ရဟန်းမင်းကြီးသည် (၂၀၂၂) နှစ် ကမ္ဘာ့မိသားစုတွေ့ဆုံပွဲအတွက်လမ်းညွှန်ချက်အသစ်ကိုထုတ်ပြန်

ရဟန်းမင်းကြီးသည် (၂၀၂၂) နှစ် ကမ္ဘာ့မိသားစုတွေ့ဆုံပွဲအတွက်လမ်းညွှန်ချက်အသစ်ကိုထုတ်ပြန်

ရဟန်းမင်းကြီးသည် (၂၀၂၂) နှစ် ကမ္ဘာ့မိသားစုတွေ့ဆုံပွဲအတွက်လမ်းညွှန်ချက်အသစ်ကိုထုတ်ပြန်

            ရဟန်းမင်းကြီးဖရန်စစ်သည် လာမည့် (၂၀၂၂) ခုနှစ် ဇွန်လ (၂၂-၂၆) ရက်နေ့အထိ ကမ္ဘာ့မိသားစုများတွေဆုံပွဲကို ကျင်းပရန် ဆိုင်းပြင်းနေသည်။ ထို့ကြောင့်ရဟန်းမင်းကြီးက အဆိုပါတွေ့ဆုံပွဲသို့ ကမ္ဘာတစ်၀ှမ်းမှ ကက်သလစ်မိသားစု များကိုပါ၀င်ကြရန်တိုက်တွန်းနှိုးဆော်ထားသည်။ ယခုတစ်ကြိမ်သည် (၁၀) ကြိမ်မြောက်တွေ့ဆုံခြင်းဖြစ်သည်။ 

            ပြီးခဲ့သည့်သောကြာနေ့က ဗွီဒီယိုဖြင့်သတင်းစကားပါးရာတွင် ရဟန်းမင်းကြီးက ယခုတစ်ကြိမ်တွေ့ဆုံပွဲအတွက် လမ်းညွှန်ချက်အသစ်ကိုပြင်ဆင်နေကြောင်း၊ ရောမကိုအဓိကပစ်မှတ်ထားသော်လည်း ကမ္ဘာတစ်              ၀ှမ်း၌လည်းကျင်းပ စေလိုကြောင်း၊ မမျှော်လင့်ထားသော ကပ်ရောဂါဆိုးကြီးကြောင့် ဤတွေ့ဆုံပွဲကိုတစ်နှစ်ရွေ့ဆိုင်းထားခဲ့ရကြောင်း၊ ထို့ ကြောင့်ယခုတစ်ကြိမ်ပြန်လည်တွေ့ဆုံခြင်းသည် စိတ်လှုပ်ရှားစရာဖြစ်ကြောင်းရဟန်းမင်းကြီးဖရန်စစ်မိန့်ကြားခဲ့သည်။

ဒေသန္တာရမှသည်ကမ္ဘာတစ်၀ှမ်းသို့ရှေ့ရူ

            ယခုတွေ့ဆုံခဲ့မူသည် အကျဉ်းချုံးလေးသာဖြစ်ခဲ့သည်။ ထို့အတူ မိသားစုများစွာကလည်း လက်လှမ်းမမှီနိုင်သကဲ့ သို့ခံစားခဲ့ရကြောင်း၊ အတော်များများသည် ရုပ်မြင်သံကြားလိုင်းများမှစောင့်ကြည့်၀င်ခဲ့ကြကြောင်း၊ သို့သော်မိသားစု အ တော်များများအတွက်မှာမူလုံး၀ပင်မသိခဲ့ကြသည်အထိဖြစ်ခဲ့သည်။ ဤအခြေအနေမျိုးကိုကျော်လွှားရန်ရည်ရွယ်၍ ရဟန်းမင်းကြီးဖရန်စစ်သည် လာမည့် (၂၀၂၂) ကမ္ဘာ့မိသားစုများတွေ့ဆုံပွဲ၌ ပုံစံအသစ်ဖြင့်ဖော်ဆောင်သွားမည်ဖြစ် သည်။

            ဤတွေ့ဆုံပွဲကိုကျင်းပရန်သတ်မှတ်ထားသောအချိန်ထက် တစ်နှစ်ကျော်ကြာရွေ့ဆိုင်းပြီးနောက်ကျင်းပရသော ကြောင့် ပွဲအတွက်ပြင်ဆင်ရင်း၊ သင်ယူခဲ့ကြရသည်။ ထို့အတူမည်သည့်အရာများထည့်သွင်းရန်၊ လုပ်ဆောင်ရန်လိုအပ် ကြောင်းအသိများတိုးလာစေခဲ့သည်။ အထူးသဖြင့်အွန်လိုင်းမှနေ၍ လူများစွာနေရာဒေသ‌ေ၀းကွာနေစေကာမူ ပါ၀င် နိုင်ရန်ဦးတည်လုပ်ဆောင်နေသည်။ ကမ္ဘာတစ်၀ှမ်းလုံးပါ၀င်သောတွေ့ဆုံပွဲဖြစ်အောင်ဖန်တီးခွင့်ရခြင်းသည် ဘုရားသ ခင်အစီအမံတော်ဖြစ်သည်။ ကမ္ဘာတစ်၀ှမ်းရှိမိသားစုများသည်လည်း ဤတွေ့ဆုံခြင်းသို့ကိုယ်တိုင်ကိုယ်ကျမပါ၀င်နိုင် သော်လည်း လိုင်းမှပါ၀င်ခြင်းဖြင့် ၄င်းတို့လည်းပါ၀င်ရသကဲ့သို့၊ ၄င်းတို့နှင့်လည်းသက်ဆိုင်သကဲ့သို့ခံစားစေလိုကြောင်း၊ အမိသာသနာတော်ကြီး၏အအစိတ်အပိုင်းအဖြစ်ခံယူစေလိုကောင်းမိန့်ကြားခဲ့သည်။           

အကြောင်းအရာများစွာကိုဗဟိုပြုခြင်းနှင့်လူသိများသောပုံစံကိုအသုံးပြုခြင်း

            (၁၀) ကြိမ်မြောက်ကျင်းပမည်ဖြစ်သော ကမ္ဘာမိသားစုတွေ့ဆုံပွဲ၌ အကြောင်းအရာများစွာကိုဗဟိုပြုမည်ဖြစ်သ ကဲ့သို့ ပျံ့နှံ့လွယ်သောပုံစံကိုအသုံးပြုရန် ပါ၀င်ကြမည့် ကမ္ဘာပေါ်ရှိသာသနာ့အဖွဲ့အစည်းများကိုတိုက်တွန်းအားပေးသွား မည်။ ရောမသည် အဓိကအိမ်ရှင်ဖြစ်ပြီး၊ ဤအစည်းအ‌ေ၀းကြီး၌ပါ၀င်ရန်အတွက် ၀ိညာဉ်ရေးလမ်းညွှန်မူပေးနေ သောကိုယ်စားလှယ်များပါ၀င်နိုင်ရန်စီစဉ်ထားပေးကြောင်း၊ ၄င်းတို့သည် မိသားစုတမန်တော် ကွန်ဂရက်စ်များ၊ မစ္ဆားပူ ဇော်ခြင်းများ၌ပါ၀င်ခွင့်ရရန်စီစဉ်ပေးထားသည်။ ဤအစီအစဉ်အားလုံးကိုလည်း ကမ္ဘာကြီးသို့တိုက်ရိုက်ထုတ်လွှင့်မည် ဖြစ်သည်။

ရောမကိုအိမ်သို့အရောက်ပို့သကဲ့သို့ခံစားစေမည်။

            ဤအစည်းအ‌ေ၀းကို ရောမမြို့၌ကျင်းပသည်ဖြစ်ရာ သာသနာတိုင်းသည် မိသားစုများနှင့်အသင်းအဖွဲ့များ၏ ဗဟိုပြုစရာနေရာဖြစ်လာပြီး၊ လူတိုင်းရောမမြို့သို့မသွားရောက်နိုင်သော်လည်း ကိုယ်တိုင်ပါ၀င်ရသကဲ့သို့ခံစားကြရပေ မည်။ ထို့ကြောင့် ကမ္ဘာပေါ်ရှိ သာသနာများအားစီမံကွပ်ကဲပေးနေကြသော ကွပ်ကဲရေးမှူးများအား (၂၀၂၂) ကမ္ဘာ့မိသား စုများတွေ့ဆုံပွဲအတွက် ပြင်ဆင်ထားကြရန် ရဟန်းမင်းကြီးကတိုက်တွန်းထားသည်။ မည်သည့်နေရာတွင်ဖြစ်စေ ဖြစ်နိုင် ခြေရှိသောအတိုင်းအတာ၌ သာသနာအတွင်းရှိအဖွဲ့အစည်းတိုင်း၌ ဤကမ္ဘာ့မိသားစုတွေ့ဆုံပွဲ၏လမ်းညွှန်ချက်များအ တိုင်း၊ ရောမသာသနာအသုံးပြုသော သက်ေတများကိုအသုံးပြု၍ပြင်ဆင်မူကိုစတင်ရန် တိုက်တွန်းထားသည်။     

ရှင်သန်မူရှိသော၊ တီထွင်ကြံဆမူပါသောမိသားစုတမန်တော်လုပ်ငန်း

            သာသနာနှင့်ဆိုင်သော မိသားစုတမန်တော်လုပ်ငန်းများလုပ်ဆောင်၌ ရောမမြို့၌လုပ်ဆောင်သကဲ့သို့ ‘ရှင်သန် အားကောင်းရန်၊ အသက်၀င်ရန်၊ တီထွင်ကြံဆမူ’ များပါ၀င်၍ မိသားစုများနှင့်သဟဇာတရှိအောင်စီစဉ်ဆောင်ရွက်ကြ ရန်၊ ဤအခွင့်အရေးကိုပါ၀င်နိုင်ရန်ဖန်တီးပေးခြင်းသည် ကက်သလစ်ဘာသာ၀င်များအား မိသားစုတမန်တော်လုပ်ငန်း များလုပ်ဆောင်ရန်အားသစ်လောင်းသကဲ့သို့လည်းကောင်း၊ အတွေးသစ်၊ အမြင်သစ်များထွန်းလင်းစေသောအခွင့်အရေး ကောင်းကြီးတစ်ခုဖြစ်ပေမည်။ ထို့ကြောင့် ‘ချစ်လှစွာသော ဘုန်းတော်ကြီးများ၊ ချစ်လှစွာသောမိသားစုများ၊ ခွန်အားယူ ကြပါ။ အချင်းချင်းကူညီတိုင်ပင်၍ သာသနာနယ်အတွင်း၌ မိသားစုများတွေ့ဆုံပွဲ၊ ပညာပေးဟောပြောပွဲများကိုစီစဉ် ကျင်းပကြပါ’ ဟု ရဟန်းမင်းကြီးမှ အားပေးတိုက်တွန်းခဲ့သည်။

ရဟန်းမင်းကြီးသည်ဖရန်စစ်သည် သူ့အတွက်ဆုတောင်းပေးကြရန် တစ်ဦးစီ၏ဆုတောင်းခြင်းကိုလည်းအလှူခံခဲ့သည်။ ‘မကြာမီကျင်းပမည့် ကမ္ဘာ့မိသားစုအစည်းအ‌ေ၀းပွဲခရီးသို့ ကောင်းမွန်စွာသွားရောက်နိုင်ကြပါစေ’ ဟုလည်းဆုတောင်း မေတ္တာပို့သပေးခဲ့သည်။   

 

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3jRRTpP

Add new comment

1 + 4 =