‘ဟေတီနိုင်ငံ၌ ဖြစ်ပွားခဲ့သောမအောင်မြင်သည့်အာဏာသိမ်းမှုကိုရပ်တန့်ရန်’ ပုပ်ရဟန်းမင်းကြီးမေတ္တာရပ်ခံ

‘ဟေတီနိုင်ငံ၌ ဖြစ်ပွားခဲ့သောမအောင်မြင်သည့်အာဏာသိမ်းမှုကိုရပ်တန့်ရန်’ ပုပ်ရဟန်းမင်းကြီးမေတ္တာရပ်ခံ

‘ဟေတီနိုင်ငံ၌ ဖြစ်ပွားခဲ့သောမအောင်မြင်သည့်အာဏာသိမ်းမှုကိုရပ်တန့်ရန်’ ပုပ်ရဟန်းမင်းကြီးမေတ္တာရပ်ခံ

            ယခင်တပတ်က ‘ဟေတီ’ နိုင်ငံတွင်အာဏာသိမ်းမူဖြစ်ပွားခဲ့သည်။ ထိုအခြေအနေကြောင့်နိုင်ငံရေးမတည်မငြိမ် သည့်အပြင် အကြမ်းဖက်မှုများလည်းနောက်ဆက်တွဲပါလာသည်။ ထိုအကြမ်းဖက်လုပ်ရပ်များကိုရပ်တန်းကရပ်ရန်  ဟေတီသမ္မတ Jovenal Moise လုပ်ကြံခံရပြီး ရက်အနည်းငယ်အကြာ ယခုတစ်ပတ်တနဂ်နွေနေ့ အန်ဂျေလူးမေတ္တာရွတ် ဆိုဆုတောင်းအပြီးမေတ္တာရပ်ခံခဲ့သည်။ ထို့အတူ ကုလနှင့်အမေရိကန်စစ်တပ်များအနေဖြင့် နိုင်ငံတော်၏အဓိကကျ သောအစိုးရ ယန္တရားကြီးကိုကာကွယ်ပေးကြရန်၊ အစိုးရသည်လည်း အခြေအနေကိုတည်ငြိမ်အောင်ကြိုးစားနေပြီး၊ ရွေး ကောက်ပွဲကိုအမြန်ဆုံးကျင်းပပေးနိုင်ရန်ပြင်ဆင်လျှက်ရှိကြောင်း၊ ဟေတီနိုင်ငံအတွက်နှင့်နိုင်ငံသားများအတွက်လည်း ဆုတောင်းပေးကြရန် ယခုရက်ပိုင်းမကြာခဏထည့်သွင်းမိန့်ကြားလျှက်ရှိသည်။

            ရဟန်းမင်းကြီးအနေဖြင့် ဟေတီနိုင်ငံ၏ကက်သလစ်ဆရာတော်ကြီးများတောင်းဆိုထားသော လက်နက်ကိုစွန့် ၍ လူ့အသက်သတ်ဖြတ်ခြင်းကိုရှောင်ကာ ညီရင်းအစ်ကိုမောင်နှမကဲ့သို့ အတူတကွယှဉ်တွဲနေထိုင်ရေး၊ အများကောင်း ကျိုးသယ်ပိုးဆောင်ရွက်ရေး၊ ဟေတီနိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေးကိုရှေ့ရူလုပ်ဆောင်ရေးကိုဦးတည်ကြရန်တောင်းခံခဲ့ သည်။ အကြမ်းဖက်သည့်လုပ်ရပ်ကိုရပ်တန့်၍ နိုင်ငံ၏အေးချမ်းတည်ငြိမ်ရေးနှင့်သဟဇာတရှိစွာနေထိုင်နိုင်သောအနာဂါတ်ကိုတည်ထောင်မည့်ခြေလှမ်းများကိုပြန်လည်စတင်ရန်တိုက်တွန်းထားသည်။

            ဟေတီသမ္မတကတော် Martine Moise ကလည်း သေနတ်သမား၏ပစ်ခတ်ခံခဲ့ရ၍ဆေးကုသခံနေရင်းပြည်သူ များမိမိတို့၏လမ်းကြောင်းမှသွေဖီမသွားကြရန်တိုက်တွန်ထားသည်။ သူသည်ကြေးစားသေနတ်သမားတို့၏လက်ချက် ဖြင့်အချက်ပေါင်းများစွာပစ်ခတ်ခံခဲ့ရသည်။ သမ္မတသည် (၁၂) ချက်ပစ်ခတ်ခံခဲ့ရပြီး၊ စကားတစ်ခွန်းမျှပင်ပြောချိန်မရ ခဲ့ပေ။ သမ္မတကတော်သည် စိုးရိမ်ဖွယ်ဖြစ်ခဲ့သော်လည်း သေကံမရောက်သက်မပျောက်ခဲ့ဘဲ အမေရိကန်နိုင်ငံသို့လေ ယာဉ်ဖြင့်ချက်ချင်းပို့ဆောင်ခဲ့ပြီး Miami ဆေးရုံ၌ကုသမူခံယူလျှက်ရှိသည်။ သမ္မတကတော်က တိုင်းပြည်ကို သူ၏လမ်း ကြောင်းမှသွေဖီသွားစေ၍မရ။ သမ္မတ၏သွေးကိုအကျိုးမဲ့မဖြစ်စေရဟုလည်းသတင်းစကားပါးထားသည်။    

အခင်း၌ပါ၀င်ပတ်သက်သူများအားဖမ်းဆီးရမိပြီး၊ စုံစမ်းစစ်ဆေးနေဆဲ

            ဤအာသိမ်းမူ၌ ကိုလံဘီယာစစ်ထွက် (၁၇) ဦးနှင့်အမေရိကန်နိုင်ငံသားခံယူထားသောဟေတီလူမျိုး (၂) ဦးတို့ ကိုဖမ်းဆီးရမိထားသည်။ (၃) ဦးမှာပစ်သတ်ဖမ်းဆီးရမိထားသည်။ (၈) ဦးမှာထွက်ပြေးလွတ်မြောက်လျှက်ရှိသည်။ ဤ အာဏာသိမ်းမှု၏နောက်ကွယ်၌ အဘယ်သူသည်လက်သည်တရားခံဖြစ်သည်ကို စုံစမ်းစစ်ဆေးလျှက်ရှိသည်။ အဘယ် ကြောင့်ဆိုသော် ဟေတီနိုင်ငံရေးစနစ်ကြီးကို ကျဆုံးအောင်ဖန်တီးသောလုပ်ရပ်ဖြစ်နေသည်။ လက်ရှိ၌ ယာယီတာ၀န်ယူ ထားသော ဟေတီနိုင်ငံ၏တာ၀န်ရှိသူများက ကုလနှင့်အမေရိကန်နိုင်ငံအား နိုင်ငံ၏ပဋိပက္ခာများလုံး၀တည်ငြိမ်သွား သည်အထိ လုံခြုံရေးစစ်တပ်ကိုစေလွှတ်ပေးရန် မေတ္တာရပ်ခံထားသည်။ ကုလ၏လုံခြုံရေးစစ်တပ်များသည် (၂၀၀၄ မှ ၂၀၁၇) အထိ ဟေတီနိုင်ငံ၌တပ်စွဲထားခဲ့သည်။ အမေရိကန်နိုင်ငံကမူ လုံခြုံရေးစစ်တပ်ကိုစေလွှတ်မည့်အစား FBI နှင့် နယ်မြေလုံခြုံရေးအဖွဲ့၀င်များကိုသာစေလွှတ်မည်ဖြစ်သည်။ ဟေတီနိုင်ငံ၏ နိုင်ငံရေးအက်ကြောင်းများသည် ရာစုနှင့်ချီ သောသမိုင်းကြောင်းရှိသည်။ ယခုတစ်ဖန်နိုင်ငံရေးခေါင်းဆောင်များအား လုပ်ကြံသတ်ဖြတ်မူနှင့်နိုင်ငံရေးအကြပ်အ တည်းများဖန်တီး၍ ပြန်လည်ပျိုးစပြုနေပြီ။     

 
ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်
 
 
 
 

Add new comment

7 + 1 =