အခုကျွန်မက ‘ကက်သလစ်ပါ’ ဟုပြောကြားလိုက်သော Britney Spears

အခုကျွန်မက ‘ကက်သလစ်ပါ’ ဟုပြောကြားလိုက်သော Britney Spears

အခုကျွန်မက ‘ကက်သလစ်ပါ’ ဟုပြောကြားလိုက်သော Britney Spears

            Britney Spears သည် အမေရိကန်နိုင်ငံ၏အလွန်နာမည်ကြီးသော ပေါပ့် အဆိုတော်တစ်ဦးဖြစ်သည်။ သူ၏အကြောင်း နှင့်ပတ်သက်၍ အနုပညာသတင်းများမှလွဲ၍ ဘာသာရေးသတင်းများကြားရခဲသည်။ ကျားသားမိုးကြိုးဟုဆိုရလေမလား။ ယခုလ ဩဂုတ် (၅) ရက်နေ့က Instagram ၌ လက်ရှိ၌သူသည် ကက်သလစ်တစ်ဦးဖြစ်ကြောင်း၊ မစ္ဆားတရားလည်းပါ၀င်ပူဇော်လျှက်ရှိကြောင်းရေးတင်ထားသည်။ အသက် (၃၉) နှစ်ရှိပြီဖြစ်သော ပေါပ့်အဆိုတော်သည် ဗွီဒီယိုဖိုင်လ်နှစ်ခုကိုလည်းပြန် လည်‌ဝေမျှထားသည်။ တစ်ခု၌ဂျင်းဘောင်းဘီတိုကိုဆွယ်တာနှင့်တွဲ၀တ်ထားသည်။ ကျန်တစ်ခု၌မူ ပန်းကိုင်၍အပြာရောင် ၀တ်စုံ၀တ်ထားသည်။ ထိုဗွီဒီယို၏အောက်၌ ‘ကျွန်မအခုမစ္ဆာပါ၀င်ပူဇော်ပြီးပြန်လာတာပါ။ အခုကျွန်မကက်သလစ်ပါ။ ဆုတောင်းကြပါစို့’ ဟုရေးသားထားသည်။ ထိုအကြောင်းအရာကို ဩဂုတ်လ (၅) ရက်နေ့၊ ကြာသပတေးနေ့ကရေးတင်ခဲ့ပြီး သောကြာနေ့မွန်းလွှဲပိုင်း၌မူ ထိုသို့ရေးသားချက်ကိုပြန်ဖျက်ထားသည်။

            သူသည် အမေရိကန်နိုင်ငံ၊ မီစီစီပီပြည်နယ်၊ McComb ဇာတိဖြစ်သည်။ သူစတင်ကျော်ကြားလာပုံမှာ ‘Star Search’ ကလေးရုပ်မြင်သံကြားအစီအစဉ်မှစတင်ခဲ့သည်။ ထိုစဉ်ကသူသည် (၁၁) နှစ်သာရှိသေးသည်။ (၁၉၉၉၊ ဇန္န၀ါရီလ) အသက် (၁၇) နှစ်၌ သူ၏ပထမဦးဆုံးသီချင်းအဲလ်ဘမ်ဖြစ်သည့်“...Baby One More Time” ကိုထုတ်လုပ်ဖြန့်ချီခဲ့သည်။ လူမူကွန်ရက်၌ ဘာသာရေးနှင့်ပတ်သက်သော အကြောင်းအရာများကိုတင်လာပြီး၊ ရုတ်တရက်သူ၏အသက်တာပြောင်းလဲခြင်း အကြောင်းပြောလာသောကြောင့် အံ့အားသင့်သွားခဲ့ကြရသည်။ သူသည် ဂုဏ်ကျေးဇူးတော်မေတ္တာအပါအ၀င် ဆုတောင်းမေတ္တာများကိုထပ်ခါထပ်ခါပြန်တင်လေ့ရှိသကဲ့သို့ သူ၏ဆု‌တောင်းခြင်းအသက်တာအကြောင်းကိုလည်း မကြာခဏထုတ်ဖော်ပြောဆိုလာသည်။ သူ၏ အင်စတာဂရမ် စာမျက်နှာ၌ ‘နေ့တိုင်းဆုတောင်းရန်’ လူသားများကိုနှိုးဆော်ထားသည်။

            အားလုံးကသူ့အား နှစ်ခြင်းတစ်ဦးအဖြစ်သာသိခဲ့ရာမှ ယခုကက်သလစ်ဘာသာ၀င်တစ်ဦးဖြစ်သည်ဟု သူကိုယ်တိုင် ထုတ်ဖော်ပြောကြားလာသည်။ သို့သော် သူသည်ယခင်က ကက်သလစ်တစ်ဦးအဖြစ်ဆေးကြောခြင်းခံယူခဲ့ဖူးသလော။ ကက်သ လစ်ဘာသာ၀င်တစ်ဦးအနေဖြင့် အခြားသောစက္ကရာမင်တူးများကိုလည်းခံယူခဲ့ဖူးသလောဆိုသည်ကိုမူ တိတိကျကျမသိရပေ။ သူသည် (၂၀၀၇) ခုနှစ်၌ အိမ်ထောင်ရေးပြိုလဲခဲ့ပြီးနောက် ဖခင် Jamie Spears ၏အုပ်ထိန်းမူကိုခံယူနေခဲ့ရသည်။ သို့သော် ယခုနှစ်အစောအပိုင်းက ဖခင်ဖြစ်သူ၏အုပ်ထိန်းမူမှပြန်လည်ရုတ်သိမ်းပေးရန်ကိုလည်းအရေးဆိုခဲ့သည်။ သူ့ကိုအားပေး ထောက်ခံသောအဖွဲ့ ‘FreeBritney’ ကလည်းသူ၏တောင်းဆိုချက်ကိုရပ်တည်ခဲ့သည်။ Spears ၏မိခင်ဖြစ်သူ Lynne Spears၊ ညီမ Jamie Lynn၊ တူမ Maddie Aldridge နှင့် Ivey Joan Watson တို့ကမူ ဘာသာရေးကိုင်းရှိုင်းသော ကက်သလစ်ဘာသာ၀င်များဖြစ်ကြသည်။ Spears သည် မကြာမီကမှသူ၏ညီမဖြစ်သူ Jamie Lynn နှင့်ဘုရားကျောင်းသို့ လိုက်လာနေဖြစ်သည်။ 

https://bit.ly/3Cvqb9h

Catholic News Agency

ဘာသာပြန် - ဖာသာရ်ကလေးမင့်အားတယ်

#rvamyanmar #rvapastoralcare #News

Add new comment

11 + 9 =