ပုပ်ဖရန်စစ်က အများကောင်းကျိုးကိုသယ်ပိုး၍ကောင်းကင် ဘဏ္ဍာခွန်ကိုဆောင်ရန်တိုက်တွန်း

ပုပ်ဖရန်စစ်က အများကောင်းကျိုးကိုသယ်ပိုး၍ကောင်းကင် ဘဏ္ဍာခွန်ကိုဆောင်ရန်တိုက်တွန်း

ပုပ်ဖရန်စစ်က အများကောင်းကျိုးကိုသယ်ပိုး၍ကောင်းကင် ဘဏ္ဍာခွန်ကိုဆောင်ရန်တိုက်တွန်း

            အာဂျင်တီးနားနိုင်ငံ၌ ခရစ်ယာန်လုပ်ငန်းရှင်များနှစ်စဉ်အစည်းအ‌ဝေးလုပ်လေ့ရှိသည်။ ဤအဖွဲ့ကိုဖွဲ့စည်းခဲ့သူများအနက် ပြီးခဲ့သော ဧပြီလက ရဟန်းမင်းကြီးဖရန်စစ်မှ ‘အရိုအသေခံထိုက်သူ’ (Venerable) အဖြစ်ကြေညာခံထားရသူ    Enrique Shaw ဖြစ်သည်။ ဤအဆင့် သည် (Servant of God) ထက်မြင့်ပြီး၊ သူတော်မြတ် (Blessed) ဖြစ်လာရန်အလွန်အလားအလာကောင်းနေသည့်အဆင့် သို့ရောက်ရှိနေသူဖြစ်သည်။  ထိုအစည်းအ‌ဝေး သို့ရဟန်းမင်းကြီးဖရန်စစ်က အောက်ပါသတင်းစကားကိုပါးလိုက်ပါသည်။

            ရဟန်းမင်းကြီးဖရန်စစ်၏ သတင်းစကားထဲ၌ ‘သင်တို့အစည်းအ‌ဝေးအတွက် ကျွန်ုပ်၌အစီအစဉ်များရှိသည်။ အဘယ်ကြောင့်ဆိုသော် မကြာသေးမီကကျွန်ုပ်သည် Enrique Shaw ၏အာဂပါရမီအကြောင်းရေးသားထားသောစာတမ်း ကိုလက်မှတ်ရေးထိုးခဲ့ရ၍ ရရှိလိုက်သောပျော်ရွှင်မူကို ထိန်ချန်မထားနိုင်ပါ။ အစည်းအ‌ဝေး၏ဆောင်ပုဒ်မှာ ‘လူသား ကုန်ထုတ်မူစနစ်သို့’ ဟုဖြစ်သည်။ ဤဆောင်ပုဒ်နှင့်အတူ ရဟန်းမင်းကြီးဖရန်စစ်က ကျင့်၀တ်နှင့်ညီလျှော်သောစီးပွား ရေးစနစ်ကိုတည်ဆောက်ရန်၊ ဤစနစ်ကားအခြားမဟုတ်။ လုပ်ငန်းရှင်တိုင်းရှိရမည့် တာ၀န်ခံမူ၊ တာ၀န်ယူမူပင်ဖြစ် ကြောင်းရှင်းပြသည်။ ရင်းနှီးမြှုပ်နှံမူသည် အများကောင်းကျိုးအတွက်ဖြစ်သည်။ ကောင်းကင်နိုင်ငံတော်၏အခွန်ကို သို ၀ှက်ထားခြင်းမပြုရန်၊ ရင်းနှီးမြှုပ်နှံသည်ဆိုရာ၀ယ် ဘ၀ကိုပေးဆက်ခြင်း၊ ဖန်တီးပေးခြင်းဖြစ်သည်။ အဘယ်သို့ရင်းနှီး မြှုပ်နှံရမည်ကိုသိပြီး၊ သို၀ှက်ထားရန်ကြံစည်မူမပြုခြင်းသည် ရင်းနှီးမြှုပ်နှံမူကိုဖန်တီးခြင်းဖြစ်သည်။ ဤပတ်သက် ဆက်နွယ်မူသည် အဓိကဦးတည်ချက် (၂) ခုရှိသည်။ (၁) ကား ခရစ်ယာန်တို့၏စံတန်ဖိုးကို စီးပွားရေးလုပ်ငန်း၌ထည့် သွင်းရန်နှင့်အများကောင်းကျိုးကိုသယ်ပိုးဆောင်ရွက်ရန်ဖြစ်သည်။          

 
ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်
 
 
 
 

Add new comment

2 + 1 =