စိန့်ဒေါမိနစ် ပျံလွန်ခဲ့သည်မှာ နှစ်ပေါင်း (၈၀၀) ကြာခဲ့ပြီ

စိန့်ဒေါမိနစ် ပျံလွန်ခဲ့သည်မှာ နှစ်ပေါင်း (၈၀၀) ကြာခဲ့ပြီ

စိန့်ဒေါမိနစ် ပျံလွန်ခဲ့သည်မှာ နှစ်ပေါင်း (၈၀၀) ကြာခဲ့ပြီ။

            စိန့်ဒေါမိနစ်သည် (၁၂၂၁၊ ဩဂုတ်လ ၆) ရက်နေ့ကပျံလွန်သွားခဲ့သောကြောင့် ယခုနှစ်၌ သူ၏ပျံလွန်ခြင်း သည် နှစ်ပေါင်း (၈၀၀) ပြည့်ပြီဖြစ်သည်။ ထို့ကြောင့် ကမ္ဘာတစ်၀ှမ်းမှ ဒိုမိနီကန်အသင်းသားများအားလုံးသည် မိ မိတို့၏အသင်းကိုတည်ထောင်ခဲ့သော ဖခင်ကြီး၏ပျံလွန်ခြင်း နှစ် (၈၀၀) ပြည့်နှစ်ပတ်လည်ဂျူဗလီပွဲကို ယခုနှစ်တစ် နှစ်ပတ်လုံး အခြေအနေအလျှောက် ကျင်းပရန်စတင်လိုက်ပြီဖြစ်သည်။ သူပျံလွန်ချိန်၌ သက်တော် (၅၁) သာရှိသေး သည်။ ဩဂုတ်လ (၆) ရက်နေ့သည် အမိသာသနာတော်ကြီး၏၀တ်ပြုခြင်းတစ်နှစ်တာ၌ ယေဇူးသခင်၏အဆင်းသဏ္ဍန်ပြောင်းလဲခြင်းပွဲကိုကျင်းပသည်။ စိန့်ဒေါမိနစ်၏ပွဲနေ့ကိုမူ ထိုပွဲပြီးနောက်နှစ်ရက်ကြာမှ ဩဂုတ်လ (၈) ရက် နေ့တွင်ကျင်းပသည်။    

            ဤအသင်းကိုတည်ထောင်ခဲ့သော ၄င်းတို့ဖခင်၏ပျံလွန်ခြင်းနှစ် (၈၀၀) ပြည့်နှစ်ပတ်လည်ဂျူဗလီနှစ်ကိုကျင်းပရန်လမ်းညွှန်အဖြစ် အကျယ် (၂၀) ပေ၊ အနံ (၁၆) ပေခန့်မြင့်သောပုံတော်ကိုရေးဆွဲထားသည်။ ထိုပုံတော်မှာ စိန့် ဒေါမိနစ်သည် သူ၏နောင်တော်၊ ညီတော်များနှင့်စားပွဲ၀ိုင်းတွင်ထိုင်နေသည့်ပုံတော်ဖြစ်သည်။ ထိုပုံတော်နှင့်ပတ် သက်၍ လက်ရှိ၌အသင်းတစ်ခုလုံး၏တာ၀န်ခံအကြီးအဲဖြစ်သောဖာသာရ် Gerard Francisco Parco Timoner ကဗာတီကန်သတင်းဌာနအားရှင်းပြသည်မှာဤပုံတော်ကို Mascarella စားပွဲဟုခေါ်ကြောင်း၊သူ၏မူရင်းကိုဘိုလိုးညာမြို့၌ရှိသော Mascarella မှသန့်ရှင်းသောမာရီးယာဘုရားကျောင်း၌ရှိကြောင်း၊ Mascarella သည်နေရာဒေသ၏အခေါ်ဖြစ်ကြောင်း၊ ဤပုံတော်ကို နှစ် (၈၀၀) ပြည့်ဂျူဗလီပွဲ၏ပုံတော်အဖြစ်အသုံးပြုခြင်းမှာစိန့်ဒေါမိနစ်ကိုတစ်ပါးတည်းကိုသာဂုဏ်ပြုနေခြင်းမ ဟုတ်ဘဲ သူ၏အသင်းသားနောင်တော်ညီတော်များနှင့်ကျင်းပခြင်း ကိုရည်ညွှန်းလိုခြင်းဖြစ်ကြောင်း၊ ပုံတော်အတွင်းမှအစိတ်အပိုင်းများစွာသည် ယခုပထမဦးဆုံဂအကြိမ်ကျင်းပသော ဂျူဗလီပွဲတော်၌ ကမ္ဘာအနှံ့၌သာသနာပြုနေသော နောင်တော်ညီတော်များ ပထမအကြိမ်ပြန်လည်စုစည်းကြမည်ဖြစ် ကြောင်းကိုဖော်ဆောင်ထားကြောင်း၊ စားပွဲသည် အစုအဖွဲ့ရှိနေခြင်းကိုသာပုံဆောင်သည်မဟုတ်။ စိန့်ဒေါမိနစ်နောင်တော်ညီတော်များအလယ်၌ဦးခေါင်းထက်တွင်ရောင်ခြည်တော်ကွန့်မြူးနေသည့်ပုံ သည် စိန့်ဒေါမိနစ်ရဟန္တာအဖြစ် တင်မြောက်ခံရပြီးများမကြာမီတွင်ရေးဆွဲခဲ့သည်။ ခုနှစ်အတိအကျဖြင့်ဆိုလျင် (၁၂၃၄) ခုနှစ်၊ စိန့်‌ဒေါမိနစ်ပျံလွန်ပြီး (၁၃) နှစ်အကြာတွင်ရေးဆွဲခဲ့ခြင်းဖြစ်သည်။ ထို့အတူ စိန့်ဒေါမိနစ်သည် ပျံလွန်ပြီး (၁၃) နှစ်အတွင်းရဟန္တာအဖြစ်တင် မြောက်ခံခဲ့ရသည်။         

ဂျူဗလီ

            စိန့်ဒေါမိနစ်သည် ဘိုလိုးညာတွင်ချောင်းပေါက်လုမတတ်သွားလာပြီး၊ အာပေါက်လုမတတ်၊ တရား‌ဟော ကြားခဲ့သည့် အထင်ကရနေရာဖြစ်သည်။ သူ၏ရုပ်ကလပ်ကိုလည်း ဘိုလိုးညာ၌သာအုတ်ဂူသွင်းထားပြီး၊ ကြည်ညိုဖူး မြှော်ကြသည်။ ထို့ကြောင့် ဘိုလိုးညာသည် ဂျူဗလီ၏ဗဟိုချက်မဖြစ်သည်။ ပျံလွန်ချိန်ကမြေချဂူသွင်းခဲ့သောနေရာမှ ရဟန္တာအဖြစ်မတင်မြောက်မီတစ်နှစ်အလိုတွင် ဘုရားကျောင်း၏အထင်ကရနေရာသို့ ပြောင်းရွေ့ခဲ့ကြသည်။ ထိုသို့ ပြောင်းရွေ့ရန်ပြန်လည်တူးဖော်သောအခါ (၁၃) ခန့်ကြာမြေအောက်၌လေမထိ၊ နေမထိခဲ့သောရုပ်ကလပ်ကြီးရုတ်တရက်ဖော်လိုက်လျင် ပုပ်သိုးသောအနံ့မဟုတ်သော်လည်း သာမန်အနံ့မျိုးမဟုတ်သည့်အနံ့ကိုရမည်ဖြစ်သည်။ သို့ သော် စိန့်ဒေါမိနစ်၏ရုပ်ကလပ်ကိုပြန်လည်တူးဖော်ကြသော ညီတော်ဒေါမိနစ်ကန်တို့၏ပြောပြချက်အရ ညှီစို့စို့အနံ့ မရဘဲ မွှေးကြိုင်သင်းပျံ့သောအနံ့ကိုသာရခဲ့သည်။

           ထိုမွှေးကြိုင်ရနံ့သည် အနီးနားပတ်၀န်းကျင်ရှိသူများအားလည်း အံ့အားသင့်သွားစေခဲ့သည်ဟု ဤဖြစ်ရပ်နှင့် ပတ်သက်၍ သူတော်မြတ် Blessed Jordan of Saxony ကရေးသား မှတ်တမ်းတင်ထားသည်။ Blessed Jordan of Saxony သည်လည်း ဒေါမိနစ်ကန်အသင်း၏အစောဆုံးအသင်း သားတစ်ဦးဖြစ်သည်။ ပြန်လည်တူး ဖော်လိုက်သော စိန့်ဒေါမိနစ်၏ရုပ်ကလပ်ကို စကျင်ကျောက်ဖြင့်စီထားသောအုတ်ဂူရှိရာဆီသို့ ပင့်လာသောလမ်းတစ် လျှောက်၌လည်း ထိုမွှေးကြိုက်ရနံ့သည်သင်းပျံ့လျှက်ရှိသည်။ ဤသင်းရနံ့ကိုထိုအခမ်းအနား ၌ပါ၀င်ခဲ့သူများအား လုံးခံစားလိုက်ရသည်။ ထို့ကြောင့် စိန့်ဒေါမိနစ်သည် ခရစ္စတူးသခင်၏သင်းပျံ့ရနံ့ကိုအဘယ်မျှရ ရှိထားခဲ့သည့်သက် သေတစ်ခုဖြစ်သည်ဟု (ကော်ရိန့်သုဩ၀ါဒစာ ဒုတိယစောင် ၂း၁၅-၁၆) ၌ ‘ဘုရားသခင်အတွက်မူ ငါတို့သည် ကယ်တင် ခြင်းခံနေရသူတို့နှင့် ပျက်စီးဆုံးရှုံးခြင်းသို့ရောက်နေသောသူတို့အကြားတွင် ခရစ်တော်၏သင်းပျံ့သောနံ့ သာဖြစ်ကြ၏။ ပျက်ဆီးဆုံးပါးလုနီးသောသူတို့အတွက် ငါတို့သည် သေခြင်းအနံ့ကဲ့သို့လည်းကောင်း၊ ကယ်တင်ခြင်း ခံရသူတို့အတွက်မူ အသက်ပေးသောနံ့သာကဲ့သို့လည်းကောင်း ဖြစ်ကြ၏’ ဟုကိုးကားရေးသားခဲ့သည်။

ယနေ့မျက်မှောက်ဒေါမိနစ်

            ယခုနှစ်မေလက ရဟန်းမင်းကြီးဖရန်စစ်သည် ဤစိန့်ဒေါမိနစ်၏ပျံလွန်ခြင်းနှစ် (၈၀၀) ပြည့် ဂျူဗလီပွဲအ တွက် ဆုတောင်းနှုတ်ဆက်သ၀တ်လွှာရေးသားပေးပို့ခဲ့သည်။ ရဟန်းမင်းကြီး၏ရေးသားချက်များ၌ ဒေါမိနစ်မှသာသ နာတော်ကြီးအားပေးဆက်ခဲ့သော အလွန်အခရာကျသည့်သော့ချက်များကို ဇောင်းပေးရေးသားထားသည်။ ထိုအချက် များကား

၁။ အမှန်တရား၏ညီညွှတ်ခြင်းနှင့်ချစ်ခြင်း

             ကျောင်းသားတစ်ဦးအနေဖြင့် Palencia ၌ပညာများဆည်းပူးလေ့လာနေချိန်ကတည်းက ‘ယုံကြည်ခြင်းနှင့် ကရုဏာတရား၊ အမှန်တရားနှင့်ချစ်ခြင်း၊ ဖြောင့်မတ်တည်ကြည်ခြင်းနှင့်သနားစာနာခြင်း’ တို့သည်ဒွန်တွဲသွားရမည့် အရာဖြစ်သည်ကိုသိုပိုက်ထားခဲ့သည်။ Blessed Jordan of Saxony ရေးသားထားသည့်အတိုင်းပင် ဒေါမိနစ်၏ ခေတ်ကာလကလည်း အစာရေစာငတ်မွတ်ခေါင်းပါးခြင်းကပ်ဆိုက်၍ လူမြောက်မြားစွာဒုက္ခရောက်ခဲ့ကြ၊ ဆိုး၀ါးစွာ သေကြေခဲ့ကြရသည်ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည်။ ထိုဆိုး၀ါးသောအခြေအနေကိုကူညီပေးရန် ဒေါမိနစ်သည်သူမတူ သောကရုဏာစိတ်ဖြင့် သူအလွန်တန်ဖိုးထားမြတ်နိုးရသောစာအုပ်ကောင်းများကိုထုတ်ရောင်းကာ ဒုက္ခရောက်နေ သူများ၊ ချို့တဲ့သူများအား ကူညီစောင့်ရှောက်သောနေရာတစ်ခုကိုဖွင့်လှစ်ခဲ့သည်။ (Libellus, 10)

            ‘အမှန်တရားနှင့်ကရုဏာရေးလုပ်ငန်း’ ကိုလက်တွေ့ဖော်ဆောင်နေကြသော ဒေါမိနစ်ကန်အသင်းသားတို့၏ လုပ်ဆောင်ချက်များကို ရဟန်းမင်းကြီးသည် ဆက်လက်၍ဖော်ပြထားသည်။

-         Francisco de Vitoria ၏လုပ်ဆောင်ချက်သည် အပြည်ပြည်ဆိုင်ရာလူ့အခွင့် အရေးဥပဒေ၏ အခြေခံထောက်တိုင်ဖြစ်ခဲ့ရသည်။

-         ဤအခြေခံဥပဒေကိုအခြေခံ၍ Antonio Montesinos နှင့် Bartolomé de Las Casas တို့အား လူ့ဂုဏ်သိက္ခာနှင့်ဒေသခံများ၏အခွင့်အရေးကိုကာကွယ်ပေးရေးအတွေ့အခေါ်များ၊ ထိုအချက် နှင့်ပတ် သက်၍ ဘာသာရေးအခြေခံသောအတွေးအမြင်များဖြင့် အမေရိကား၌လည်းကောင်း၊ အာရှမှ Domingo de Salazar ၌လည်းကောင်းကာကွယ်စောင့်ရှေဦက်ပေးနိုင်ခဲ့သည်။     

၂။ ဘုံအမူကိစ္စ၌ အသက်၏အရေးပါမှု

          ဒေါမိနစ်သည် သူ့အား ဖာသာရ်ဟု ခေါ်‌ဝေါ်သုံးနှုန်းသည်ထက် ဘာရာသာရ် (ညီ/အစ်ကို) ဒေါမိ နစ်ဟုခေါ်ဆိုသည်ကိုပိုမိုနှစ်သက်သည်။ သူ့အသင်း၏ အစောပိုင်းကာလကဖွဲ့စည်းတည်ဆောက်ပုံဖြစ် သည်။ ဤအသုံးအနှုန်းသည် အသင်းအဖွဲ့အတွင်းခွဲခြားထားခြင်းမျိုးမရှိဘဲ အားလုံးညီရင်းအစ်ကိုစိတ် ဓာတ်မျိုးကိုမွေးဖွားပေးသည်။ ထို့အတူ အခြေအနေ၊ အကြောင်းအရာတစ်ခုနှင့်ပတ်သက်လာလျှင် အား လုံးစဉ်းစားခွင့်၊ ဆုံးဖြတ်ခွင့်ရှိသည့်အသင်းအဖွဲ့ဖြစ်သည်။         

၃။ အသင်း၏ကျင့်စဉ်ကိုဘ၀၏မည်သည့်အခြေအနေ၌မဆိုကျင့်ကြံဖော်ထုတ်ခြင်း

            ဒေါမိနစ်ကန်အသင်း၀င်တို့၏ အဓိကအမူတော်မှာ ‘ဟောပြောခြင်း’ ဖြစ်သည်။ တင်စားဖော်ကျူးသောအရေး အသားကို ဆီအဲနာမြို့မှစိန့်ကက်သရင်းအရေးအသား၌လည်းကောင်း၊ အနုပညာဖြင့်ဖော်ကျူး၍တရားအတွေးများ ပေးရာ၌ Blessed Fra Angelico ၏ပန်းချီလက်ရာ၌လည်းကောင်း၊ သူမတူသောကရုဏာရေးလုပ်ငန်းများကို လည်း လီမာမြို့မှစိန့်ရိုစ့်၊ Blessed John Macias နှင့်စိန့် Margaret of Castello တို့လုပ်ရပ်များတွင် တွေ့ရသည်။ ထို့အတူ ယခုနှစ်ပတ်လည်နှစ်၌ ကျွန်ုပ်တို့အနေဖြင့် ဒေါမိနစ်ကင်မိသားစုမှတရားတော် အတွက်ကြောင့် ကွပ်မျက်ခံခဲ့ရသောသူများကိုလည်းမေ့ထား၍မရပေ။ အဘယ်ကြောင့်ဆိုသော် တရား တော်အတွက် ကွပ်မျက်ခံရခြင်းသည်အလွန်အစွမ်းထက်သောဟောပြောခြင်းဖြစ်သည်။ စိန့်မာတင်းဒီပေါလ်ရက်စ်၏အလွန်ရိုးရှင်းသောအသက်တာကိုလည်းလူအတော်များများ လိုက်လံကျင့်ကြံခဲ့ကြသည်။ ဆင်ခြေဖုံးများဆီသို့လည်းကောင်း၊ လူသူအရောက်အပေါက်နည်းသောဒေသဆီသို့လည်းကောင်း ဧ၀ဂေလိတရား ၏၀မ်းမြောက်စရာသတင်းကောင်းကြားသိစေခဲ့သည်။   

၄။ ဘာသာရေးအတွေးအခေါ်ထွန်းကားဖွံ့ဖြိုးလာခြင်း

        ရဟန်းမင်းကြီးဖရန်စစ်က ဒိုမိနစ်ကန်အသင်းသားများအားကျေးဇူးတင်ကြောင်းမိန့်ကြားရာတွင် သာသနာတော်ကြီး၏ပညာရေးကိုလည်း တစ်ခေတ်ပြောင်းလဲစေခဲ့သောကြောင့်ဖြစ်သည်။ ဧ၀ဂေလိသ တင်းကောင်းဟောပြောခြင်းဖြင့် အလွန်ပြောင်မြောက်စွာပေးဆက်ခဲ့သည်။ အထူးသဖြင့် ဘာသာရေးအ တွေးအခေါ်သစ်များကိုဖွံ့ဖြိုးထိုးဖောက်လာစေခြင်းဖြင့် ယုံကြည်ခြင်း၏နက်နဲရာများကိုပိုမိုနားလည်လာ စေခဲ့သည်။ ဥရောပရှိတက္ကသိုလ်များသို့ ဒိုမိနစ်ကန်အသင်းသားများကိုစေလွှတ်၍ ပညာများကိုနှီးနှောဖလှယ်စေခဲ့သည်။ အနာဂါတ်၌ အဟောပြောကောင်းသူများကိုမွေးထုတ်ပေးနိုင်ရန်မှာ မှန်ကန်ပြီး၊ ကျစ် လစ်သော သမ္မာကျမ်းပေါ်အခြေခံသည့်ဘာသာရေးအတွေးအခေါ်များရှိရန်လိုအပ်ကြောင်း၊ ဘာသာရေး နှင့်စပ်လျင်း၍မေးမြန်းချက်များကိုကျိုးကြောင်းဆီလျှော်စွာ၊ လေးစားစွာဖြင့် ပြန်လည်ဖြေကြားတတ်ရန်လိုအပ်ကြောင်းကိုဒိုမိနစ်သည်ကောင်းစွာသဘောပေါက်လက်ခံခဲ့သည်ဟုရဟန်းမင်းကြီးကမိန့်ကြားထား ပါသည်။  

ဘာသာြပန် - ဖာသာရ် ကလေးမင့်အားတယ်

https://bit.ly/3ArFfmD   

#rvamyanmar #rvapastoralcare #StDominic800Jubilee

 

Add new comment

8 + 3 =