နေပယ်’ မှဘုရားကျောင်းတစ်ကျောင်းပြင်ဆင်မွမ်းမံရန်အတွက် ရုရှားသမ္မတပူတင်အားအလှူခံ

နေပယ်’ မှဘုရားကျောင်းတစ်ကျောင်းပြင်ဆင်မွမ်းမံရန်အတွက် ရုရှားသမ္မတပူတင်အားအလှူခံ

နေပယ်’ မှဘုရားကျောင်းတစ်ကျောင်းပြင်ဆင်မွမ်းမံရန်အတွက် ရုရှားသမ္မတပူတင်အားအလှူခံ

 

သမ္မတပူတင်’ သည် ပြိုင်ဘက်ကိုဖြုတ်ထုတ်သောအာဏာရှင်သမ္မတဖြစ်သည်။ ထို့ကြောင့်လည်းကမ္ဘာပေါ် တွင်သမ္မတသက်တမ်းအကြားဆုံးမဟုတ်ခဲ့သော်လည်း ရာသက်ပန်သမ္မတဖြစ်ရန်ကြံရွယ်ထားဟန်ရှိသော သမ္မတဖြစ် သည်။ သူသည်ချမ်းသာသည်ဟုဖတ်ဖူးပါသည်။ အဘယ်မျှချမ်းသာသနည်းဟုမူ ကမ္ဘာ့အချမ်းသာဆုံးသမ္မတများစာရင်း ၀င်သည်ဟုလည်းကြားမိပါသည်။

 

ထို့ကြောင့်သူ့အားအလှူခံသည်ဆို၍မထူးဆန်းမိပါ။ ချမ်းသာတိုင်းအလှူဒါနပြုတတ် သည်မဟုတ်၍ ထူးဆန်းရသည်မှာ ရုရှားသမ္မတသည် ကိုယ်ကျိုးအတွက်အမြတ်အစွန်းမရှိဘဲ အလှူဒါနပြုသည်ဟု မ ကြားဖူး။ ယခုမှာနိုင်ငံရေး၊ စီးပွားရေးလည်းမဟုတ်။ ဘာသာရေးအတွက်အလှူခံသည်ဆို၍ပို၍ပင်အံ့အားသင့်ရပါသည်။ ‘နေပယ်’ မှဘုရားကျောင်းတစ်ကျောင်းပြင်ဆင်မွမ်းမံရန်အတွက် ရုရှားသမ္မတပူတင်အားအလှူခံလိုက်သည်။ ထိုအလှူခံ သည်ကိုလည်းပေးရန်သဘောတူထားသည်။ အဘယ်ကြောင့်ဆိုသော် ရုရှားနိုင်ငံအတွက်ကြည်ညိုလေးမြတ်ကိုးစားရ သောစိန့်နီကိုးလပ်စ်ဘုရားကျောင်းတော်ကြီးဖြစ်သောကြောင့်ဖြစ်ပါသည်။

 

ထိုဘုရားကျောင်း၏တာ၀န်ခံဘုန်းတော်ကြီး ဖာသာရ်မားရီယိုရေဂါ (Mario Rega) က ဤဘုရားကျောင်းတော်ကြီးအားပြင်ဆင်မွှမ်းမံရန်အတွက် အီတလီနိုင်ငံ၏ ယဉ်ကျေးမူဦးစီးဌာနသို့တောင်းခံခဲ့သော်လည်း အကြောင်းပြန်ကြားခြင်းမရှိကြောင်း၊ ထို့ကြောင့် ရရာအလှူရှင်ထံချဉ်းကပ်လိုက်ရကြောင်းရှင်းပြခဲ့သည်။

 

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

Photo courtesy of ANSA

https://bit.ly/3wgSnZb

Add new comment

6 + 0 =