ရှူးဖိနပ်တိုက်သူဘ၀မှရုပ်သံနှင့်ရေဒီယိုအသံလွှင့်ဌာနလုပ်ကိုင်သည့်လုပ်ငန်းရှင်ဖြစ်လာသူ ရဟန်းမင်းကြီးဖရန်စစ်နှင့်သီးသန့်တွေ့ဆုံ

ရှူးဖိနပ်တိုက်သူဘ၀မှရုပ်သံနှင့်ရေဒီယိုအသံလွှင့်ဌာနလုပ်ကိုင်သည့်လုပ်ငန်းရှင်ဖြစ်လာသူ ရဟန်းမင်းကြီးဖရန်စစ်နှင့်သီးသန့်တွေ့ဆုံ

ရှူးဖိနပ်တိုက်သူဘ၀မှရုပ်သံနှင့်ရေဒီယိုအသံလွှင့်ဌာနလုပ်ကိုင်သည့်လုပ်ငန်းရှင်ဖြစ်လာသူ ရဟန်းမင်းကြီးဖရန်စစ်နှင့်သီးသန့်တွေ့ဆုံ
***********************************

‘အသံဗလန်ပြုတာလိုချင်တယ်။ ဒီတစ်ဝိုက်မှာ ဆူညံသံတွေကြားရပါ့မလား။ Rio မှာကြားရပါတယ်။ Rio မှာ ဆူညံသံတွေရှိလား။ ရှိပါလိမ့်မယ်။ သာသနာအတွင်းမှာလည်း အသံဗလန်တွေဖန်တီးသူတွေကိုလိုချင်တယ်။ လူတွေ နဲ့ထိတွေ့လို့ရမယ့်နည်းတွေလိုချင်တယ်’ ဟု ရဟန်းမင်းကြီးအမှုတော်ထမ်းဆောင်ပြီး (၈) နှစ်အကြာ ရဟန်းမင်းကြီး အဖြစ် ပထမဦးဆုံးအကြိမ် နိုင်ငံတကာတမန်တော်ခရီး၌မိန့်ကြားခဲ့သောတရားသည် ယနေ့ထိတိုင်မှန်ကန်နေသည်။ ရဟန်းမင်းကြီး၏ ဦးဆောင်မှုကိုအကျဉ်းရုံး၍တင်ပြထားသည်။ အဘယ်ကြောင့်လုပ်ငန်းရှင်များ Noel Diaz ကဲ့သို့အ ပေါ်၌ ငဲ့ညာရသည်ကိုရှင်းပြထားသည်။ Noel Diaz သည် ESNE ရုပ်သံနှင့်ရေဒီယိုလိုင်းများကိုတည်ထောင်ခဲ့သူဖြစ် သည်။ သို့သော်သူ၏အသက်မွေး၀မ်းကြောင်းမှာရှုပ်ထွေးပွေလီသည်။ ရဟန်းမင်းကြီးသည်သူသီတင်းသုံးရာကျောင်း တော်၌ Noel Diaz အားခုနှစ်ကြိမ်မြောက်သီးသန့်တွေ့ဆုံခဲ့သည်။

ရဟန်းမင်းကြီးနှင့်အကြောင်းအရာများစွာကို တစ်နာရီကြာမျှ ပြောဆိုဆွေးနွေးခဲ့ကြကြောင်း၊ ရဟန်းမင်းကြီး အနေဖြင့် သာသနာတော်ကြီးကိုပိတ်ထားသည့်အနေအထားမျိုးမဟုတ်ဘဲ ဖွင့်ထားသည့်အနေအထားဖြစ်စေချင် သည်။ ဆင်ခြေဖုံးဒေသများအထိ သွားရောက်စေချင်သည်မှာသူ၏ဆန္ဒဖြစ်သည်။ Noel Diaz သည် နေရပ်စွန့်ခွာလာ ခဲ့သူတစ်ဦးဖြစ်သည်။ သူ၏လက်ဦးအလုပ်မှာ Tijuana ၌ရှူးဖိနပ်တိုက်သည်။ ထို့နောက်အမေရိကန်ပြည်ထောင်စုသို့ ပြောင်း​ရွှေ့
ှသွားခဲ့သည်။ အမေရိကား၌ သူသည် လာတင်အမေရိကားမှပြောင်းရွှေ့
လာကြသူများ၏ယုံကြည်ခြင်းခိုင် မြဲရေးအတွက် ဘာသာရေးအကြောင်းအရာများကို ကိုယ်ပိုင်အသံလွှင့်ထုတ်ပေးခဲ့သည်။

Noel Diaz သည် ရဟန်းမင်းကြီးနှင့်တွေ့ဆုံစဉ် ပြောင်းရွှေ့များအတွက်ရည်စူး၍ သူဦးစီးထုတ်လွှင့်နေသော ရုပ်သံနှင့်ရေဒီယိုလိုင်းများအကြောင်းကို အတိုချုံး၍တင်ပြခဲ့ကြောင်း၊ အထူးသဖြင့် လာတင်အမေရိကားမှပြောင်းရွှေ့များ အတွက်ထုတ်လွှင့်နေမူအခြေအနေများကိုကြားသိရသောအခါ ရဟန်းမင်းကြီးသည် အလွန်ကျေနပ်အားရခဲ့ ကြောင်း၊ ဆက်လက်လုပ်ဆောင်ရန်အားပေးခဲ့ကြောင်း၊ ထို့နောက် ရဟန်းမင်းကြီးမိန့်ကြားသောစကားသည် ကျွန် တော့်အားအလွန်အားတက်စေခဲ့ကြောင်း၊ ထိုစကားကား ‘ကျေးဇူးတင်ပါတယ်။ သင်ကြိုးစားလုပ်ဆောင်ပေးနေတာ တွေအတွက်ကျေးဇူးတင်ပါတယ်’ ဟုဖြစ်သည်။ ရဟန်းမင်းကြီးသည် အသံလွှင့်ဌာန၏အမာခံပရိသတ်များအား ထူး ခြားသောကောင်းကြီးကိုပေးခဲ့သည်။ တွေ့ဆုံစကားပြောချိန်၌အ ပြောင်းအရွှေ့များအမေရိကန်ပြည်ထောင်စု၌ မိမိတို့ ဇာတိမြေကထက်ပိုမိုကောင်းမွန်သော နေထိုင်မှုဘ၀ကိုရှာဖွေရာတွင် တွေ့ကြုံရသောအခက်အခဲများကြောင်းပြောပြ ရာပြောစရာစကားမရှိ‌အောင်ခံစားသွားခဲ့ရသည်။

Noel Diaz ၏တင်ပြချက်တစ်စိတ်တစ်ပိုင်းသည် လက်ရှိအမေရိကန်ပြည်ထောင်စု၏ အခြေအနေကိုဖြစ် သည်။ နေရပ်စွန့်ခွာ၍ အမျိုးသား၊ အမျိုးသမီး၊ ကလေးများအပါအ၀င် နယ်စပ်ဖြတ်သန်းကူးလာသူထောင်သောင်း မကရှိသည့်သတင်းသည် ရဟန်းမင်းကြီးအား အလွန်စိတ်ထိခိုက်စေသည်။ Noel Diaz သည်ရဟန်းမင်းကြီးနှင့်ပထ မအကြိမ်တွေ့ဆုံစဉ်က ရဟန်းမင်းကြီး၏ရှူးဖိနပ်ကိုတိုက်ချွတ်၍ လူအထင်မကြီးသောနှိမ့်ကျသည့် သူ၏ယခင်အလုပ် ကို ကျွမ်းကျင်စွာလုပ်ကိုင်နိုင်သေးကြောင်းသက်သေပြခဲ့သည်။ ရဟန်းမင်းကြီးနှင့်ပထမဦးဆုံးအကြိမ်တွေ့ဆုံခဲ့သည့် နှစ်မှာ (၂၀၁၆) ရဟန်းမင်းကြီးမက္ကဆီကိုသို့ကြွရောက်သည့်အချိန်ကဖြစ်သည်။ ထိုအချိန်မှစ၍ အကြိမ်များစွာတွေ့ ဆုံခဲ့ကြသည်။ သို့သော်ရဟန်းမင်းကြီး၏ သတင်းစကားကား မပြောင်းလဲ။ သာသနာတော်ကြီးကို အောက်ခြေအထိ ဆင်းခိုင်းစေချင်တုန်းရှိသေးသည်ဟုပြောကြားခဲ့သည်။
Ref:Rome Reports
ဘာသာပြန် - ဖာသာရ်ကလေးမင့်အားတယ်
#rvamyanmar #rvapastoralcare #rvanews ##PopeFrancisNews

Add new comment

9 + 5 =