyanmar #rvapastoralcare #PopeFrancis #joyful

Add new comment

7 + 10 =