ယေဇူးသခင်အဖြစ် တီဗွီစီးရီး၌သရုပ်ဆောင်ခဲ့သူရဟန်းမင်းကြီးဖရန်စစ်အားဖူးခဲ့ရသည့်ခံစားချက်ကိုထုတ်ဖော်

ယေဇူးသခင်အဖြစ် တီဗွီစီးရီး၌သရုပ်ဆောင်ခဲ့သူရဟန်းမင်းကြီးဖရန်စစ်အားဖူးခဲ့ရသည့်ခံစားချက်ကိုထုတ်ဖော်

ယေဇူးသခင်အဖြစ် တီဗွီစီးရီး၌သရုပ်ဆောင်ခဲ့သူရဟန်းမင်းကြီးဖရန်စစ်အားဖူးခဲ့ရသည့်ခံစားချက်ကိုထုတ်ဖော်

ဤသရုပ်ဆောင်ကား Jonathan Roumie ဖြစ်သည်။ သူသည် The Chosen ဟုအမည်ပေးထားသောတီဗွီစီးရီး တစ်ခု၌ ယေဇူးသခင်အဖြစ်သရုပ်ဆောင်သူဖြစ်ပြီး၊ ယေဇူးသခင်အဖြစ်ကမ္ဘာတစ်၀ှမ်းမှလူသန်းပေါင်းများစွာတို့ သည်သူ့ကိုမှတ်မိနေကြသည်။ သူသည်ပြီးခဲ့သောအပတ်ဗာတီကန်၌ ဘုရားဖူးများအားတွေ့ဆုံနေသော ရဟန်းမင်း ကြီးအားဖူးတွေ့ခဲ့ရသည်။ ရဟန်းမင်းကြီးဖရန်စစ်နှင့်ဆုံတွေ့ပြီးစကားပြောခဲ့၊ ရဟန်းမင်းကြီး၏ဆုတောင်းပေးမူကို သူယုံကြည်နေသည်။

ရဟန်းမင်းကြီးနှင့်တွေ့ဆုံစဉ်က

သရုပ်ဆောင်။ ။ကျွန်တော် The Chosen လို့အမည်ပေးထားတဲ့ တီဗွီစီးရီးတစ်ခုမှာ ယေဇူးသခင်အဖြစ်နဲ့သရုပ်ဆောင် ခွင့်ဂုဏ်ကိုရထားပါတယ်။

ရဟန်းမင်းကြီး။ ။ ကောင်းပြီလေ။ မင်းသူ့ကို (ယေဇူးသခင်) အတုယူနိုင်ပါစေ။ ဖူးတွေ့နိုင်ပါစေ။ မင်းကိုလည်းပျော် ရွှင်အောင်ထားပေးပါစေ။

သရုပ်ဆောင်။ ။ကျေးဇူးတင်ပါတယ် ဟုပြောဆိုခဲ့ကြောင်းပြန်လည်ဖောက်သည်ချပါသည်။

သူသည် ကလေးဘ၀ကစ၍ ရဟန်းမင်းကြီးနှင့်ဆုံတွေ့ချင်ခဲ့သည်။ သို့သော် ကလေးဘ၀က ဤဆန္ဒမပြည့်၀ ခဲ့ပေ။ ယခုမှသာအမှန်တကယ်ပြည့်၀ပြီဖြစ်သည်။ အပြန်အလှန်စကားပြောခဲ့ရသည်။ ရီလည်းရီခဲ့ရပြီး၊ အလွန်ပျော် စရာကောင်းခဲ့ပါသည်။ အမှန်တကယ်ကျေးဇူးတော်ဖြစ်ပါသည်။ ပို၍ရီခဲ့ကြရသည်မှာ ရဟန်းမင်းကြီးနှင့် The Chosen ၏ဒါရိုက်တာဖြစ်သောDalla Jenkns တို့ကြားပြောခဲ့သောစကားဖြစ်ပါသည်။

ရဟန်းမင်းကြီး။ ။သူက (သရုပ်ဆောင်သူ) ယေဇူးသခင်ဆိုတော့ မင်း (ဒါရိုက်တာ) က ယုဒအီစာရီရုဒ်ပေါ့ ဟုပြောပြီး၊ သဘောကျခဲ့ကြရကြောင်းပြောသည်။

‘The Chosen’ တီဗွီစီးရီးကိုရိုက်ကူးသော ဒါရိုတ်ဖြစ်သူကလည်း လက်ရှိ၌ သူရိုက်ကူးထားသော ဤဇာတ် လမ်းတွဲသည် ကက်သလစ်ဘာသာ၀င်များကြားနှင့်ဗာတီကန်၌အတော်လူသိများနေသည်။ ကျွန်တော်သည် ပရို တက်စတန် (သင်းကွဲခရစ်ယာန်) တစ်ဦးဖြစ်ပြီး၊ ရဟန်းမင်းကြီးနှင့်လည်းကောင်း၊ ကက်သလစ်သာသနာနှင့်လည်း ကောင်း အဆက်အသွယ်မရှိပေ။ သို့သော်အမှတ်မထင်ဘဲ ရဟန်းမင်းကြီးနှင့်တွေ့ဆုံခွင့်ရသည်မှာ အလွန်ကြီးမြတ် သောအခွင့်အရေးတစ်ခုပင်ဖြစ်သည်။ ရဟန်းမင်းကြီးက ကျွန်းတော့်ကိုတွေ့လိုက်သောအခါ အရွမ်းဖောက်ပါ တော့ သည်။ သူက ‘သူ (သရုပ်ဆောင်) ကယေဇူး’ ဆိုရင်မင်းက (ဒါရိုက်တာ) ယုဒပေါ့’ ဟုပြောရာ ကျွန်တော်ကလည်း ‘ဟုတ်ပါတယ်’ ဟုပြန်ဖြေခဲ့ကြောင်း၊ သူ၏ပွင့်လင်းပြီး၊ အရွမ်းဖောက်တတ်ပုံကိုသဘောကျကြောင်းပြောကြားခဲ့ သည်။

‘The Chosen’ တီဗွီစီးရီး၏ပထမအပိုင်း၌ လူများစွာထုတ်သုံးထားရသည်။ ဤရုပ်သံအတွက် (၁၁) သန်း ထုတ်သုံးထားပြီး၊ လူဦးရေ (၁၉၀၀၀) အထိပါ၀င်အားဖြည့်ထားသည်။ ဒုတိယအပိုင်း၌မူ ပထမအပိုင်းထက်မလျော့ သောငွေရင်းဖြစ်သည့် (၁၀) သန်းအထိထုတ်သုံးထားသည်။ ဤတီဗွီစီးရီးကို ‘Angel’ စတူဒီယိုတွင်ရိုက်ကူးထုတ် လုပ်ခဲ့သည်။ အားပေးကြသောပရိသတ်များသည် ကမ္ဘာ့တိုက်အသီးသီးမှဖြစ်ပြီး၊ ဤဇာတ်လမ်းတွဲသည် ၄င်းတို့အ လွန်ကြိုက်နှစ်သက်ရကြောင်း၊ အခြားသူများအားလည်း ကြည့်ရူစေလိုကြောင်းပြောကြသည်။ ယေဇူးသခင်၏သက် တော်စဉ်ကို ဇာတ်လမ်းတွဲအဖြစ်ရိုက်ကူးတင်ဆက်သည်မှာ ယခုတစ်ကြိမ်ပထမဦးဆုံးဖြစ်ကြောင်း၊ တင်ပြပုံမှာ ယေ ဇူးသခင်နှင့်အလွန်ရင်းနှီးခဲ့သောသူများ၊ တပည့်တော်ကြီးများမှ ယေဇူးသခင်အကြောင်းပြန်လည်ပြောပြသည့်နောက် ကြောင်းပြန်သည့်တင်ဆက်မူမျိုးဖြစ်သည်။ အပိုင်း (၇) ပိုင်းအထိဆက်လက်ရိုက်ကူးမည်ဖြစ်သည်။ ကျမ်းစာထဲမှရ သောအကြောင်းအရာများကိုလည်းပုံဖော်ထည့်သွင်းရန်ရှိကြောင်း စတူဒီယိုကိုပူးပေါင်းတည်ထောင်သူတစ်ဦးဖြစ် သည့် Neal Harmon ကပြောကြားခဲ့သည်။

ဇာတ်ကွက်တစ်ခုကိုစဉ်းစားတော့မည်ဆိုပါလျှင် ဤအကြောင်းအရာသည် သမ္မာကျမ်းစာ၌မတွေ့ရ။ သို့ သော် ထည့်သွင်းရန်သင့်လျော်၏။ သို့သော် ယေဇူးသခင်ခေတ်ကာလက ဖြစ်နိုင်ချေရှိသလော စသောမေးခွန်းများ ကိုမေးမြန်းဆွေးနွေးလေ့ရှိသည်။ အဘယ်ကြောင့်ဆိုသော် ယခင့်ယခင်ရိုက်ကူးတင်ဆက်ခဲ့သော ယေဇူးသခင်၏ သက်တော်စဉ်ဇာတ်လမ်းများမှာ ယေဇူးသခင်သည် လူ့အဖြစ်ကိုခံယူထားသော်လည်း လူသားတစ်ဦးနှယ်တင်ဆက် ထားခြင်းမဟုတ်။ ခြောက်ပြစ်ကင်းသဲလဲစင်နေသော အနေအထားမျိုးဖြင့်တင်ဆက်ထားသည်။ လူသားဆန်ဆန်တင် ဆက်မူသည် လူသားတို့အားပို၍ထိမိသွားစေသည်ဟု ဇာတ်လမ်းတွဲ၏ဒါရိုက်တာဖြစ်သူကဆိုပါသည်။

ယေဇူးသခင်အဖြစ်သရုပ်ဆောင်ထားသူကလည်း ‘ပေါ်လွင်အောင် သူအထူးကြိုးစားသရုပ်ဆောင်ရသည့် အပိုင်းမှာဘုရားသခင်၏ချစ်ခြင်း၊ သနားခြင်းနှင့်စာနာတတ်ခြင်းကိုပေါ်လွင်စေရန်ဖြစ်ကြောင်း၊ ထိုအချက်သုံးချက် သည် ဘုရားသခင်၏ဗီဇတော်ကိုပုံဖော်ရန်အခရာကျသည်ဟုထင်ကြောင်း၊ ထိုဗီဇကိုလူသားများအနေဖြင့် ကျင့်ကြံ ရှင်သန်နိုင်ပါလျှင် ကမ္ဘာကြီးသည် နေချင့်စရာကောင်းလာပေလိမ့်မည်’ ဟုသူ၏အတွေ့အကြုံကိုပြောကြားခဲ့သည်။

‘The Chosen’ ဇာတ်လမ်းတွဲသည် ယခုအခါ ကမ္ဘာအနှံ့သို့ ယေဇူးသခင်၏ယခင်ကရိုက်ကူးထုတ်လုပ်ခဲ့သော ယေဇူးသခင်၏သက်တော်စဉ်နှင့်မတူသော တင်ပြချက်များဖြင့် ထုတ်လွှင့်ပြသလျှက်ရှိပါသည်။ အစောပိုင်းအပိုင်း (၁+၂) သည် ယခုအခါ လူမူကွန်၌ ဘာသာစကား (၅၀) မျိုးဖြင့် အခမဲ့ကူးယူကြည့်ရူနိုင်ပြီဖြစ်ကြောင်း၊ တတိယအ ပိုင်းကိုမူ (၅၀) ရာခိုင်နှုန်းခန့်ပြီးစီးပြီဖြစ်၍ လာမည့် (၂၀၂၂) ခုနှစ်တွင် စတင်ထုတ်လွှင့်နိုင်မည်ဟုမျှော်လင့်ထား ကြောင်းပြောကြားခဲ့သည်။
Ref: Rome Reports
ဘာသာပြန် - ဖာသာရ်ကလေးမင့်အားတယ်
#RVAMyanmar #rvapastoralcare #PopeFrancisNews #RVANews

Add new comment

1 + 0 =