Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
ရဟန်းမင်းကြီးဖရန့်စစ်ကို ကျေးဇူးတင်ရှိကြောင်း မန္တလေးကက်သလစ်ဂိုဏ်းချုပ် ဆရာတော်ကြီး မာကုတင်ဝင်းက မိန့်ကြား။
ရဟန်းမင်းကြီးဖရန့်စစ်ကို ကျေးဇူးတင်ရှိကြောင်း မန္တလေးကက်သလစ်ဂိုဏ်းချုပ် ဆရာတော်ကြီး မာကုတင်ဝင်းက မိန့်ကြား။
မြန်မာနိုင်ငံက ဆင်းရဲဒုက္ခခံစားနေရသောလူတွေအတွက် ကူညီဖို့ တိုက်တွန်းတာနဲ့ တွေ့ဆုံ ဆွေးနွေးမှုကနေတဆင့် နိုင်ငံရဲ့အကျပ်အတည်းကို ငြိမ်းချမ်းစွာဖြေရှင်းနိုင်ဖို့ အားပေးလိုက်တဲ့ ပုပ်ရဟန်းမင်းကြီးဖရန့်စစ်ကို ကျေးဇူးတင်ရှိကြောင်း မန္တလေးမြို့က ကက်သလစ်ဂိုဏ်းချုပ် ဆရာတော်ကြီး မာကုတင်ဝင်းက မိန့်ကြားလိုက်ပါတယ်။
ပုပ်ရဟန်းမင်းကြီး ပြောတဲ့အချိန်မှာ ကက်သလစ်ဘာသာဝင်တွေသာမက တခြားဘာသာဝင် တွေလည်း အပါအဝင် မြန်မာတွေဟာ အရမ်းကိုအားတက်ပြီး လှုပ်ရှားလာကြတယ်။ အခုကြုံနေရတဲ့အဖြစ်ဆိုးမှာ ကျနော်တို့အားလုံးအတွက် အရမ်းကို အရေးပါတဲ့ အားပေးထောက်ခံမှု ပါလို့ ဆရာတော်ကြီး မာကုတင်ဝင်းက ပြောပါတယ်။
ဗာတီကန်ရဲ့ Fides သတင်းအေဂျင်စီနဲ့ အင်တာဗျူးရာမှာ ဆရာတော်ကြီး မာကုတင်ဝင်းက ပုပ်ရဟန်းမင်းကြီးရဲ့ ဇွန်လ ၂၀ ရက် မေတ္တာရပ်ခံချက်အပေါ် မှတ်ချက်ပေးပြောဆိုသွားတာပါ။
ပုပ်ရဟန်းမင်းကြီးက မြန်မာနိုင်ငံအတွင်းက တိုင်းရင်းသားပဋိပက္ခတွေအတွင်း ပိတ်မိနေတဲ့ အပြစ်မဲ့ အရပ်သားပြည်သူတွေအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စစ်မဲ့ဇုန်တွေ ပံ့ပိုးကူညီပေးဖို့ မြန်မာဘုန်းတော်ကြီးတွေရဲ့ မေတ္တာရပ်ခံချက်ကို အားဖြည့်ပြောကြားပေးခဲ့တာပါ။
ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ မြန်မာနိုင်ငံ အာဏာသိမ်းခံရချိန်ကစပြီး ပြည်သူလူထုနဲ့အတူ သူရဲ့တစည်းတလုံးတည်းရှိမှုကို အကြိမ်ကြိမ် ထုတ်ဖော်မိန့်ကြားခဲ့ပြီး စစ်တပ်ခေါင်းဆောင်တွေ ကိုလည်း တွေ့ဆုံဆွေးနွေးရေးဖက်လှည့်ပြီး ငြိမ်းချမ်းရေးကို ရယူဖို့ တိုက်တွန်းခဲ့တာပါ။
ပုပ်ရဟန်းမင်းကြီးရဲ့မိန့်ကြားချက်ကို နားထောင်ပြီး အကြမ်းဖက်မှုအားလုံးကိုအဆုံးသတ်ကြဖို့ ဂိုဏ်းချုပ်ဆဆရာတော်ကြီး မာကုတင်ဝင်းက ပဋိပက္ခဖြစ်ပွားနေတဲ့ အဖွဲ့အားလုံးကို တိုက်တွန်းပါတယ်။ ဒါ့အပြင် အိုးမဲ့အိမ်မဲ့ အမျိုးသမီးများ၊ ကလေးငယ်များ၊ ဖျားနာနေတဲ့ သက်ကြီးရွယ်အိုတွေနဲ့ နယ်မြေခံပြည်သူလူထုရဲ့ ဆင်းရဲဒုက္ခတွေအကြောင်း ပြောပြပါတယ်။
စစ်တပ်ဟာ လူသားချင်း စာနာထောက်ထားမှုအကူအညီတွေကို မီးရှို့ခဲ့တာဟာ အပြစ်မဲ့ သူတွေအတွက် ကြီးမားတဲ့ရက်စက်မှုပဲ” လို့လည်း ဆိုပါတယ်။ ဇွန်လ ၁၈ ရက်က ကုလသမဂ္ဂအနေနဲ့ မြန်မာနိုင်ငံကို လက်နက်စီးဆင်းမှုရပ်တန့်ဖို့ ဆုံးဖြတ်ချက်ကိုလည်း ကျေနပ်အားရတယ်လို့ ဆရာတော်က မိန့်ပါတယ်။
လုံခြုံရေးတပ်ဖွဲ့တွေက ဆန္ဒပြသူတွေကို ရက်ရက်စက်စက် နှိမ်နင်းခဲ့လို့ လူငယ်တွေမှာ ပြည်သူလူထုကို ကာကွယ်ဖို့ လက်နက်ကိုင်ခုခံရုံမှလွဲပြီး ရွေးချယ်စရာ မရှိတော့ဘူးလို့လည်း ဆိုပါတယ်။ ရလဒ်အနေနဲ့ အကြမ်းဖက်မှုတွေနဲ့ ပဋိပက္ခတွေ တိုးလာတာပါ။
ဂိုဏ်းချုပ်ဆရာေတာ်ကြီး မာကုတင်ဝင်းက မြန်မာကက်သလစ်အသင်းေတာ်ဟာ အမြဲဟောပြောဆုတောင်းပေးနေပြီး ပြည်သူလူထုရဲ့ သွေးထွက်သံယိုအဖြစ်ဆိုးတွေကြားထဲကနေ ငြိမ်းချမ်းရေးနဲ့ ငြိမ်သက်ခြင်းကို ရှာဖွေပေးနေတယ်လို့ ဆိုပါတယ်။
လောလောဆယ်မှာ တွေ့ဆုံဆွေးနွေးမှုက ရပ်တန့်နေပြီး နှစ်ဖက်စလုံးက ငြင်းပယ်ထားတာကြောင့် နည်းလမ်းမရှိဘူးလို့လည်း မိန့်ကြားပါတယ်။ ဒါကြောင့် စစ်တပ်ကောင်စီရဲ့ စိတ်နှလုံးကို ဘုရားသခင် လှုပ်နှိုးပေးဖို့ ဆုတောင်းရုံသာ တတ်နိုင်တော့တယ်လို့ ဆိုပါတယ်။
Ref:DVB
Add new comment