ဇူလိုင် (၁) ရက်‌နေ့၌ ‘လက်ဘနွန်’ နိုင်ငံအတွက်ဆုတောင်းပေးကြရန် ပုပ်ဖရန်စစ်တိုက်တွန်း

ဇူလိုင် (၁) ရက်‌နေ့၌ ‘လက်ဘနွန်’ နိုင်ငံအတွက်ဆုတောင်းပေးကြရန် ပုပ်ဖရန်စစ်တိုက်တွန်း

ဇူလိုင် (၁) ရက်‌နေ့၌ ‘လက်ဘနွန်’ နိုင်ငံအတွက်ဆုတောင်းပေးကြရန် ပုပ်ဖရန်စစ်တိုက်တွန်း

 

ဇူလိုင်လ (၁) ရက်‌နေ့သည် ‘လက်ဘနွန်’ နိုင်ငံအတွက် အထူးဆုတောင်းဆင်ခြင်ရသောနေ့အဖြစ် ပုပ်ရဟန်းမင်း ကြီးဖရန်စစ်အရှင်သူမြတ်ကတိုက်တွန်းဖိတ်ခေါ်ထားသည်။ အဘယ်ကြောင့်ဆိုသော် ‘လက်ဘနွန်’ သည် နှစ်ပေါင်းများစွာ နိုင်ငံရေး၊ စီးပွား ရေး၊ လူမူရေးပဋိပက္ခများ၏ ဒဏ်ကိုခါးစီးခံနေခဲ့ရသော နိုင်ငံတစ်ခုဖြစ်သည်။ ဆိုးရွားသောအ‌ခြေအနေများအနက် ယခင် နှစ် (၂၀၂၀၊ ဩဂုတ်လ) က မြို့တော်ဘေရွတ် သင်္ဘောဆိပ်၌ဖြစ်ပွားခဲ့သော အကြမ်းဖက်သည့် အလွန်အင်အားကြီးမားသည့်ပေါက်ကွဲမှုသည် နိုင်ငံအတွက် အလွန်ဆိုးရွားပျက်ဆီးဆုံးရှုံးမူကြီးမားခဲ့သည်။

 

ကာဒီနယ် Leonardo Sandri က ဇူလိုင်လ (၁) ရက်နေ့အကြောင်းနှင့်ပတ်သက်၍ သတင်း စာရှင်းလင်း ပွဲ၌ ဤသို့ ပြုလုပ်ရခြင်းမှား ‘အတူတကွလျှောက်လှမ်းရန်’ ဖြစ်ကြောင်း၊ လက်ဘနွန်ရှိခရစ်ယာန်များသည် မိမိတို့၏အသင်းအသီးသီး ကိုကိုယ်စားပြုကြောင်း၊ ထို့ကြောင့်ရန် အတူတကွဆင်ခြင်ရန်၊ ထောက်ရူရန် နှင့်ဆုတောင်းရန်ဖြစ်ကြောင်း၊ ပြည်သူတို့၏ ငိုကြွေးအော်ဟစ်သံများကိုလည်း ၄င်းတို့၏ဆုတောင်းခြင်း၌ ရောမမြို့သို့အရောက်သယ်ဆောင်မည်ဖြစ်ကြောင်း၊ ဤအစီအစဉ်သည် ၀ိညာဉ်ရေးသက်သက်ဖြစ်ပြီး၊ ရဟန်းမင်း ကြီးမှလည်းဩ၀ါဒမြွတ်ကြားမည်ဖြစ်ကြောင်း၊ ရဟန်းမင်း ကြီး၏ဩ၀ါဒ၌လည်း အစည်းအဝေးတွင် ဆွေးနွေးခဲ့ ကြသော ဘက်ဘနွန်နိုင်ငံ၏အနာဂါတ်ရေးအတွက် အရေးကြီး သောတောင်းဆို ချက်များ၊ မေတ္တာရပ်ခံချက် များပါ၀င်မည်မှာသေချာကြောင်းပြောကြားခဲ့သည်။

 

ဗာတီကန်၏ပြည်သူ့ဆက်ဆံရေးဌာန အတွင်းရေးမှူးဖြစ်သော ဂိုဏ်းချုပ်ဆရာတော် Paul Richard Gallagher ကလည်း ယခုကျင်းပသောတွေ့ဆုံဆုတောင်းခြင်းအစီအစဉ်၌ နိုင်ငံရေးသမားများ ပါဝင်မည်မဟုတ်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် လက်ဘနွန်မှ ဘာသာရေးခေါင်းဆောင်များနှင့်သာ သီးသန့်တွေ့ဆုံဆွေးနွေးဆုတောင်းရန်ကို တောင်းထားခဲ့ကြောင်း၊ ရဟန်းမင်းကြီးဖရန်စစ်နှင့်တွေ့ဆုံတိုင်း လက်ဘနွန်သို့တမန်တော်ခရီးကြွရောက်လိုကြောင်းကို သာအထပ်ထပ်ပြောလေ့ရှိကြောင်း၊ လက်ဘနွန်နိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး၌ တစ်စုံတစ်ရာပါ၀င်လုပ်ဆောင်နိုင်မည်ဟု မျှော်လင့်ကြောင်း၊ လက်ရှိ၌ ရဟန်းမင်းကြီး၏ ခရီးစဉ်ကိုစီစဉ်ရန်မှာ ယခုနှစ်ကုန်သည့်အထိ အလွန်ပင်ခက်ခဲနေမည်ဖြစ် ကြောင်း၊ နောက်နှစ် နှစ်စ၌ဖြစ်နိုင် ကောင်းဖြစ်နိုင်ကြောင်းရှင်းပြခဲ့သည်။

 

ယခုတွေ့ဆုံခြင်း၏ဆောင်ပုဒ်မှာ ‘ဘုရားသခင်သည် လက်ဘနွန်နိုင်ငံ အတွက်ငြိမ်းချမ်း ရေးကိုကြံစည်ထား၏။ ကျွန်ုပ်တို့အားလုံးအတူတကွလုပ်ဆောင်ကြပါစို့’ ဟုဖြစ်သည်။ ထိုအစည်းအဝေးကို ဇူလိုင်လ (၁) ရက်နေ့၊ နံနက် (၈း၃၀) အချိန်တွင် ရဟန်းမင်းကြီးသီတင်းသုံးသော ဆန်တာမားရ်တာ၌ ဘာသာရေးခေါင်းဆောင်များအား ရဟန်းမင်း ကြီးမှလှိုက်လှဲစွာကြိုဆိုရင်းအစပြုမည်ဖြစ်သည်။ စိန့်ပီတာဘာစီးလီကာဘုရားကျောင်းတော်ကြီးထဲ၌ ဆုတောင်းမေတ္တာတို လေးကိုအတူတကွပြုကြမည်ဖြစ်သည်။ အစည်းအဝေးကို (၃) ပိုင်းပိုင်း၍ကျင်းပပြီး၊ ရဟန်းမင်းကြီး ၏ဩ၀ါဒဖြင့်အ ဆုံးသတ်မည်ဖြစ်သည်။

 

လက်ဘနွန်သည် မြေထဲပင်လယ်ဒေသမှနိုင်ငံတစ်ခုဖြစ်ပြီး၊ လူဦးရေ (၅) သန်းသာ ရှိပြီး အရှေ့အလယ်ပိုင်းဒေသ၌ ခရစ်ယာန်ဦးရေအများဆုံးနိုင်ငံတစ်ခုဖြစ်သည်။ နိုင်ငံ၏လူဦးရေး သုံးပုံတစ်ပုံသည်ခရစ်ယာန် ဖြစ်သည်။ မေလ (၃၀) ရက်နေ့က ရဟန်းမင်းကြီးသည် မွန်းတည့်ဆုတောင်း ‘အန်ဂျေလူစ်’ မေတ္တာရွတ်ဆိုအပြီး လက်ဘနွန်နိုင်ငံ၏ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးအတွက် ဆုတောင်းရန်ပန်ကြားတိုက်တွန်းခဲ့သည်။ ရဟန်းမင်းကြီးသည် ဇူလိုင်လ (၁) ရက်နေ့အတွက်တင်ကြို၍ပင် ဆုတောင်းမေတ္တာအလှူခံထားပြီဖြစ်သည်။ အဘယ်ကြောင့်ဆိုသော်လက် ဘနွန်နိုင်ငံသည် ပို၍တည်ငြိမ်လေးနက်သောအနာဂါတ်ကိုတည်ဆောက်နိုင်ရန်အတွက်ဖြစ်သည်။

 

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

 

https://bit.ly/2UHuVqO

Add new comment

1 + 5 =