အီရတ်၌ ဆေးရုံမီးသင့်၍သေဆုံးခဲ့သူများအတွက်ရဟန်းမင်းကြီးဆုတောင်းပေး

အီရတ်၌ ဆေးရုံမီးသင့်၍သေဆုံးခဲ့သူများအတွက်ရဟန်းမင်းကြီးဆုတောင်းပေး

အီရတ်၌ ဆေးရုံမီးသင့်၍သေဆုံးခဲ့သူများအတွက်ရဟန်းမင်းကြီးဆုတောင်းပေး

အီရတ်နိုင်ငံ၊ Nasiriyah ရှိ al-Hussein ဆေးရုံ၌ ကိုးဗစ်ပိုးကူးစက်ခံနေရသည့်လူနာများအား သီးသန့်စောင့်ရှောက် ကုသပေးနေသောနေရာသည် မီးလောင်ကျွမ်းသွားခဲ့သည့်အတွက် ၀မ်းနည်းရပါကြောင်းနှင့်မီးလောင်ကျွမ်းရာတွင်အသက်ဆုံးရှုံးသွားခဲ့ကြသောသူများနှင့်၀မ်းနည်းပူဆွေးနေကြသော ၄င်းတို့၏မိသားစုများ၊ မိတ်ဆွေသူငယ်ချင်းများ အတွက်ဆုတောင်းပေးပါကြောင်း၊ ဤသတင်းကိုကြားရခြင်းအတွက်အလွန်စိတ်ထိခိုက်၀မ်းနည်းရကြောင်း၊ ရောဂါခံစား နေရသူများ၊ ဆေးရုံမှတာ၀န်ရှိသူများ၊ ကျန်းမာရေး၀န်ထမ်းများ၊ ပြုစုစောင့်ရှောက်ပေးနေကြသူများအားလုံးအပေါ် ဘု ရားသခင်၏ ကောင်းကြီးနှင့်နှစ်သိမ့်ခြင်း၊ ခွန်အားနှင့်ငြိမ်းချမ်းခြင်းရှိစေရန်လည်းဆုတောင်းပေးပါကြောင်းဖြင့်ပုပ်ရဟန်း မင်းကြီးဖရန်စစ်က  အဆိုပါ၀မ်းနည်းဆုတောင်းသတင်းစကားကို သံကြိုးဖြင့် အီရတ်နိုင်ငံ၏ရဟန်းမင်းကြီးကိုယ်စား လှယ် (Apostolic Nuncio) Archbishop Mitja Leskovar ထံသို့ပေးပို့ခဲ့သည်။

ဤမီးလောင်ကျွမ်းမှု၌ လူနာ (၁၂) ဦးခန့်အ သက်ဆုံးရှုံးခဲ့ပြီး၊ လူနာ (၁၀၀) ကျော်ထိခိုက်ဒဏ်ရာရခဲ့ကြသည်။ ဤကိုဗစ်လူနာများ အတွက်သီးသန့်ကုသဆောင်သည် လို အပ်ချက်ကြောင့်ပြီးခဲ့သော (၃) လခန့်ကမှတည်ဆောက်ထားသောအဆောင်လည်းဖြစ်သည်ဟုဆိုသည်။

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3raAtq4

Add new comment

3 + 2 =