ရှင်ပီတာ၏အကြွေစေ့ သည် ပုပ်ရဟန်းမင်းကြီး၏ ဂရုဏာရေးလုပ်ငန်းများ တွက် ဖြည့်တင်းပေးနေဟုဆို

ရှင်ပီတာ၏အကြွေစေ့ သည် ပုပ်ရဟန်းမင်းကြီး၏ ဂရုဏာရေးလုပ်ငန်းများ တွက် ဖြည့်တင်းပေးနေဟုဆို

ရှင်ပီတာ၏အကြွေစေ့ သည် ပုပ်ရဟန်းမင်းကြီး၏ ဂရုဏာရေးလုပ်ငန်းများ တွက် ဖြည့်တင်းပေးနေဟူဆို

        ကမ္ဘာ့ကပ်ဘေးအတွင်း ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်သည် အသက်ရှုစက်ကဲ့သို့သော ကျန်းမာရေးသုံးပစ္စည်းများကို လက်တင်အမေရိကမှ တရုတ်ပြည်သို့ပေးပို့ခဲ့သည်။ ထိုသို့သော ဂရုဏာရေးလုပ်ငန်းများတွင် အသုံးပြုသောငွေကို ပုပ်ရဟန်းမင်းကြီးသည် အဘယ်ကရပါသနည်း။

        နှစ်စဉ်၊ ဇွန်လ(၂၉)ရက်နေ့သည် ရဟန္တာရှင်ပီတာနှင့်ရှင်ပေါလ်လူးတို့၏ပွဲနေ့ဖြစ်ပြီး တစ်နည်းအားဖြင့် “ရဟန်းမင်းကြီးအရှင်သူမြတ်နေ့”အဖြစ်သတ်မှတ်ထားသည်။ ထိုနေ့တွင် ကက်သလစ်ဘာသာဝင်များထဲမှ ကောက်ခံရရှိသောအလှူငွေများကို ရဟန်းမင်းကြီးမှ မိမိ၏ဂရုဏာရေးလုပ်ငန်းများတွင်အသုံးပြုခြင်း ဖြစ်သည်။

        ယခုကဲ့သို့ဖြစ်စဉ်ကို (၁၈၇၁)တွင် ပုပ်ရဟန်းမင်းကြီး နဝမမြောက် ပီဦးမှစတင်ခဲ့ခြင်း ဖြစ်သည်။ သို့သော် (၁၇)ရာစုတွင် Angelo-Saxons များ ဘာသာထဲပြောင်းလာသောအခါတွင် ရောမမြို့အပေါ် သစ္စာရှိမှုကို ပြသသည့်အနေဖြင့် နှစ်စဉ်နှစ်တိုင်း ထောက်ပံမှုပေးချိန်တွင် အမှန်တကယ် အကောင် အထည်ပေါ်လာခြင်းဖြစ်ပြီး “Denarius Sancti Petri” ရှင်ပီတာ၏ပေးကမ်းမှု ဟု ခေါ်တွင်ခဲ့သည်။

        ဗာတီကန်၏ဘဏ္ဍာရေးမှူးဖြစ်သူ Juan Antonio Gurrrero Alves မှ ယခုအစီအစဉ်မှ (၂၀၁၉)ခုနှစ်တွင် ဒေါ်လာ(၆၄)သန်း၊ (၂၀၂၀)ခုနှစ်တွင် ဒေါ်လာသန်း(၅၀)၊ ကောက်ခံရရှိမှု များရှိ သကဲ့သို့ အသုံးစရိတ်များအတွက် ကုန်ကျမှုများမှာလည်း မြင့်တက်လျှက်ရှိကြောင်း ပြောကြားခဲ့သည်။ (၂၀၁၅)ခုနှစ်တွင် ရံပုံငွေ ဒေါ်လာသန်း(၃၈၀) ရှိခဲ့သော်လည်း ယနေ့အချိန်တွင်မူ ဒေါ်လာ (၂၄၅)သန်းခန့်သာရှိတော့ကြောင်း တင်ပြပြီး အသင်းတော်၏ဂရုဏာရေးစီမံကိန်းများသည် ကက်သလစ်ဘာသာဝင်များ၏ ရက်ရောမှုအပေါ်တွင် မူတည်နေကြောင်း ပြောကြားခဲ့သည်။

 

ဘာသာပြန်- Bro.Patrick Aye Shine Aung

Photo courtesy of Patheos/google images

https://bit.ly/3h0MR8G

Add new comment

3 + 0 =