ရဟန်းမင်းကြီးသည် အီရတ်၀န်ကြီးချုပ်အား ဗာတီကန်၌လက်ခံတွေ့ဆုံ

ရဟန်းမင်းကြီးသည် အီရတ်၀န်ကြီးချုပ်အား ဗာတီကန်၌လက်ခံတွေ့ဆုံ

ရဟန်းမင်းကြီးသည် အီရတ်၀န်ကြီးချုပ်အား ဗာတီကန်၌လက်ခံတွေ့ဆုံ

ပြီးခဲ့သည့် သောကြာနေ့က ရဟန်းမင်းကြီးဖရန်စစ်သည် အီရတ်၀န်ကြီးချုပ် Mustafa Al-Kadhimi နှင့်သူ၏မိသားစု၊ ၀န်ကြီများအဖွဲ့အား ဗာတီကန်၌လက်ခံတွေ့ဆုံခဲ့သည်။ ဗာတီကန်၏သတင်းထုတ်ပြန်ချက်အရ ထိုသို့တွေ့ဆုံစဉ်၌ ရဟန်းမင်း ကြီး၏သမိုင်းသွင်သော တမန်တော်ခရီးကြွရောက်ခြင်းအကြောင်းကိုပြန်လည်သုံးသပ်ပြောဆိုခဲ့ကြကြောင်း၊ ထိုကြွရောက်ခြင်း ကြောင့် အီရတ်နိုင်ငံသားများအနေဖြင့်စည်းလုံးခြင်းကို ကြုံတွေ့ခံစားခဲ့ရကြောင်း၊ အဓွန့်ရှည်သော တည်ငြိမ်အေးချမ်းမူကိုတည် ဆောက်ရန်မှာ တွေ့ဆုံဆွေးနွေးသည့်ယဉ်ကျေးမူကိုတိုးမြှင့်လုပ်ဆောင်ရန်လိုအကြောင်း၊ ထို့အတူ အီရတ်နိုင်ငံ၌ ခရစ်ယာန်များ ရှိနေခဲ့သည့်သမိုင်းကိုလည်း ဆက်လက်၍ထိန်းသိမ်းကာကွယ်အားပေးရန်လိုအပ်ကြောင်း၊ ဤသို့ပြုလုပ်ခြင်းသည် အီရတ်နိုင်ငံအ နေဖြင့် အများကောင်းကျိုးကိုသယ်ပိုးလုပ်ဆောင်ခြင်း၏လက္ခဏာဖြစ်ကြောင်း၊ လူမျိုး၊ ဘာသာတိုင်းမရွေးဘဲ တူညီသောလူမူရေး၊ ဘာသာရေး၊ စီးပွားရေးအခွင့်အရေးကိုရရှိနိုင်ရန်အာမခံချက်ရှိရမည်ဖြစ်ကြောင်း၊ ထို့အတူ နိုင်ငံသားများဖက်မှလည်း နိုင်ငံသား ကျင့်၀တ်နှင့်ညီလျှော်ရှင်သန်ရမည်ဖြစ်ကြောင်း၊ အရှေ့အလယ်ပိုင်း၏အခြေအနေနှင့်ပတ်သက်၍ဒေသနိုင်ငံများအနေဖြင့် နိုင်ငံ တကာအဖွဲ့အစည်းများ၏အကူအညီကိုရယူပြီး အချင်းချင်းယုံကြည်မူနှင့်ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်နိုင်ရန်လိုအပ်ကြောင်းကိုလည်းအသားပေးပြောကြားသွားခဲ့ကြသည်ဟုဆိုသည်။ 

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3hCiIvo

 

Add new comment

4 + 12 =