ပုပ်ဖရန်စစ်သည် ခရစ်ယာန်ဘာသာရေးခေါင်းဆောင်ကြီးများနှင့် ဗာတီကန်၌အတူဆုတောင်း

ပုပ်ဖရန်စစ်သည် ခရစ်ယာန်ဘာသာရေးခေါင်းဆောင်ကြီးများနှင့် ဗာတီကန်၌အတူဆုတောင်း

ပုပ်ဖရန်စစ်သည် ခရစ်ယာန်ဘာသာရေးခေါင်းဆောင်ကြီးများနှင့် ဗာတီကန်၌အတူဆုတောင်း

 

ပုပ်ရဟန်းမင်းကြီးဖရန်စစ်သည် လက်ဘနွန်မှဗာတီကန်သို့အထူးဖိတ်ကြားထားသော လက်ဘနွန်မှခရစ်ယာန်ဘာသာရေးခေါင်း ဆောင်များအား နံနက် (၈း၃၀) အချိန်၌ ရဟန်းမင်းကြီးသီတင်းသုံးသော Santa Marta ရိပ်သာ၌လက်ခံတွေ့ဆုံခဲ့သည်။

 

ဦးဆုံး ‘မာရွန်နှိုက်’ ၀ိနည်းကျင့်သုံးသော ကာဒီနယ် Boutros Rai အားနှုတ်ဆက်ခဲ့သည်။ အာရ်မေးနီးယားခရစ်ယာန်ခေါင်းဆောင် ချီလီး ချီယာမှအာရ်မေးနီးယားအသင်းတော်ခေါင်းဆောင်ကိုနှုတ်ဆက်ခဲ့သည်။ ဘာသာရေးခေါင်းဆောင်များကိုကြိုဆိုနှုတ်ဆက်ပြီးနောက် စိန့်ပီတာဘာစီးလီကာဘုရားကျောင်းတော်ကြီးထဲသို့၀င်ရောက်သွားခဲ့ကြသည်။

 

ဘာစီးလီကာကြီးသည် လူသူကင်းမဲ့တိတ်ဆိတ်နေသည်။ ဘာသာရေးခေါင်းဆောင်များအားလုံး ဘာစီးလီကာ၏ ပင်မပလ္လင်၌နေရာယူလိုက်ကြသည်။ ထို့နောက်ရဟန်းမင်းကြီးဖရန်စစ် က ခရစ်ယာန်များစည်းလုံးခြင်းရရန်ရည်ရွယ်၍ ‘ကောင်းကင်ဘုံမေတ္တာ’ ကိုဦးဆောင်ဆုတောင်းလိုက်သည်။ ဘာသာရေးခေါင်းဆောင် များသည် အာရဗီဘာသာဖြင့်ဆုတောင်းခဲ့ကြသည်။ ထို့နောက်ခေတ္တတိတ်ဆိတ်စွာနေပြီးဆုတောင်းခဲ့ကြသည်။ ထို့နောက် သံပေတရု ၏အရိုးအိုးထားရှိသော ဘာစီးလီကာဘုရားကျောင်း၏အောက်ထပ်သို့ဆင်းသွားခဲ့ကြကာဖယောင်းတိုင်ထွန်းညှိပူဇော်ပေးခဲ့သည်။

 

ဤသို့ဖြင့်၄င်းတို့၏ငြိမ်းချမ်းရေးနှင့်ကိုဦးတည်ရှေ့ရူသောအစည်းအ‌ဝေးကိုအစပြုခဲ့ကြသည်။ ဤအစည်းအ‌ဝေးကို သုံးပိုင်းပိုင်း၍ ရဟန်းမင်းကြီး၏ရုံးတော်၌ကျင်းပခြင်းဖြစ်သည်။

 

 

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3jAkU9q

 

Add new comment

1 + 6 =