အမေရိကန်နိုင်ငံ၏ကက်သလစ်အိုလံပစ်မယ် ဇူလိုင်လ အိုလံပစ်ပွဲတွင်ပါ၀င်မည်

အမေရိကန်နိုင်ငံ၏ကက်သလစ်အိုလံပစ်မယ် ဇူလိုင်လ အိုလံပစ်ပွဲတွင်ပါ၀င်မည်

အမေရိကန်နိုင်ငံ၏ကက်သလစ်အိုလံပစ်မယ် ဇူလိုင်လ အိုလံပစ်ပွဲတွင်ပါ၀င်မည်

အမေရိကန်နိုင်ငံ၏ကက်သလစ်အိုလံပစ်မယ် Grace McCallum သည် သူ၏ကျွမ်းကျင်မူနှင့်အတူကက်သလစ် တစ်ဦးအဖြစ် လာမည့်ဇူလိုင်လတွင်ကျင်းပမည့်အိုလံပစ်ပွဲတော်သို့ပါ၀င်ဆင်နွဲမည်ဖြစ်သည်။ သူသည် သူ၏စိပ်ပုတီးနှင့် သူ့အတွက်ထူးခြားသောခရူးစူးမပါဘဲ ခရီးတိုရှည်ကိုသွားလေ့လုံး၀မရှိကြောင်း၊  ထိုခရူးစူးသည် အဖွားဖြစ်သူထံမှရရှိထားသော ဘာသာရေးအမွေဖြစ်သည်ကြောင်း ကို  (၂၀၁၉) မီနီဆိုတာပြည် အ လယ်ပိုင်းထုတ်ကက်သလစ်မဂ္ဂဇင်းတွင် ဖော်ပြခဲ့သည်။ ထိုဘာသာရေးအဆောင်များကိုအမြဲဆောင်ထားခြင်းဖြင့် သူ့အားငြိမ်သက်ခြင်းနှင့်တည်ငြိမ်မူကိုရရှိစေသည်ဟုခံစားရကြောင်းမိခင်ဖြစ်သူ၏ဖြေကြားချက်၌ဖော်ပြထားသည်။

လက်ရှိ၌ အသက် (၁၈) နှစ်သာပြည့်သေးသောသူသည် ယခုနှစ်တိုကျို၌ကျင်းပမည့်အိုလံပစ်ပြိုင်ပွဲ၌ အမေရိကန်ကိုယ်စားပြုအမျိုးသမီး (၆) ဦးအနက်တစ်ဦးအဖြစ်ပါ၀င်သည်။ သူသည်ရေထဲ၌ လေ့ကျင့်ခန်းအကကို Simone Biles၊ Sunisa Lee နှင့် Jordan Chiles တို့နှင့်အတူပြိုင်ပွဲ၀င်ကြမည်ဖြစ်သည်။ သူသည်တက္ကသိုလ်တက်ရန်မကြာ မီကမှ ကျောင်းအပ်ထားသည်။ သူ၏မိသားစုသည် Isanti သာသနာ၊ St. Elizabeth Ann Seton သာသနာ အုပ်စုမှဖြစ်ပြီး Sandy နှင့် Ed တို့ဖြစ်သည်။ သူ၌မွေးချင်း (၅) ယောက်ရှိသည်။ ၄င်း တို့မှာ Rachael, Madelyn, Joseph, John, နှင့် Xavier တို့ဖြစ်သည်။

သူ၏မိသားစုသည် ဆုတောင်းအစွမ်း ကိုယုံကြည်သည်။ ဆုတောင်းခြင်းသည် သမီးဖြစ်သူ၏ အားကစားပြိုင်ပွဲကိုထူးခြားစွာပြောင်းလဲမူဖြစ်စေခဲ့ သည်။ ထို့ကြောင့်ဆုတောင်းခြင်းကိုမည်သည့်အခြေအနေ၌ဖြစ်စေ ဗဟိုပြုရှင်သန်ရန်၊ လုပ်‌ဆောင်ရန်အမြဲ ဆုံးမလေ့ရှိကြောင်း၊ အားကစားပြိုင်ပွဲသည် ပြင်းထန်သည်။ သို့သော်သူတို့အနေဖြင့်ဆုတောင်းခြင်းမှလွဲ၍ ဘာမျှမတတ်နိုင်ဟုအများကမှတ်ချက်ပြုသည်ကိုကျေနပ်ရကြောင်း၊ (၂၀၁၉) အမေရိကား၌ ချန်ပီယံဆွတ် ခူးစဉ်က သူအပါအ၀င် မိသားစုည် စိန့်ဖလိုမီးနာ၏ကြား၀င်ဆုတောင်းပေးခြင်းကိုတောင်းခံခဲ့ကြကြောင်း၊ သူတို့၏ဒုတိယနေ့ပြိုင်ပွဲမှာ ဩဂုတ်လ (၁၁)ဖြစ်သကဲ့သို့ ထိုနေ့သည်စိန့်ဖီလိုမီးနား၏ပွဲနေ့လည်းဖြစ်ခဲ့ သည်။

ဆုတောင်းခြင်းအစွမ်းကိုယုံကြည်သောကြောင့် ထိုပြိုင်ပွဲ၌ ကြေးတံဆိပ်ကိုဆွတ်ခူးနိုင်ခဲ့သည်။ ဆုတောင်းခြင်း၏အစွမ်းကိုမယုံကြည်သူများအတွက် တိုက်ဆိုင်မူဟုပြောကြမည်ဖြစ်သော်လည်း မိသားစုအတွက်မှာမူ ပွဲနေ့ရှင်၏ကြား၀င်ဆုတောင်းပေးသည့်အစွမ်းကြောင့်ဖြစ်သည်။ မိခင်ဖြစ်သူသည် ပြိုင်ပွဲအ တွက်သမီးဖြစ်သူနှင့်ခရီးပြုတိုင်း ရောက်သည့်အရပ်၌ ဘုရားကျောင်းတက်ဖြစ်အောင်တက်သည်။ ဘုရားကျောင်း၌ သမီးအတွက်စိတ်ငြိမ်စွာဆုတောင်းပေးလေ့ရှိသည်ဟုဆုတောင်းခြင်းအစွမ်းကို ယုံကြည်ကြောင်းမိခင်ဖြစ်သူ ကတွေ့မေးမြန်းရာတွင်ဖြေကြားခဲ့သည်။ သမီးဖြစ်သူကလည်း ဘုရားသခင်သည် သူ့ အား ဤအားက စား၌ထူးချွန်ဆုကိုပေးခဲ့၍ ကောင်းစွာအသုံးချရန်လိုသည်။ ကြွားရန်မဟုတ်ဟုဆိုသည်။ 

 အိုလံပစ် အားကစားသည် ဇူလိုင် (၂၃) ရက်နေ့၌စတင်မည်ဖြစ်ပြီး၊ အမျိုးသမီးများရေပြင်အလှပြအကပြိုင်ပွဲကိုမူ ဇူလိုင်လ (၂၅) ရက်နေ့တွင်စတင်ပြိုင်ပွဲ၀င်ရမည်ဖြစ်သည်။ ဤအတောအတွင်း၌ Grace McCallum သည် ပြိုင်ပွဲကိုအကောင်းဆုံးယှဉ်ပြိုင်နိုင်ရန်လေ့ကျင့်နေမည်ဖြစ်သည်။ ထို့ကြောင့် Grace McCallum အောင်ပွဲ ဆွတ်ခူးနိုင်ရန်အတွက်၀ိုင်း၀န်းဆုတောင်း‌ပေးကြပါစို့။

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3xik7he

Add new comment

3 + 6 =