သက်တော် (၉၄) နှစ်ရှိ စပိန်ကာဒီနယ် Eduardo Martínez Somalo ပျံလွန်

သက်တော် (၉၄) နှစ်ရှိ စပိန်ကာဒီနယ် Eduardo Martínez Somalo ပျံလွန်

သက်တော် (၉၄) နှစ်ရှိ စပိန်ကာဒီနယ် Eduardo Martínez Somalo ပျံလွန်

ကာဒီနယ်သည် ၀ါတော်နုနယ်စဉ်က ဗာတီကန်၏သံတမန်အသိုင်းအ၀ိုင်း၌အမူတော်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။ ကာဒီနယ်သည် ရဟန်းမင်းကြီးပေါလ် (၆) နှင့်ကိုလံဘီယာခရီးစဉ်၌လိုက်ပါသွားခဲ့ဖူးသည်။ ထို့အတူ ရဟန်းမင်းကြီးစိန့်ဂျွန်ပေါလ် (၂) နှင့်လုပ်ဖော်ဆောင်ဖက်အဖြစ်နှစ်ပေါင်းများစွာအမူတော်ထမ်းခဲ့သည်။ ထို့အတူ (၁၉၈၈) ခုနှစ်၌ သူ့အား ကာဒီနယ်အဖြစ်ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

ကာဒီနယ်သည် ဗာတီကန်၀န်ထမ်းရေးရာတာ၀န်ခံလည်းဟုတ်သကဲ့သို့၊ သာသနာ၏၀တ်ပြုခြင်းဆိုင်ရာရုံး တော်၏တာ၀န်ခံ၊ သုံးပါးသစ္စာရှင် သူတော်စင်တို့၏အရေးကိစ္စများဆိုင်ရာရုံးတော်၏တာ၀န်လည်းဖြစ်ခဲ့သည်။ သူ သည် ရဟန်းမင်းကြီးပျံလွန်သွား၍ရဟန်းမင်းကြီး၏ဦးဆောင်မူ လစ်လပ်နေချိန်မျိုး၌ ကာဒီနယ်တို့အားစီမံအုပ်ချုပ် ရသူလည်းဖြစ်ခဲ့သည်။ ရဟန်းမင်းကြီး၏၏ပျံလွန်ခြင်းကိုလည်း ဤတာ၀န်မျိုးရှိသောကာဒီနယ်ကသာ တရား၀င် ကြေညာရသည်။ ဥပမာပြရသော ကျွန်ုပ်တို့၏ခေတ်အခါသမာယ၌ ဤအဖြစ်အပျက်မျိုး (၂၀၀၅) ခုနှစ်ကဖြစ်ပျက်ခဲ့ သည်။ ဤအမူတော်မျိုးကိုထမ်းဆောင်သော ကာဒီနယ်ကို တရား၀င်အခေါ်မှာ ‘Camarlengo’ ဟုခေါ်သည်။ ကာဒီ နယ်၏ပျံလွန်သွားခြင်းကြောင့် ကက်သလစ်သာသနာအတွင်း၌ သက်ရှိထင်ရှား ကာဒီနယ်စုစုပေါင်း (၂၁၉) သာရှိ တော့သည်။
Ref; Vatican News
ဘာသာပြန် - ဖာသာရ်ကလေးမင့်အားတယ်

Add new comment

2 + 0 =