‘ရဟန်းမင်းကြီး၊ ဗာတီကန်’ ဟုလိပ်မူ၍ကျည်ဆံသုံးတောင့်ထည့်ပို့လိုက်သောစာအိတ်ပိုင်ရှင်ကိုသိထားပြီဖြစ်ကြောင်း အီတလီရဲများကပြော

‘ရဟန်းမင်းကြီး၊ ဗာတီကန်’ ဟုလိပ်မူ၍ကျည်ဆံသုံးတောင့်ထည့်ပို့လိုက်သောစာအိတ်ပိုင်ရှင်ကိုသိထားပြီဖြစ်ကြောင်း အီတလီရဲများကပြော

‘ရဟန်းမင်းကြီး၊ ဗာတီကန်’ ဟုလိပ်မူ၍ကျည်ဆံသုံးတောင့်ထည့်ပို့လိုက်သောစာအိတ်ပိုင်ရှင်ကိုသိထားပြီဖြစ်ကြောင်း အီတလီရဲများကပြော
********************************
(12.8.2021)RVA Myanmar

‘ရဟန်းမင်းကြီး၊ ဗာတီကန်’ ဟုလိပ်မူ၍ ကျည်ဆံသုံးတောင့်ထည့်ပို့လိုက်သော စာအိတ်ပိုင်ရှင်အဘယ်သူဖြစ်သည် ကိုဖော်ထုတ်နိုင်ပြီဖြစ်ကြောင်း၊ သို့သော်အမည်ကိုမူ ဥပဒေအရထုတ်ဖော်ပြောကြားခြင်းမပြုထားပေ။ တရားခံသည် ပြင်သစ် နိုင်ငံသားဖြစ်ကြောင်း၊ ဗာတီကန်လုံခြုံရေးအဖွဲ့လည်းသိထားပြီဖြစ်ကြောင်း၊ ယခုအခါ မီလန်မှရဲများကလည်း ဗာတီကန်လုံခြုံ ရေးအဖွဲ့နှင့်ချိတ်ဆက်လုပ်ဆောင်လျှက်ရှိကြောင်း၊ ယခုအခါ ထိုသူ၏လုပ်ရပ်ကြောင့်ဖြစ်နိုင်ချေရှိသော အန္တာရာယ်များကိုလည်း လေ့လာဖော်ထုတ်နေကြောင်း၊ အီတလီသတင်းဌာ ANSA ၏အပြောအရ လူအများဆုံးစိတ်၀င်စားနေသည်မှာ စုံစမ်းထောက် လှမ်းနေသူများသည် တရားခံအဘယ်မှာရှိသည်ကိုသိနေခြင်းဖြစ်သည်။ ထို့ကြောင့်သူသည် ပြင်သစ်၌လော၊ သို့မဟုတ်ရောမ၊ စိန့်ပီတာရင်ပြင်၌လောဟူသည့်သိလိုဇောဖြစ်သည်ဟုဆိုပါသည်။

အီတလီရဲများ၏ကနဦးထုတ်ဖော်ချက်အရ အဆိုပါစာအိတ်ထဲ၌ (၉) မီလီမီတာရှည်သော လက်နက်အပိုင်းအစ (၃) ပိုင်းပါကြောင်း၊ ထိုအပိုင်းအစ (၃) ပိုင်းသည် သေနတ်များ၌အသုံးပြုလေ့ရှိသောပစ္စည်းဖြစ်ကြောင်း၊ ဤလုပ်ရပ်သည် ဗာတီကန် ၏ငွေကြေးဆိုင်ရာစီမံကိုင်တွယ်မူနှင့်လည်းသက်ဆိုင်နိုင်ပါသည်။ အသစ်ထွက်ပေါ်လာသော ကြေညာချက်၌မူ အထက်ကဆိုခဲ့ သောပစ္စည်းများနှင့်အတူ စာအိတ်ထဲ၌ ယူရို (၁၀) တန်လည်းပါရှိကြောင်း၊ အဘယ်အကြောင်းကြောင့်၊ အဘယ်သို့ရည်ရွယ်၍ ပြုလုပ်သည်ကိုမသိရသေးကြောင်း၊ ပေးပို့သူ၏လိပ်စာမပါသောစာအိတ်သည် ပြင်သစ်တံဆိပ်ခေါင်းကပ်ထားကြောင်း၊ ‘ရဟန်း မင်းကြီး၊ ဗာတီကန်၊ စိန့်ပီတာရင်ပြင်’ ဟုလိပ်မူထားကြောင်း၊ ဤစာကိုပထမဦးဆုံးရောက်ရှိလာသည့်စာတိုက်မှာ မီလန်မြို့၏ အရှေ့တောင်ဖက် (၇) မိုင်ခန့်‌ေ၀းသော Peschiera Borromeo မြို့၌ဖြစ်ပြီး၊ စာတိုက်တာ၀န်ခံက ချက်ချင်း အာဏာပိုင် များထံသို့အသိပေးကာ ဆိုင်ရာများသို့အသိပေးပြောကြားစေခဲ့ကြောင်း၊ ထိုသံသယရှိဖွယ်စာကို ဩဂုတ်လ (၈) ည၌ ရောက်ရှိ လာသည့်စာများကို ခရိုင်၊ မြို့နယ်၊ မြို့၊ ရပ်ကွက်အလိုက်အစီစဉ်တကျစီနေချိန်၌သတိထားတွေ့ရှိခဲ့သည်ဟုဆိုပါသည်။
Ref:Catholic News Agency
ဘာသာပြန် - ဖာသာရ်ကလေးမင့်အားတယ်
#rvamyanmar #rvapastoralcare #PopeFranics #Vatican

Add new comment

6 + 7 =