ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ထံပေးပို့ စာအိတ်တစ်အိတ်နှင့်ကျည်ဆန်သုံးတောင့် ကြားဖြတ် ဖမ်းမိ။

ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ထံပေးပို့ စာအိတ်တစ်အိတ်နှင့်ကျည်ဆန်သုံးတောင့် ကြားဖြတ် ဖမ်းမိ။

တနင်္ဂနွေညနှောင်းပိုင်းတွင်မီလန်၌ "Pope, Vatican City, Rome in St. Peter's Square ဟူ၍ ပုပ်ရဟန်းမင်းကြီးဖရန်စစ်ထံသို့ လိပ်မူထားသော ပြင်သစ်နိုင်ငံ တံဆိတ်ခေါင်းကပ် ထားသည့်၊ ပေးပို့သူ၏ လိပ်စာ မပါသော စာအိတ်တစ်အိတ်နှင့်ကျည်ဆန်သုံးတောင့်ကိုကြားဖြတ်ဖမ်းမိခဲ့သည်ဟုအီတလီမီဒီယာများ၏ဖော်ပြချက်အရသိရသည်။

အီးတလီသတင်းစာ Corriere Della Sera က အဆိုပါ စာအိပ်တွင် Flobert သေနတ် တွင်အသုံးပြုသော 9mm ကျည် သုံးတောင့် နှင့် ဗာတီကန်ငွေကြေး လည်ပတ်မှုကို ရည်ညွှန်းသော စာတစ်စောင် ပါဝင်ကြောင်းဖေါ်ပြထားပါသည်။

သံသယ ဖြစ်ဖွယ်စာ အိတ်တစ်အိတ်နှင့်ကျည်ဆန်သုံးတောင့် ကို တွေ့ရှိ့ခဲ့သူ အီတလီနိုင်ငံ Preschiera Borromeo မြို့ စာတိုက် ရုံးခွဲးတစ်ခု၏ မန်နေဂျာ ဖြစ်သူမှ ဩဂုတ်လ ၈ ရက် ည က အာဏာပိုင်များအား သတင်းပေးပို့ အကြောင်းကြားခဲ့ပါသည်။

Translated by Kyi Mg

https://bit.ly/2VFVnSG

Add new comment

9 + 10 =