ပုပ်ဖရန်စစ်သည် သြစ်ဘာ့ဂ်ယုံကြည်ရာဝန်ခံချက်၏ (၄၉၁) နှစ်မြောက် နှစ်ပတ်လည်တွင် ကမ္ဘာ့လူသရင်အဖွဲ့ချုပ်မှကိုယ်စားလှယ်များနှင့် တွေ့ဆုံ

ပုပ်ဖရန်စစ်သည် သြစ်ဘာ့ဂ်ယုံကြည်ရာဝန်ခံချက်၏ (၄၉၁) နှစ်မြောက် နှစ်ပတ်လည်တွင် ကမ္ဘာ့လူသရင်အဖွဲ့ချုပ်မှကိုယ်စားလှယ်များနှင့် တွေ့ဆုံ

ပုပ်ဖရန်စစ်သည် သြစ်ဘာ့ဂ်ယုံကြည်ရာဝန်ခံချက်၏ (၄၉၁) နှစ်မြောက် နှစ်ပတ်လည်တွင် ကမ္ဘာ့လူသရင်အဖွဲ့ချုပ်မှကိုယ်စားလှယ်များနှင့် တွေ့ဆုံ

သြစ်ဘာ့ဂ်ယုံကြည်ရာဝန်ခံချက်သည် မူလအားဖြင့် အနောက်တိုင်းခရစ်ယာန်ဘာသာမှခွဲထွက်ရေးကို ရှောင်ရှားရန်ကြိုးပမ်းမှုဖြစ်သော်လည်း၊ နောက်ပိုင်းတွင် လူသရင်ယုံကြည်ရာဝန်ခံချက်၏ အဓိကမှတ်တမ်းအဖြစ် သဘောတူလက်ခံခဲ့သည်။

ပုပ်ရဟန်းမင်းကြီး - “ကျွန်ုပ်တို့ ရာစုနှစ်တစ်ခုပြီးတစ်ခုတွေ့ကြုံခဲ့ရတဲ့ ပဋိပက္ခတွေကနေ ကျွန်ုပ်တို့ရှာဖွေနေကြတဲ့ မိတ်သဟာယဖွဲ့ခြင်းအထိလုပ်နိုင်ဖို့အတွက် မိမိတို့ကိုယ်ကို အကျပ်အတည်းကြုံဖို့ ခွင့်ပြုကြရမှာပါ။ အဲဒီအကျပ်အတည်းဆိုတာ သခင်ဘုရားဆီကလာတဲ့ ကောင်းချီးမင်္ဂလာတော်ဖြစ်တယ်”

ပုပ်ရဟန်းမင်းကြီးဖရန်စစ်က ခရစ်ယာန်အားလုံးနှင့်ဆိုင်သော တန်ဖိုးကြီးရတနာများမှာ ဘုရားတစ်ပါးတည်း၊ ခန္ဓာကိုယ်တစ်ခုတည်းနှင့် ဆေးကြောခြင်းတစ်ပါးတည်းဖြစ်ကြောင်း မှတ်ချက်ချခဲ့သည်။

ပုပ်ရဟန်းမင်းကြီး - “သန့်ရှင်းသောဆေးကြောခြင်းမင်္ဂလာဆိုတာက ကျွန်ုပ်တို့ရဲ့ဘာသာရေးဆိုင်ရာ ကြိုးပမ်းမှုတွေနဲ့ စည်းလုံးမှုအပြည့်အဝရရှိရေးအတွက် ကျွန်ုပ်တို့ရဲ့ဆက်ကပ်ခြင်းကို အခြေခံပြီး ကမ္ဘာဦးကတည်းက ဘုရားသခင်ပေးသနားတဲ့ဆုကျေးဇူးတော်ဖြစ်တယ်။  ဘာကြောင့်လဲဆိုရင် ခရစ်ယာန်များအားလုံး စည်းလုံးညီညွတ်ရေးဆိုတာ သာသနာပြုပုဂ္ဂိုလ်တွေရဲ့သံတမန်လုပ်ငန်းတစ်ခု မဟုတ်ပါဘူး။ ဘုရားသခင်ရဲ့ကျေးဇူးတော်နဲ့လျှောက်လှမ်းရတဲ့ ခရီးစဉ်တစ်ခုပါ။”

စုံလင်ပြည့်ဝသည့်စည်းလုံးညီညွတ်ရေးဆီသို့ ခရီးဆက်ကြရန် ခရစ်ယာန်များအားလုံးကို ပုပ်ရဟန်းမင်းကြီးက အားပေးတိုက်တွန်းခဲ့သည်။

ပုပ်ရဟန်းမင်းကြီး- “ဝိညာဉ်ရေးနဲ့ဘာသာရေးဆိုင်ရာနိမ့်ကျမှုအားဖြင့် ကွဲပြားမှုတွေဖြစ်ပေါ်စေတဲ့ အခြေအနေတွေကို ပြန်ပြီးဆန်းစစ်ဖို့အရေးကြီးတယ်။ အတိတ်ကဝမ်းနည်းဖွယ်ဖြစ်ရပ်တွေကို ပယ်ဖျက်လိုက်ဖို့မဖြစ်နိုင်ပေမဲ့၊ ပြန်လည်ပေါင်းစည်းထားတဲ့သမိုင်းကြောင်းရဲ့အစိတ်အပိုင်းအဖြစ် ပြန်ပြီးအဓိပ္ပယ်ဖွင့်ဆိုနိုင်တယ်”

ကမ္ဘာ့လူသရင်အဖွဲ့ချုပ်ကိုယ်စား နိုင်ဂျီးရီးယားလူသရင်သာသနာမှ ဂိုဏ်းချုပ်ဆရာတော်ကြီး Musa Filibus သည် မစ္ဆားတရားပူဇော်ရာတွင်အသုံးပြုသည့် ပန်းကန်ပြားငယ်နှင့် ကာလစ်ခွက်ကို ပုပ်ရဟန်းမင်းကြီးအား လက်ဆောင်အဖြစ်ပေးအပ်ခဲ့သည်။ ၎င်းကို ကမ္ဘာအနှံ့ရှိ ကက်သလစ်ဘာသာဝင်များနှင့် ပရိုတက်စတန်များပါဝင်သည့် Taizé Community မှ ပြုလုပ်ထားခြင်းဖြစ်သည်။

ပုပ်ရဟန်းမင်းကြီးက အစည်းအဝေးတက်ရောက်သူအားလုံးကို ‘ခရစ်ယာန်များအကြား ပြည့်ဝသည့် စည်းလုံးညီညွတ်မှုပြန်လည်တည်ဆောက်ရေး’ အတွက် အတူတကွဆုတောင်းကြရန်တိုက်တွန်းကာ အစည်းအဝေးကို အဆုံးသတ်ခဲ့သည်။

 

ဘာသာပြန် - စစ္စတာရ်ဂါဘရီအဲလားအွမ်ပိုင် (SJA)

https://bit.ly/2UavXM0

Add new comment

13 + 2 =