Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
ကာဒီနယ်ဆာရားအားစက်ရုပ်အကူအညီဖြင့်ခွဲစိတ်ခဲ့
ကာဒီနယ်ဆာရားအားစက်ရုပ်အကူအညီဖြင့်ခွဲစိတ်ခဲ့
ကာဒီနယ်ရောဘတ်ဆာရား ဗာတီကန်၏၀တ်ပြုခြင်းဆိုင်ရာရုံးတော်၏တာ၀န်ခံအမူတော်မှ အနားယူသွား သောကာဒီနယ်တစ်ပါးဖြစ်သည်။ သူသည်ယခုလအစောပိုင်းက သည်းချေ၌ခွဲစိတ်မူကို ခံယူခဲ့ရာ ခွဲစိတ်ဆရာ၀န်အား ကူညီပေးခဲ့သူမှာလူမဟုတ်ဘဲစက်ရုပ်ဖြစ်သည်။ ထိုစက်ရုပ် ကို daVinci ဟုခေါ်သည်။ ဤနည်းပညာကို (၂၀၁၆) မှစ ၍ Reggio Calabria ၌အသုံးပြုခဲ့သည်။ စက်ရုပ်၏အကူအညီဖြင့်ခွဲစိတ်ခဲ့ဖူးသောခွဲစိတ်ဆရာ၀န်မှ ဇူလိုင် (၂၉) ရက် နေ့ကပြောကြားချက်အရ ကာဒီနယ်သည်ခွဲစိတ်ပြီးနောက်ဆေးရုံ၌ (၁၅) ရက်ကြာအနီးကပ်စောင့်ကြပ်မူကိုခံယူပြီး နောက် ဇူလိုင် (၂၇) ရက်နေ့တွင်ဆေးရုံမှဆင်းသွားခဲ့ပြီဖြစ်သည်။
ကာဒီနယ်အနေဖြင့် Reggio Calabria ဆေးရုံကိုရွေးချယ်ရခြင်းမှာ အကြောင်းများစွာရှိသည်။ ဆေးရုံ၊ ကုသ မူ၊ ၀န်ဆောင်မူအလွန်ကောင်းသောကြောင့်ဖြစ်သည်။ ထို့အတူယခုကဲ့သို့ သာသနာတော်ကြီး၏အကြီးအကဲတစ်ပါး ကယုံကြည်စိတ်ချစွာရွေးချယ်ခြင်းသည်လည်း ဆေးရုံနှင့်၀န်ထမ်းများအားလုံးအတွက်ဂုဏ်ယူစရာဖြစ်ရပါသည်။ ပြီး ခဲ့သောဗုဒ္ဓဟူးနေ့က ဆရာ၀န်များမှပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ခွဲစိတ်မူသည်အောင်မြင်ခဲ့ကြောင်း၊ စက်ရုပ် နည်းပညာအားလည်းကျေးဇူးတင်ကြောင်းပြောကြားခဲ့သည်။ ဤစက်ရုပ်ကို အမေရိကန်ကုမ္ပဏီတစ်ခုကထုတ်လုပ် ခဲ့ပြီး၊ စက်ရုပ်ကိုသည်းချေနှင့်ဆိုင်သောရောဂါအမျိုး၊ ကျောက်ကပ်နှင့်ဆိုင်သောရောဂါများကိုခွဲစိတ်ရာ၌အသုံးပြုရန် စနစ်များထည့်သွင်းပေးထားသည်ဟုဆိုပါသည်။
သက်တော် (၇၆) နှစ်ရှိပြီဖြစ်သော ကာဒီနယ်သည် အာဖရီကန်ကာဒီနယ်များအနက် သက်တော်၊ ၀ါတော်ကြီး ကာဒီနယ်တစ်ပါးဖြစ်သည်။ ကာဒီနယ်သည် အမူတော်မှ အနားယူပြီဖြစ် သော်လည်း လုပ်စရာများစွာကိုလက်ခံ ထားပြီး၊ ဩဂုတ်လ၌ခရီးဆက်တိုက် ထွက်ရန်အစီအစဉ်များပြည့်နေကြောင်းသိရသည်။ သူသည် မယ်ဂျူဂိုရီ၌ ဩဂုတ်လ (၁-၆) ရက်နေ့အထိကျင်းပမည့် (၃၂) ကြိမ်မြောက်လူငယ်ပွဲတော်သို့တက်ရောက်မည်ဖြစ်ကြောင်း ယခင်အပတ်ကကြေညာချက်ထွက်ပေါ်လာခဲ့သည်။ သူသည် ဟန်ဂေရီနိုင်ငံ၊ ဘူဒါပတ်မြို့၌ စက်တင်ဘာ (၅-၁၂) ရက်နေ့အထိကျင်းပမည့် (၅၂) ကြိမ် မြောက် အပြည်ပြည်ဆိုင်ရာကိုယ်တော်မြတ်ကွန်ဂရက်စ်တက်ရောက်နေသူ များအတွက် မစ္ဆားတရားကိုဦးဆောင်ပူဇော်ပေးရမည်။ ကာဒီနယ်၏အတွင်းရေးမှူးသည် Reggio Calabria မှအီတလီ လူမျိုး Lorenzo Festicini ဖြစ်ပြီး၊ Istituto Nazionale Azzurro ၏ဥက္ကဌဖြစ်သည်။
Istituto Nazionale Azzurro ၌ ဥရောပတွင်အထူးကျွမ်းကျင်အဆင့်ရှိဆရာ၀န်များ၊ အလွန်သိမ်မွေ့ခက်ခဲသော ခွဲစိတ်မူများကိုလည်းပြုလုပ်နိုင်ကြောင်း ဇူလိုင် (၂၈) ရက်နေ့ သတင်းစာရှင်းလင်းပွဲ၌ဆေးရုံတာ၀န်ခံ Festicini က ပြောကြာခဲ့သည်။ ခွဲစိတ်မူ၌လည်းပါ၀င်ခဲ့သောဆရာ၀န် Domenico Veneziano ကလည်း စက်ရုပ်သည် ခွဲစိတ်ရာ၌ အလွန်တိကျကြောင်း၊ ထို့ကြောင့်သမာရိုးကျခွဲစိတ်နည်းထက်ပို၍ကျေနပ်အားရကြောင်း၊ အနာကျက်၍သက်သာ လာရန်လည်းမြန်ဆန်ကြောင်းလည်းသတင်းစာရှင်းလင်းပွဲ၌ပျော်ကြားခဲ့သည်။ ဆရာတော်များအဖွဲ့ချုပ်၏တာ၀န်ခံ ဘုန်းတော်ကြီး Giulio Cerchietti ကလည်းဆေးရုံ၏၀န်ဆောင်မူကိုချီးမွှမ်းခဲ့သည်။ အဘယ်ကြောင့်ဆိုသော်အရည် အသွေး၊ ကျွမ်းကျင်မူ၊ နားလည်ပေးတတ်မူနှင့်ဆက်ကပ်လုပ်ဆောင်မူများအလွန်ကောင်းသည်။ ဤအချက်များ ကြောင့် ကာဒီနယ်သည် ပိုစိတ်ချစွာဤဆေးရုံသို့ယုံကြည်စွာအပ်နှံခဲ့သည်။ ဆေးရုံကိုမည်သည့်အရာနှင့်ခိုင်းနှိုင်းပြရ မည်နည်းဟုမူ ‘ကောင်းသတင်းလေညှင်းဆောင်’ သည်ဟုပင်။ ရောက်သည့်နေ့က ကာဒီနယ်သည် စာတိုလေးရေးချ လိုက်သည်။ သူရေးသောအကြောင်းအရာမှာ သူငယ်တော်ယေဇူး၏သံတာထရေးဇာ၏အဆိုအမိန့်ဖြစ်သည်။ ထိုအ ဆိုကား ‘ချစ်ခြင်းသည် သင့်ကိုဤနေရာသို့ပို့ဆောင်လေပြီ’ ဟုဖြစ်သည်။ ကာဒီနယ်သည် ဤစကားစု၏အဓိပ္ပါယ် လေးဆိုလိုရင်းအနက်ကိုထိတွေ့ခံစားခဲ့ရသည်။ ကာဒီနယ်ကိုကျေးဇူးတင်ပြီး၊ ကာဒီနယ်အတွက်လည်းဆေးရုံမှ၀န် ထမ်းများကလည်းဆုတောင်းပေးနေမည်ဟုပြောကြားခဲ့သည်။
Credit : Catholic News Agency
ဘာသာပြန်- ဖာသာရ်ကလေးမင့်အားတယ်
#rvamyanmar #rvapastoralcare #rvanews #cardinal
Add new comment