ရဟန်းမင်းကြီးဖရန်စစ်အကြိုက်ဆုံးဖျော်ရည်ကား ဂျက်ဇွစ်၏အနံ့အရသာဖြစ်သည်။

ရဟန်းမင်းကြီးဖရန်စစ်အကြိုက်ဆုံးဖျော်ရည်ကား ဂျက်ဇွစ်၏အနံ့အရသာဖြစ်သည်။

ရဟန်းမင်းကြီးဖရန်စစ်အကြိုက်ဆုံးဖျော်ရည်ကား ဂျက်ဇွစ်၏အနံ့အရသာဖြစ်သည်။
*************************************

ရဟန်းမင်းကြီးဖရန်စစ် အလွန်နှစ်ခြိုက်သောဖျော်ရည်ကား Yerba Mate လက္ဘက်ရည်ဖြစ်သည်။ ရဟန်းမင်းကြီးဖရန် စစ်မည်သည့်ဖျော်ရည်ကိုကြိုက်သည်ကို ယခုရက်ပိုင်း၌ လည်းကောင်း၊ လွန်ခဲ့သောနှစ်နှစ်ကျော်လောက်ကစ၍လည်း ကောင်း စောင့် ကြည့်နေခဲ့သည်။ ရဟန်းမင်းကြီးမည်သည့်ဖျော်ရည်ကိုကြိုက်သနည်းဟုမေးမြန်းလိုခဲ့ပါသည်။ Mate လက္ဘက်ရည်ကို ကြိုက်သည်။ သို့သော် ရဟန်းမင်းကြီးအနေဖြင့် coca လက္ဘက်ရည်ကိုမူမသောက်စမ်းကြည့်သေးပါ။

ရဟန်းမင်းကြီးအလွန်နှစ်ခြိုက်သော mate tea သည် ဂျက်ဇွစ်ဘုန်းတော်ကြီးများနှင့်ဆက်စပ်နေသည်။ အဘယ် ကြောင့်ဆိုသော် ၄င်းတို့သည် သာသနာပြုရန် နယ်သစ်ပယ်သစ်သို့သွားကြသောအခါ ဆေးဖက်၀င်သော သဘာ၀သစ်ဥသစ်ဖု များကိုကြိုသောက်နိုင်သည့်အကြောင်းကို ဒေသခံလူထုများထံမှသင်ကြားခဲ့ကြသည်။ မကြာခင်ကပုံနှိပ်ထုတ်‌ေ၀လိုက်သော ‘ဂျက်ဇွစ်ဘုန်းတော်ကြီးများအကြောင်း’ စာအုပ်၌ ယခုပြောဆိုနေသော အင်အားဖြစ်စေသည့်ဖျော်ရည်အကြောင်းကိုဖော်ပြ ထားသည်။ ထို့အတူအခြားသောဂျက်ဆွီစ်ဘုန်းတော်ကြီးတို့၏ အခြားကမ္ဘာမှရှာဖွေတွေ့ရှိချက်အသစ်များအကြောင်းကိုလည်း ဖော်ပြထားသည်။

‘ကိုလိုနီခေတ်က သဘာ၀သမားဖြစ်သော ဂျက်ဇွစ်တို့၏ ကွီနင်း၊ mate၊ ကုထုံး’ ဟုအမည်ပေးထားသည်။ ရဟန်းမင်း ကြီးနှစ်ခြိုက်သော လက္ဘက်ရည်သည် guaraní ဒေသခံများဦးဆုံးသောက်ခဲ့ကြသောလက္ဘက်ရည်ဖြစ်သည်။ ထိုမှသာသနာပြုရန် ရောက်ရှိသွားသောဂျက်ဇွစ်ဘုန်းတော်ကြီးများကလည်း ဆေးမြီးတိုအဖြစ်မှီ၀ဲသောက်သုံးခဲ့ကြသည်။ ဂျက်ဇွစ်ဘုန်းတော် ကြီးများသည် သဘာ၀တရားကိုလေ့လာသော အခြေခံပညာရပ်များအားအထောက်အကူပြုပေးခဲ့သည်။ စာအုပ်ထဲ၌ ဂျက်ဇွစ် တစ်ပါးသည် mate (ဆေးဖက်၀င်သောလက္ဘက်) ၏အစေ့ကိုအဘယ်သို့မျိုးအောင်အောင်ထုတ်လုပ်ရမည်ကိုရှာဖွေတွေ့ရှိခဲ့ သည်။ ဤသို့ဖြင့် သစ်ပင်များကိုပျိုး၍ပိုမိုစိုက်ပျိုးနိုင်ပြီး၊ နောက်ပိုင်း၌ စီးပွားရေးစျေးကွက်ကိုပင်ထွင်ပေးနိုင်အောင်ကြံရွယ်ခဲ့ သည်ဟုဆိုပါသည်။ ထိုစာအုပ်ကိုရေးသားထုတ်‌ေ၀သောသူ Ignacio Núñez de Castro ကလည်း ဂျက်ဇွစ်အသင်းသားအ ယောက် (၂၀) ကျော်တို့၏ အခြားသဘာ၀နှင့်ဆိုင်သောလေ့လာတွေ့ရှိချက်များစွာကိုလည်းဖော်ပြထားသည်။ (၁၇) ရာစုက ဂျက်ဇွစ်သာသနာပြုများသည် အဆိုပါ ‘ဆေးဖက်၀င်သောလက္ဘက်’ ကို ‘အလုပ်ပိုလုပ်ချင်စေသော၊ လန်းဆန်းနိုးကြားစေ သော၊ အစဉ်တက်ကြွနေစေသော’ အရာဟုဖော်ပြခဲ့ကြသည်။ ထို (၁၇) ရာစုဂျက်ဇွစ်သာသနာပြုတို့၏အဆိုကို လက်ရှိ၌ ဂျက်ဇွစ်အသင်း၀င်ပထမဦးဆုံးသောရဟန်းမင်းကြီးက သက်သေခံနေသယောင်ဖြစ်နေပါသည်။ အဘယ်ကြောင့်ဆိုသော် အလွန်လန်းဆန်းတက်ကြွနေသောကြောင့်ဖြစ်ပါသည်။

Ref: Rome Reports
ဘာသာပြန် - ဖာသာရ်ကလေးမင့်အားတယ်
#rvamyanmar #rvapastoralcare #popefrancis #Jesuits

Add new comment

3 + 5 =