Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
စက်တင်ဘာလ၌ ရဟန်းမင်းကြီးဖရန်စစ်၏ (၃) ရက်ကြာခရီးတစ်ခုဖြစ်လာမည့် ဆလိုဗက်ကီးယားနိုင်ငံ
စက်တင်ဘာလ၌ ရဟန်းမင်းကြီးဖရန်စစ်၏ (၃) ရက်ကြာခရီးတစ်ခုဖြစ်လာမည့် ဆလိုဗက်ကီးယားနိုင်ငံ
**********************************
ဆလိုဗက်ကီးယားသည် လာမည့်စက်တင်ဘာလ၌ တမန်တော်ခရီးကြွရောက်လာမည့် ရဟန်းမင်းကြီးဖရန်စစ်အား ကြိုဆိုရန်အတွက်ပြင်ဆင်နေကြသည်။ ရဟန်းမင်းကြီးသည် ဟန်ဂေရီနိုင်ငံ၏မြို့တော်၊ ဘူဒါပတ်မြို့၌ကျင်းပနေသော အပြည် ပြည်ဆိုင်ရာကိုယ်တော်မြတ်ကွန်ဂရက်စ်အပိတ်မစ္ဆားကို စက်တင်ဘာလ (၁၂) ရက်နေ့၌ဦးဆောင်ပူဇော်ပြီးနောက် ဆလိုဗက်ကီး ယားသို့ဆက်လက်ထွက်ခွာမည်ဖြစ်သည်။ ဆလိုဗက်ကီးယားနိုင်ငံ၏ မြို့ကြီးသုံးမြို့ကြွရောက်မည်ဖြစ်သည်။ ၄င်းတို့မှာ Bratislava၊ Košice၊ Prešov တို့ဖြစ်သည်။ ပထမနှစ်မြို့၌မူ လာတင်း၀ိနည်းကိုလိုက်သော ကက်သလစ်ဘာသာ၀င်များရှိပြီး၊ တတိယတစ် မြို့၌မူ ဘိုင်ဇန်တိုင်း၀ိနည်း (သို့) ဂရိကက်သလစ်ဘာသာတူများရှိသည်။ သုံးရက်ကြာမည့်ထိုခရီးစဉ်၌ နှစ်ရက်တာသည် ပထမဦးဆုံးမြို့၌ရှိနေမည်ဖြစ်ပြီး၊ နိုင်ငံတကာသံအမတ်များနှင့်သမ္မတ၏နန်းတော်၌တွေ့ဆုံမည်ဖြစ်ပြီး၊ ဘာသာရေးအဖွဲ့အစည်း များကိုမူ စိန့်မာတင်းကက်သီဒြယ်၌တွေ့ဆုံမည်ဖြစ်သည်။ ထို့အတူ ဆလိုဗက်ကီးယားနိုင်ငံရှိ လူသာရင်အသင်းတော်နှင့်အတူ ဆုတောင်းခြင်း၌ပါ၀င်မည်ဖြစ်သည်။ ထို့အတူကရုဏာရေး၏သာသနာပြုများသီလရှင် (မာသာရ်ထရေးဇာအသင်းသီလရှင်) များနှင့်လည်းသီးသန့်တွေ့ဆုံမည်ဖြစ်သည်။
ဆလိုဗက်ကီးယားနိုင်ငံ၏ ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်၏ပြောရေးဆိုခွင့်ရှိသူ ဖာသာရ်မာတင်း KRAMARA က ‘ဆရာတော်ကြီးများအဖွဲ့ချုပ်အနေဖြင့် အိမ်ရာမဲ့များ၊ မိသားစုများ၊ မိခင်များနှင့်ကလေးများကိုစောင့်ရှောက်ပေးလျှက်ရှိ ကြောင်း၊ မြို့တော်ဖြစ်သော Bratislava ၌အကူအညီလိုအပ်နေသူများအားလည်းတတ်နိုင်သလောက်ကူညီပေးလျှက်ရှိကြောင်း၊ ကရုဏာရေးလုပ်ငန်းကိုလုပ်ဆောင်ရန်အလွန်သင့်လျှော်သောနေရာဖြစ်ပြီး၊ ရဟန်းမင်းကြီးသည် ထိုနေရာကိုကြွရောက်မည် ဖြစ်သည်။ Bratislava ၌ရဟန်းမင်းကြီးသည် ဂျူးအသင်းအဖွဲ့များနှင့်လည်းတွေ့ဆုံမည်ဖြစ်ကြောင်း၊ ရဟန်းမင်းကြီး၄င်းတို့နှင့် တွေ့ဆုံမည့်နေရာသည် Rybné Námestie ရင်ပြင်ဖြစ်ပြီး၊ ဒုတိယကမ္ဘာစစ်အတွင်း၌ အသတ်ခံခဲ့ရသောဂျူးများကိုအောက်မေ့ ဖွယ်နေရာအဖြစ်ပြောင်းလဲသတ်မှတ်ထားသည်။
ထိုနေရာသည် တစ်ချိန်က ဂျူးဘာသာ၀င်တို့၏ တရားဇရပ်ရှိခဲ့သောနေရာဖြစ်ခဲ့သော်လည်း ကွန်မြူနစ်အာဏာရချိန်၌ ဖျက်ဆီးခံခဲ့ရသည်။ ထို့ကြောင့်အောက်မေ့ဖွယ်နေရာအဖြစ်သတ်မှတ်ထားပေးသည်။ ထို့မှရဟန်းမင်းကြီးသည် Prešov မြို့သို့ ခရီးဆက်မည်ဖြစ်သည်။ ထိုနေရာ၌ ဘိုဇန်တိုင်း၀ိနည်းကျင့်သုံးသော ကက်သလစ်များနှင့်တွေ့ဆုံပြီး၊ ၄င်းတို့နှင့်ဆုတောင်း ခြင်းကိုပြုမည်ဖြစ်သည်။ ထိုမှ Košice သို့ပြန်လာပြီး၊ လူငယ်များနှင့် Lokomotiva အားကစားရုံတွင်တွေ့ဆုံမည်ဖြစ်သည်။ သူ သည်ရောမအဖွဲ့အစည်းနှင့်လည်း Luník IX ခရိုင်း၌တွေ့ဆုံမည်ဖြစ်သည်။ ၄င်းတို့သည်အခွင့်အရေးဆုံးရှုံးရ၊ လစ်လျူရှူ့ခံရသော အဖွဲ့အစည်းဖြစ်သည်။
ထိုနေရာ၌ ဆလေးရှင်းတို့၏အလွန်ကြီးမားကောင်းမွန်သော စီမံကိန်းများသည်။ ဆလေးအရှင်းအသင်း ထိုဒေသ၌ရှိ နေခဲ့သည်မှာနှစ်အတော်ကြာပြီဖြစ်သည်။ ထိုဒေသရှိဘာသာတူများ၏၀ိညာဉ်ရေးရာနှင့်ကရုဏာရေးလုပ်ငန်းများကိုလုပ်ကိုင် လျှက်ရှိသည်။ ရဟန်းမင်းကြီးထိုနေရာသို့လည်းကြွရောက်ကြည့်ရူလိုသည်။ ထို့နောက် Košice သို့ပြန်ကြွလာကာ လူငယ်များ နှင့်တွေ့ဆုံမည်ဖြစ်သည်။
ရဟန်းမင်းကြီးသည် ယခုတစ်ကြိမ်သူ၏တမန်တော်ခရီးစဉ်ကို စက်တင်ဘာလ (၁၅) ရက်နေ့၊ Šaštin ရှိကြေကွဲခြင်း ခုနှစ်ထွေမယ်တော်ဗိမာန်တော်၌ မစ္ဆားပူဇော်၍အဆုံးသတ်မည်ဖြစ်သည်။ နှစ်စဉ်စက်တင်ဘာလ (၁၅) ရက်နေ့၌ ဘုရားဖူးများ သည် မယ်တော့်ဗိမာန်တော်သို့ဘုရားဖူးခရီးပြုကာ ဆလိုဗက်ကီးယားနိုင်ငံအားမှိုင်းမသောမယ်တော်ပွဲနေ့ကိုကျင်းပကြသည်။ ဤပွဲတော်သည် နိုင်ငံအတွက် အလွန်အရေးပါသောပွဲတော်များအနက် တစ်ပွဲပါသည်။
Ref: Rome Reports
ဘာသာပြန် - ဖာသာရ်ကလေးမင့်အားတယ်
#rvamyanmar #rvapastoralcare #PopeFrancis #rvanews
Photo Credit - Google Image
Add new comment