အစီအစဉ်များထဲတွင် Malta သို့ အလည်အပတ်ကြွရောက်ရန်ပါဝင်ကြောင်းပုပ်ဖရန်စစ် မြွက်ကြား

အစီအစဉ်များထဲတွင် Malta သို့ အလည်အပတ်ကြွရောက်ရန်ပါဝင်ကြောင်းပုပ်ဖရန်စစ် မြွက်ကြား

အစီအစဉ်များထဲတွင် Malta သို့ အလည်အပတ်ကြွရောက်ရန်ပါဝင်ကြောင်းပုပ်ဖရန်စစ် မြွက်ကြား

       

Malta မြို့၏ ခရီးသွားလုပ်ငန်းနှင့်စားသုံးသူများကာကွယ်ခြင်းဆိုင်ရာဝန်ကြီးဖြစ်သော Clayton Bartolo နှင့် ဗာတီ ကန်အတွက် Malta မြို့၏ သံအမတ်ဖြစ်သော Frank Zammitတို့ သည် ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ် ပရိသတ် နှင့်တွေ့ဆုံချိန်တွင် ရဟန်းမင်းကြီးအရှင်သူမြတ်အား “Malta မြို့သို့ အလည်အပတ် ကြွရောက် စေလို ကြောင်းနှင့် Malta မြို့သူမြို့သားများသည်လည်း အရှင်မြတ် အား ကြွရောက်ပေးရန်မျှော်လင့်နေကြကြောင်း” ပြောဆိုနုတ်ဆက်ခဲ့သည်။

 

ရဟန်းမင်းကြီးအရှင်သူမြတ်မှလည်း Malta အလည်အပတ် ကြွရောက်ရန် အစီ အစဉ်ရှိကြောင်း ပြန် လည်မြွက်ကြားခဲ့သည်။ ဝန်ကြီး Clayton Bartolo မှ Malta မြို့၏ အဓိကကျသော ဘာသာ ရေးဆွဲဆောင်မှုများအကြောင်း ရေးသားထားသော စာအုပ်ကို ရဟန်းမင်းကြီး ဖရန်စစ်အရှင် သူမြတ်အား လက် ဆောင်အဖြစ် ဆက်သခဲ့သည်။ စိန့်ပေါလ်သည် Malta မြို့တွင် မြွေကိုက်ခံခဲ့ရခြင်းအကြောင်းကို ရဟန်း မင်းကြီး အရှင် သူမြတ်မှ ရယ်မောစရာအဖြစ် ပြောဆိုခဲ့သကဲ့သို့ စနောက်သည့်အနေဖြင့် “ဒီစာအုပ်ထဲမှာ မြွေတွေပါ သ လား ဟု မေးမြန်းတော်မူခဲ့သည်။

 

“Malta မြို့တွင် ရှိခိုးဝတ်ပြုရန်အတွက် နေရာ (၅၉၀) ကျော်ရှိပြီး ယုံကြည်ခြင်းကို ပိုမိုခံစားသိရှိလိုသူ ဧည့် သည် တော်များအတွက်အခွင့်အရေးများစွာရှိသော နေရာဖြစ်သည်။ Melta မြို့သည် လှပသော ပင်လယ်များ နှင့် သာယာ သောရာသီဥတုရှိသည့် အလှမြို့တော်တစ်ခုဖြစ်သည်။ တစ်နှစ်လုံးတွင် အများ အားဖြင့် နေသာ လေ့ရှိသည်။ ထိုအ ရာများ အတွက်သာမက ကျွန်ုပ်တို့၏ ယဉ်ကျေးမှုများ၊ ရာဇဝင်များ၊ ဘာသာရေး အမွေ အနှစ် များ အတွက် လည်းဧည့်သည်တော် များ လာရောက်လည်ပတ်ကြပါ။ ရဟန်း မင်းကြီး အရှင်သူ မြတ် သည် လည်းကျွန်ုပ်တို့၏ ယဉ်ကျေးမှုနှင့် သမိုင်းဆိုင်ရာ ကြွယ်ဝမှုများ ကိုလာ ရောက်လေ့လာသော ဧည့်သည်တော်များထဲမှ အထူးဧည့် သည်တော်အဖြစ် လာရောက်ရန် မျှော်လင့်လျှက်ရှိပါသည်။”  လို့ ခရီးသွားလုပ်ငန်းနှင့် စားသုံးသူများကာကွယ်ခြင်းဆိုင်ရာဝန်ကြီးသည် Malta ကျွန်းတွင် သဘောင်္ပျက် ချိန်က တည်းက စိန့်ပေါလ်စတင်ခဲ့သော ခရစ်ယာန်ဘာသာတရား၏ ခရစ်ယာန်ရှေးထုံးအစဉ်အလာများ ကြွယ်ဝမှုကို လည်း ရောမမြို့ရှိသတင်းမီဒီယာနှင့် အင်တာဗျူးတွင် ယခုကဲ့သို့ ဖြေကြားခဲ့ခြင်းဖြစ်သည်။

 

ဘာသာပြန်-Bro.Patrick Aye Shine Aung

https://bit.ly/3h6CxLh

Add new comment

4 + 11 =