ဖိလစ်ပိုင် ကက်သလစ် သမ္မတဟောင်း Benigno Aquino III ကွယ်လွန်

ဖိလစ်ပိုင် ကက်သလစ် သမ္မတဟောင်း Benigno Aquino III ကွယ်လွန်

ဖိလစ်ပိုင် ကက်သလစ် သမ္မတဟောင်း Benigno Aquino III ကွယ်လွန်

ဂျွန်လ ၂၄ ရက်နေ့က သက်တော် ၆၁ နှစ်ရှိ ယခင် ဖိလစ်ပိုင် သမ္မတဖြစ်ခဲ့သူ Benigno Aquino III သမ္မတ နွိုင်နွိုင်း ဟာ ကြာရှည်ဖျားနာခြင်းကြောင့် ကွယ်လွန်သွားပါတယ်။ သမ္မတ နွိုင်နွိုင်းဟာ ဖိလစ်ပိုင်ရဲ့ အထင်ကရ နိုင်ငံ့ခေါင်းဆောင်များဖြစ်ခဲ့ကြသည့် Corazon Aquino နဲ့  Benigno Aquino Jr. တိုဲရဲ့ သားလည်းဖြစ်ပါတယ်။

မနီလာဂိုဏ်းချုပ်ဆရာတော်ကြီး Cardinal Jose Advincula က ဖိလစ်ပိုင်ကက်သလစ်ဘာသာရေးခေါင်းဆောင်များအား ကွယ်လွန်သူအတွက် ဆုတောင်းပေးကြဘို့ နှိုးဆော်ခဲ့ပါတယ်။

“သမ္မတ နွိုင်နွိုင်းကွယ်လွန်တဲ့သတင်းကို ကြားရတာစိတ်မကောင်းဖြစ်ရတယ်။ သနားကြင်နာတော်မူသော အဖဘုရားရှင်ထံ ကွယ်လွန်သူအတွက် ယခုပင်ကျွန်ုပ်တို့ဆုတောင်းပေးကြပါစို” လို့ ဆိုရင်း ၃၃ ကြိမ်မြောက် မနီလာဂိုဏ်းချုပ်ဆရာတော်အဖြစ် ၎င်းရဲ့ ပလ္လင်အပ်နှင်းပွဲမှာ ဆရာတော်ကြီး Cardinal Jose Advincula က ကြေငြာကာ ဆုတောင်းမေတ္တာကို ဉီးဆောင်ခဲ့ပါတယ်။

သူဟာတကယ့်ကိုမှ တိုင်းပြည်စီးပွားရေးပြန်ထောင်လာအောင် အလုပ်ကြိုးပမ်းခဲ့တဲ့ သမ္မတဖြစ်ပါတယ်လို့ ဆရာတော်ကြီးတပါးကမှတ်ချက်ပြုသလို အခြားဆရာတော်များကလည်း သမ္မတနွိုင်းနွိုင်းဆုံးရှုံးရခြင်းအတွက်များစွာစိတ်မကောင်းဖြစ်ရကြောင်းဆိုပါတယ်။

ကွယ်လွန်သူဟာ ၂၀၁၀ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ ဖိလစ်ပိုင်နိုင်ငံ ကို အုပ်ချုပ်ခဲ့တဲ့သမ္မတဖြစ်ပါတယ်။

 

ဘာသာပြန်-စစ္စတာရ်လူစီယားသန္တာအောင်၊ SJA

 

 

 

 

 

Add new comment

9 + 10 =