Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
On the Process of Selecting a New Catholic Bishop
On the Process of Selecting a New Catholic Bishop
မြန်မာနိုင်ငံကက်သလစ်သာသနာ ၁၆ ခုထဲမှာ ၄ ခုက ကျန်းမာရေးအရနှင့် ထာ၀ရအနားယူခြင်းကြောင့် သာသနာပိုင်ဆရာတော် လစ်လပ်နေပါတယ်။
ဘာသာတူများစွာနှင့် ရဟန်းတွေကိုဦးဆောင်ပေးမယ့် ဆရာတော်တစ်ပါးရွေးချယ်ဖို့အတွက် အချိန်ပေးပြီး (အနည်းဆုံး ၆ လ) သေခြာလေ့လာစဉ်းစားကာ ပုပ်ရဟန်းမင်းကိုယ်တိုင် ဆုံးဖြတ်ပေးရပါတယ်။
ရဟန်းဖြစ်တာအနည်းဆုံး ၅ နှစ်၊ အသက် ၃၅ နှစ်နှင့်အထက်၊ ယုံကြည်ခြင်း ပညာအမြော်အမြင် အကျင့်စာရိတ္တ ကောင်းမွန်သူထဲက ရွေးချယ်တာပါ။
ဘာသာတူ သန်းတစ်ထောင်ကျော်ကို ဦးဆောင်နေတဲ့ ပုပ်ရဟန်းမင်းက သခင်ယေဇူးကိုယ်တိုင် ကိုယ်စားပြုအဖြစ်ခန့်အပ်ခဲ့တဲ့ စိန့်ပီတာအရိုက်အရာကို ဆက်ခံထားတာဖြစ်ပြီး ဆရာတော်တွေကို ပုပ်ရဟန်းမင်းက တာ၀န်ခန့်အပ်ပေးတာဖြစ်ပါတယ်။
ရွေးချယ်မှု အဆင့်ဆင့်က အကျဉ်းချုပ်အားဖြင့်ယခုလိုဖြစ်ပါတယ်။
၁။ ဆရာတော်၊ရဟန်းတွေက ဆုတောင်းခြင်းနှင့်သေခြာလေ့လာပြီး အမည် ၃ ခုရွေးချယ်ပေးခြင်း
၂။ ရဟန်းမင်းကိုယ်စားလှယ်မှ စီစစ်ရွေးချယ်ခြင်း
၃။ ဆရာတော်များအဖွဲ့မှ ဆွေးနွေးဆုံးဖြတ်ပြီး ပုပ်ရဟန်းမင်းကိုတင်ပြခြင်း
၄။ ပုပ်ရဟန်းမင်းမှ စီစစ်တင်ပြချက်အားလုံးကို ဆုတောင်းခြင်းနှင့် သေခြာသုံးသပ်ပြီး ရွေးချယ်ပေးခြင်း။
+++ ပူဆွေးသောကရောက်နေသူတွေ နှစ်သိမ့်ခြင်းရဖို့၊ ယခုလိုအခက်ခဲဆုံးအချိန်မှာ အသင်းတော်ကို ထိရောက်စွာ အစေခံဦးဆောင်နိုင်ပေးမယ့်သူတွေရရှိဖို့ အားလုံးပဲ ဝုိင်း၀န်းဆုတောင်းပေးကြပါစို့။
Credit to Myanmar Jesuits
(photo - CBCM)
Add new comment