ပုပ်ဖရန်စစ်သည် ရဟန္တာရှင်ပီတာနှင့်ရှင်ပေါလ်ပွဲနေ့တွင် ပါလီအွမ် လည်ဆွဲ များကို ကောင်းကြီးပေး

ပုပ်ဖရန်စစ်သည် ရဟန္တာရှင်ပီတာနှင့်ရှင်ပေါလ်ပွဲနေ့တွင် ပါလီအွမ် လည်ဆွဲ များကို ကောင်းကြီးပေး

ပုပ်ဖရန်စစ်သည် ရဟန္တာရှင်ပီတာနှင့်ရှင်ပေါလ်ပွဲနေ့တွင် ပါလီအွမ် လည်ဆွဲ များကို ကောင်းကြီးပေး

ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်သည် ပြီးခဲ့သောနှစ်က ဂိုဏ်းချုပ် ဆရာတော် အဖြစ် ရွေးချယ် ခံရသော ဆရာတော်များ ဝတ်ဆင်ရန်အတွက် လည်ဆွဲ (pallium) များကို ဂျွန်လ ၂၉ ရက် ကျင်းပသည့် ရဟန္တာရှင်ပီတာနှင့်ရှင်ပေါလ်ပွဲနေ့ မစ္ဆားတရားတော်မြတ်အတွင်း၊ ရဟန္တာရှင်ပီတာ၏ အုတ်ဂူအနီးတွင် ထားရှိပြီး ကောင်းကြီးပေးတော်မှာဖြစ်ကြောင်း ဗာတီကန်က ကြိုတင်ကြေငြာခဲ့ပြီး ဖြစ်ပါသည်။

Pallium ပါလီအွမ် ဆိုသည်မှာ ဂိုဏ်းချုပ်ဆရာတော်ကြီးများ၏ ပုခုံးပေါ်တွင် ဝတ်ဆင်ထားသော သိုးမွေး ဖြင့်ပြုလုပ်ထားသည့် လည်ဆွဲဖြစ်ပြီး ဂိုဏ်းချုပ်ဆရာတော်များ ပုခုံးတင်ထမ်းဆောင်ရသော သိုးစုကို ကိုယ်စားပြုသည်။

ရဟန်းမင်းကြီးအရှင်သူမြတ်သည် ယင်းလည်ဆွဲများကို ဗာတီကန်တွင်သာ ကောင်းကြီး ပေးခဲ့ပြီး ၊ သက်ဆိုင်ရာဂိုဏ်းချုပ်ဆရာတော်ကြီးများထံသို့ ပေးပို့သွားမည်ဖြစ်ကာ ဂိုဏ်းချုပ်ဆရာတော် များသည်လည်း မိမိတို့သာသနာတွင် အခြားသောဆရာတော်များနှင့် ဘာသာတူများရှေ့တွင် လက်ခံရ ယူကြရမည်ဖြစ်သည်။

ပွဲနေ့မစ္ဆားတရားတော်မြတ်ကို စိန့်ပီတာရင်ပြင်တော်၌၊ ဗာတီကန်စံတော်ချိန် မနက် ၉း၃ဝ တွင် ကန့်သတ်ထားသော လူဦးရေဖြင့်သာ ကျင်းပခဲ့ပါသည်။

 

ဘာသာပြန်-Bro.Patrick Aye Shine Aung

https://bit.ly/2SAxF8X

Add new comment

18 + 0 =