ပုပ်ဖရန်စစ် အမြန်ဆုံးပြန်လည်ကျမ်းမာလာစေရန် ကမ္ဘာတစ်၀ှမ်းမှဆုတောင်း

ပုပ်ဖရန်စစ် အမြန်ဆုံးပြန်လည်ကျမ်းမာလာစေရန် ကမ္ဘာတစ်၀ှမ်းမှဆုတောင်း

ပုပ်ဖရန်စစ် အမြန်ဆုံးပြန်လည်ကျမ်းမာလာစေရန် ကမ္ဘာတစ်၀ှမ်းမှဆုတောင်း

            ရဟန်းမင်းကြီးဖရန်စစ်သည် ပြီးခဲ့သော ဇူလိုင်လ (၄) ညနေပိုင်းက အူမကြီးနှင့်ဆိုင်သောခွဲစိတ်မူတစ်ခုကို ရဟန်းမင်းကြီးစိန့်ဂျွန်ပေါလ် (၂) သေနတ်ပစ်ခံခဲ့ရစဉ်ကလည်းကုသမူပေးခဲ့သောဆေးရုံ၌ပင် ထိုခွဲစိတ်မူကိုပြုလုပ် ခဲ့သည်။ ခွဲစိတ်မူကိုခံယူမည်ဖြစ်ကြောင်းကိုလည်း ဗာတီကန်သတင်းထုတ်ပြန်ရေးအဖွဲ့ကလည်း တရား၀င်ထုတ်ပြန်ခဲ့ သည်။ ထို့ကြောင့် ဘာသာရေးခေါင်းဆောင်များ၊ နိုင်ငံရေးခေါင်းဆောင်များ၊ လူမူအသင်းအဖွဲ့များမှပုဂ္ဂိုလ်များက အမြန် ဆုံးပြန်လည်နေကောင်းကျန်းမာလာရန် အသီးသီးဆုတောင်းပေးထားသည်။

အီဂျစ်နိုင်ငံ၊ ကို်ရို al-Azhar မှကြီးမြတ်သာအီမန်၏ဆုတောင်း

            ‘ကျွန်ုပ်၏ညီအစ်ကို ရဟန်းမင်းကြီးဖရန်စစ် အမြန်ဆုံးကျန်းမာလာပြီး၊ သူ၏အလွန်နှိမ့်ချသောအမူတော်ကိုပြန် လည်ထမ်းဆောင်နိုင်ပါစေဟုဆုတောင်းပါသည်’ ဟု ဇူလိုင်လ (၅) ရက်နေ့ သူ၏တွီတာ၌ရေးသားဆုတောင်းပေး ထား သည်။

ကွန်စတန်တီနိုပယ်မှ ဘာသာရေးခေါင်းဆောင်၏ဆုတောင်း

            ‘အမြန်ဆုံးပြန်လည်နေကောင်းကျန်းမာလာပါစေကြောင်း၊ ညီအစ်ကိုရင်းစိတ်ဖြင့်ဆုတောင်းပေးပါသည်’ ဟု သက်တော် (၈၄) နှစ်ရှိရဟန်းမင်းကြီးဖရန်စစ်အတွက် ဆုမွန်ကောင်းတောင်းပေးထားကြောင်း ဗာတီကန်သတင်းဌာန ကဖော်ပြထားသည်။

အရှေ့တိုင်းခရစ်ယာန်အသင်းတော်၏ဘာသာရေးခေါင်းဆောင် Bartholomew I ၏ဆုတောင်း

            အရှေ့တိုင်းခရစ်ယာန်အသင်းတော်၏ဘာသာရေးခေါင်းဆောင် Bartholomew I ကလည်း ‘လစ်လျူရူထား မရ။ ခရစ္စတူးသခင်က ‘စည်းလုံးခြင်း’ အမူကိုဆက်လက်ဆောင်ရွက်ရန် ကျွန်ုတို့အားလုံးကို ခေါ်တော်မူ ခြင်းဖြစ်၍ ထိုအမူတော်ကိုအတူတကွလုပ်ဆောင်နိုင်ရန် အမြန်ဆုံးပြန်လည်နေကောင်းကျန်းမာလာပါစေ’ ဟုဆုမွန်ကောင်းတောင်းပေးထားသည်။    

အောသောဒေါ့စ်အသင်းတော် ခေါင်းဆောင်၏ဆုတောင်း

          အောသောဒေါ့စ်အသင်းတော်၏ခေါင်းဆောင်က စိန့်ပေါလ်၏ ကော်ရိန့်သူမြို့သားများထံရေးသား ပေးပို့ခဲ့သောဩ၀ါဒစာကိုကိုးကား၍ ‘ဘုရားသခင်၏ခွန်အားနည်းခြင်းသည် လူတို့ခွန်အားရှိသည်ထက် ပို၍ခွန်အားကြီးမားတော်မူ၏’ (ပ ကော်ရိန့်သု ၁း၂၅ခ) ဟူသောကျမ်းချက်ကိုကိုးကားထားသည်။ ထို့အတူ ယေဇူးသခင်၏နက်နဲချက်သည် ကျွန်ုပ်တို့၌လည်းကောင်း၊ ကျွန်ုပ်တို့၏‌ေ၀ဒနာခံထမ်းခြင်း၌ လည်းကောင်းတည်ရှိပြီး၊ ဤသို့အားဖြင့်ဧ၀ဂေလိတရားသည် ကျွန်ုပ်တို့၌အသက်ရှင်သန်လျှက်ရှိမည်ဖြစ် သည်’ ဟုခွန်အားပေးဆုတောင်းပေးထားသည်။  

ရောမမြို့ရှိရာဗီအကြီးအကဲ၏ဆုတောင်း

          ရောမမြို့ရှိရာဗီအကြီးအကဲဖြစ်သော Riccardo Di Segni ကလည်း ရဟန်းမင်းကြီး ‘အမြန်ဆုံးပြန် လည်နေကောင်းလာပါစေ’ ဟုတွီတာ၌ရေးသားဆုတောင်းပေးထားသည်။

ဗာတီကန်၀န်ထမ်းများ၏ဆု‌တောင်းသံ

          ရဟန်းမင်းကြီးဖရန်စစ်၏ခွဲစိတ်မူသည် (၃) ရာရီကြာသောအကြီးစားခွဲစိတ်မူဖြစ်သည်။ ဗာတီကန် ၏ပြောရေးဆိုခွင့်ရှိသူ Matteo Bruni  ၏ပြောကြားချက်အရ ခွဲစိတ်မူခံယူပြီးနောက်တစ်နေ့ ဇူလိုင်လ (၅) နေ့၌ ရဟန်းမင်းကြီးအား အခြေအနေကောင်းမွန်စွာတွေ့ရှိရကြောင်း၊ လန်းလန်းဆန်းဆန်းလည်းရှိ ကြောင်း၊ ရဟန်းမင်းကြီးသည် ဆေးရုံမှချက်ချင်းမဆင်းသေးဘဲ တစ်ပတ်ခန့်ဆေးရုံ၌သာ နားနားနေနေ နေဦးမည်ဖြစ်ကြောင်း၊ ကျွန်ုပ်တို့အားလုံးလည်း ရဟန်းမင်းကြီးအမြန်ဆုံးပြန်လည်နေကောင်းကျန်းမာလာ ရန်ဆုတောင်းပေးနေကြကြောင်းပြောကြားခဲ့သည်။

ရောမရှိအဂ်လီကန်အသင်းတော်ခေါင်းဆောင်၏ဆုတောင်း

          ရောမရှိ အဂ်လီကန်အသင်းတော်၏ခေါင်းဆောင်ကလည်း ဇူလိုင်လ (၅) ရက်နေ့၌ ‘ရဟန်းမင်းကြီး ဖရန်စစ်သည် ခွဲစိတ်ကုသမူခံယူမည်ဖြစ်သောကြောင့် သူ့အားကျွန်ုပ်တို့၏အတွေး၊ ဆုတောင်းခြင်း၌ရှိနေ မည်။ အမြန်ဆုံးပြန်လည်နေကောင်းကျန်းမာလာပါစေဟုလည်းဆုတောင်းပါသည်။ ဘုရားသခင်သည် သူ၏ညှင်သာသောချစခြင်းဖြင့် ခွန်အားပေးတော်မူပါ စေ’ ဟုဆုတောင်းပေးထားသည်။        

ကမ္ဘာတစ်၀ှမ်းမှ နိုင်ငံရေးခေါင်းဆောင်များ၏ဆုတောင်းသံ

နိုင်ဂျီးရီးယားနိုင်ငံသမ္မတ Muhammadu Buhari က သူ၏နိုင်ငံသားများအားလုံးအား ရဟန်းမင်း ကြီးဖရန်စစ်၏ခွဲစိတ်မူအောင်မြင်စေရန်နှင့်အမြန်ဆုံးပြန်လည်နေကောင်းကျန်းမာလာစေရန်ဆုတောင်းပေးကြရန် ကြေညာချက်ထုတ်ပြန်ခဲ့သည်။  ထို့အတူဗင်နီဇွဲလား၏နိုင်ငံခေါင်းဆောင် Nicolás Maduro  ကလည်း ရဟန်းမင်းကြီးဖရန်စစ်၏ခွဲ စိတ်ကုသခံယူမူ၌ သူတော်မြတ် Blessed José Gregorio Hernández ၏ကြား၀င်ဆုတောင်းပေးမူကိုခံစားရ ပြီး၊ အမြန်ဆုံးသက်သာပျောက်ကင်းစေရန်ဆုတောင်းပေးထားသည်။ အဆိုပါသူတော်မြတ်သည် မကြာမီ ကမှ ‘သူတော်မြတ်’ အဖြစ်တင်မြောက်ခံထားရသော ဆင်းရဲချို့တဲ့သူတို့၏ဆရာ၀န်ဖြစ်သည်။

 

အီတလီ၀န်ကြီးချုပ် Mario Draghi ကလည်း ‘အလွန်ချစ်ခင်လေးစားရသော ရဟန်းမင်းကြီး အမြန် ဆုံးပြန်လည်နေကောင်းပါစေ။ အမြန်ဆုံးကုသပျောက်ကင်းပါစေ’ ဟုဆုမွန်တောင်းထားသည်။

 

ဖိလစ်ပိုင်နိုင်ငံ၏ ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်ကလည်း ကြေညာချက်တစ်စောင်ထုတ် ပြီး၊ ရဟန်းမင်းကြီးဖရန်စစ်၏ ခွဲစိတ်မူအောင်မြင်စေရန်နှင့်အပြန်ဆုံးပြန်လည်ကျန်းမာလာရန်အတွက် အမိ မယ်တော်၏ထပ်ဆင့်ဆုတောင်းခြင်းကိုတောင်းခံပေးကြရန် ကက်သလစ်ဘာသာတူများအားနှိုးဆော်တိုက် တွန်းထားသည်။  

          ကျွန်ုပ်လည်း ရဟန်းမင်းကြီးဖရန်စစ်၏ခွဲစိတ်ကုသမူနှင့်အမြန်ဆုံးပြန်လည်နေကောင်းကျန်းမာလာ ရန် အားလုံးသောသူတို့၏ဆုတောင်းနှင့်အတူပေါင်းစပ်လျှက် အမိမယ်တော်သခင်မ၏ထပ်ဆင့်ဆုတောင်း ခြင်းကိုအားကိုးအားထားပြုလျှက် ဘုရားသခင်ထံဆုတောင်းပေးပါသည်’ ဟု Davao မှဂိုဏ်းချုပ်ဆရာ တော် Romulo Valles မှလည်းဆုတောင်းပေးထားသည်။

          ထို့အတူ ကျွန်ုပ်တို့အားလုံး (ဆရာတော်များ၊ ဘုန်းတော်ကြီးများ၊ သူတော်စင်များ၊ ဘာသာတူများ  လည်း အတူတကွ၊ တစ်သံတည်းကြွေး‌ကြော်ဆုတောင်းပေးကြပါစို့။  

 
ဘာသာပြန်-ဖာသာရ်ကလဲမင့်းအားတယ်
 
 
 

Add new comment

2 + 5 =