အမေရိကန်ပြည်ထောင်စု၊ နူးယော့မြို့ ဘုရားကျောင်း၌ ကိုယ်တော်မြတ်ရောင်ခြည်တော်ပခြုပ်အခိုးခံရ

အမေရိကန်ပြည်ထောင်စု၊ နူးယော့မြို့ ဘုရားကျောင်း၌ ကိုယ်တော်မြတ်ရောင်ခြည်တော်ပခြုပ်အခိုးခံရ

အမေရိကန်ပြည်ထောင်စု၊ နူးယော့မြို့ ဘုရားကျောင်း၌ ကိုယ်တော်မြတ်ရောင်ခြည်တော်ပခြုပ်အခိုးခံရ

အမိသာသနာတော်ကြီး၌ တနဂ်နွေနေ့ညနေပိုင်းများ၊ သာသနာ၏ရက်ကြီးအခါကြီးများနှင့်လ၏ပထမပတ်ကြာသပတေး၊ သောကြာ၊ စနေနေ့များ၌ကိုယ်တော်မြတ်ဖူးမြှော်ခြင်းရှိသည်။ ကိုယ်တော်မြတ်ဖူးမြှော်သောအခါ ကိုယ်တော် မြတ်အားထုတ်ဆောင်၍ Monstrance ထဲသို့ထည့်၍ဖူးမြှော်ခံလေ့ရှိသည်။ ထိုကိုယ်တော်မြတ်ကြီးထုတ်ဆောင်ထားစဉ် ခေတ္ထထည့်ထားသောပခြုပ်အခိုးခံလိုက်ရသည်။ အခိုးခံရသောဘုရားကျောင်းမှာ အမေရိကန်ပြည်ထောင်စု၊ နူးယော့မြို့ ၌ဖြစ်သည်။ အခိုးခံခဲ့ရသောနေ့မှာ သောကြာနေ့ဖြစ်ပြီး၊ အခိုးခံရကြောင်းသိလိုက်ရသည်မှာ တနဂ်နွေနေ့မနက်ပိုင်း ကိုယ်တော်မြတ်ဖူးမြှော်ခြင်းအစီအစဉ်မစတင်မီဖြစ်သည်။

အဆိုပါသူခိုးသည် နံနက် (၇) ရီ၀န်းကျင်ခန့်၌ စိန့်ဘားနားဘစ်ကက်သလစ်ဘုရားကျောင်းသို့၀င်ရောက်ခဲ့ ကြောင်း၊ ထိုခိုးယူခံလိုက်ရသော ကိုယ်တော်မြတ်ခေတ္တထည့်သည့်ပခြုပ်တော်သည် တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ (၁၀၀၀၀) တန်ကြောင်း၊ ထိုပခြုပ်တော်ကိုသိမ်းထားစဉ်ခိုးယူခဲ့ခြင်းဖြစ်၍ ကိုယ်တော်မြတ်မပါရှိပေ။ တနဂ်နေနေ့၌ ကိုယ်တော်မြတ်ဖူးခြင်းကို နံနက် (၉း၃၀) တွင်ပြုလုပ်လေ့ရှိသည်။ ခိုးယူသွားသူကိုဆက်လက်စုံစမ်းလျှက်ရှိသည်။ သူ ခိုးသည်ဘုရားကျောင်းထဲသို့ ဇွန် (၂၅) ရက်က၀င်ရောက်သွားပြီး၊ တစ်နာရီခန့်ကြာဘုရားကျောင်းအတွင်း၌ရှိနေခဲ့သည်။ သူခိုးအားအမြန်ဆုံးဖမ်းမိနိုင်ရန်ဆုတောင်းနေကြသည်။ အကယ်၍ ထိုနားတစ်၀ိုက်၌နေထိုင်သူများအနေဖြင့် မသက်ာ ဖွယ်သူစိမ်းများတွေ့ရှိရပါက ရဲအားသတင်းပေးပို့နိုင်ရန် ဆက်သွယ်နိုင်သည့် အရေးပေါ်ဖုန်းနံပါတ်များကိုလည်းကောင်း၊ အင်တာနက်မှလည်းကောင်းသတင်းပေးကြရန် နူးယော့ရဲများကအကူအညီတောင်းဆိုထားသည်။

ဤဘုရားကျောင်းသည် ပြီးခဲ့သော မေလ (၂၈) ရက်ကလည်း ဘုရားကျောင်း၀င်းအတွင်းရှိ အမိမယ်တော်၏ ဆင်းတုတော်ကိုနှစ်ပိုင်းပြတ်လျှက် ဖျက်ဆီးခံခဲ့ရပြီဖြစ်သည်။ မေလ (၁၅) ရက်နေ့ကလည်း သူငယ်တော်ယေဇူးကိုပွေ့ ပိုက်ထားသောမယ်တော်၏ဆင်းတုတော်သည်လည်း ဖျက်ဆီးခံထားရသည်ကို သာသနာ၏ဗဟိုကျောင်းတိုက်၌ဖြစ်ပျက် ခဲ့သည်။ မေလ (၁၄) ရက်နေ့ကလည်း ဘရူးကလင်မြို့၊ စိန့်အသာနားစီအုစ့်သာသနာအုပ်စု၀င်းအတွင်း၌ စိုက်ထူထား သော ခရူးစူးသည်လည်းလဲချထားပြီး၊ အမေရိကန်အလံတစ်ခုကိုလည်း မီးရှို့ထားခဲ့သည်။ စိန့်အသာနားစီအုစ့်သာသနာ အုပ်စု၏အခွဲဖြစ်သော စိန့်ဒေါမိနစ်သာသနာနယ်၌လည်း အသေးစားဖျက်ဆီးမူကိုခံခဲ့ရသည်။ ဧပြီလကလည်း ဖားဂိုသာ သနာမှ ယေဇူးသခင်၏ဆင်းတုတော်မျက်နှာသည်အနက်ရောင်ချယ်ထားခဲ့သည်။

ဧပြီ (၂၁) ရက်နေ့၌မူ ကယ်လီဖိုးနီးယားပြည်နယ် Van Nuys မြို့၊ စိန့်အဲလစ်ဇဘက်ဘုရားကျောင်း၌လည်း လူတစ်ဦးသည် တူဖြင့် ဂွာတာ လုပေမယ်တော်ဆင်းတုတော်ကိုထုခွဲခဲ့သည်။ ဖေဖော်၀ါရီအစောပိုင်း၌လည်း တက်ဆက်ပြည်နယ်၊ El Paso မြို့၊ စိန့်ပီအုစ် (၁၀) သာသနာအုပ်စု၌လည်း သိကြားမင်းများ၏ဆင်းတုတော်များထုခွဲဖျက်ဆီးခံခဲ့ရသည်။ ဇန္န၀ါရီလအစောပိုင်း၌ သူငယ်တော်ယေဇူး၏စိန့်ထရေ့စ် ဆင်းတုတော်သည်လည်း ဇောက်ထိုးအနေအထားမျိုးထား ရှိ၍ ‘စာတန်’ ဟုလည်းရေးထိုးထားခဲ့သည်အဖြစ်အပျက်များစွာကြုံနေခဲ့ရသည်။

ဘာသာပြန်-ဖာသာရ်ကလဲမင့်းအားတယ်

https://bit.ly/3hqY8Ov

Add new comment

1 + 14 =