ယေဇူးသခင်မွေးဖွားသန့်စင်ခဲ့သောမြေဆီသို့  ROACO ရူမျှော်နေ

ယေဇူးသခင်မွေးဖွားသန့်စင်ခဲ့သောမြေဆီသို့  ROACO ရူမျှော်နေ

ယေဇူးသခင်မွေးဖွားသန့်စင်ခဲ့သောမြေဆီသို့  ROACO ရူမျှော်နေ

            စာရေးသူကိုယ်တိုင် ROACO သည်အဖွဲ့အစည်းတစ်ခု၏အမည်ဖြစ်သည်ကို ယခုဤဆောင်းပါးကိုဘာသာပြန်မှ သာသိလိုက်ရပါသည်။ ROACO သည်မည်သည့်အဖွဲ့အစည်း၏အမည်နည်း။ အရှေ့တိုင်းသာသနာများပြန်လည်ပေါင်း စည်းရေးကိုရှေ့ရူသောအကူအညီပေးသည့်အဖွဲ့အစည်း (Reunion of Aid Agencies for the Oriental Churches) ၏အမည် ဖြစ်သည်။ ဤအဖွဲ့အစည်းသည် ပြီးခဲ့သောတနလ်ာ နေ့မွန်းလွဲပိုင်းက ၄င်းတို့၏ (၈၄) ကြိမ်မြောက်ပုံမှန်အစည်းအ‌ ဝေးကိုရောမမြို့ရှိ ‘ကောင်းသောသိုးထိန်း’ အဆောင်၌ကျင်းပခဲ့သည်။ ဤအစည်းအ‌ဝေးသည် ကြာသပတေးနေ့ အထိကျင်းပမည်ဖြစ်သည်။

            ဤအဖွဲ့၏သတင်းစာရှင်းလင်းပွဲ၌ အဖွဲ့၏အစည်းအ‌ဝေးကို (၄) ရက်တာကျင်းပမည်ဖြစ်ကြောင်း၊ မစ္ဆားတ ရားဖြင့်အစပြုမည်ဖြစ်ကြောင်း၊ မစ္ဆားတရားကို ROACO ၏အကြီးအကဲဖြစ်သော ကာဒီနယ် Leonardo Sandri ကအဂ်ါနေ့ ၌ဦးဆောင်ပူဇော်မည်ဖြစ်ကြောင်း၊ ဤမစ္ဆားပူဇော်ခြင်း၌ အဖွဲ့အစည်းအားထောက်ပံ့ကူညီပေးနေကြသောအလှူရှင်များ အားလုံးအတွက်ဆုတောင်းပေးမည်ဖြစ်ကြောင်း၊ ဤမစ္ဆားတရားတော်မြတ်အားဖြင့် အဖွဲ့အစည်း၏အကြံအစည်များ၊ ရည်ရွယ်ချက်များအားလုံး ဘုရားမယ်တော်၏ထပ်ဆင့်ဆုတောင်းပေးခြင်းကိုခံယူ၍ တင်ပြဆွေးနွေးမည့်အကြောင်းအ ရာများထိရောက်အောင်မြင်စေရန်၊ စစ်ပွဲကြောင့်သော်လည်းကောင်း၊ မကြမ်းဖက်လုပ်ရပ်များကြောင့်သော်လည်း ကောင်း၊ နိုင်ငံရေး၊ လူမူရေးမတရားမူများ၊ ကပ်ရောဂါဆိုးကြီးဆက်လက်ဖြစ်ပွား၍ခက်အခဲဒုက္ခများကြုံတွေ့နေရသော နိုင်ငံများအားလုံးအတွက်ဆုတောင်းပူဇော်ပေးမည်ဖြစ်ကြောင်း၊            

            အစည်းအ‌ဝေး၏ဒုတိယနေ့၊ အဂ်ါနေ့၌ ယေဇူးသခင်မွေးဖွားသန့်စင်ခဲ့သည့်မြေ၏အခြေအနေအရပ်ရပ်ကိုပြန် လည်သုံးသပ်၍ အဖွဲ့အစည်းအနေဖြင့် အဘယ်သို့ကူညီပံ့ပိုးပေးနိုင်မည်ကိုဆွေးနွေးမည်ဖြစ်ကြောင်း၊ အဆိုပါအစည်းအ ‌ေ၀း၌ ဂျေရုဆလင်မြို့မှ ‘လာတင်း’ ၀ိနည်း၏ဒေသန္တာရအကြီးအကဲဖြစ်သော ဂိုဏ်းချုပ်ဆရာတော် Pierbattista Pizzaballa သန့်ရှင်းသောမြေအားစောင့်ရှောက်လျှက်ရှိသော ဖာသာရ် Francesco Patton ၊ ဘက်သလင်ဟင်တက္ကသိုလ်၏ မော်ကွန်းထိန်းဖြစ်သော ဘာရာသာရ် Peter Bray တို့လည်းပါ၀င်ကြမည်ဖြစ်သည်။ အစည်းအ‌ေ၀းသို့တက်‌ရောက်သူ များအားလည်း (၂၀၂၀) ခုနှစ်က ‘သန့်ရှင်းရာဌာန’ ၌ပြုလုပ်နိုင်ခဲ့မူအစီရင်ခံစာကိုလည်းတင်ပြပေးမည်ဖြစ်သည်။      

            ‘သန့်ရှင်းသောဌာန’ ကိုသာမဟုတ်ဘဲ အီသီယိုးပီးယား၏ ရဟန်းမင်းကြီးကိုယ်စားလှယ်ဖြစ်သော ဂိုဏ်းချုပ်ဆ   ရာတော် Antoine Camilleri မှ၄င်းအမူထမ်းနေသောနိုင်ငံ၏ Tigray ဒေသ၏ အခြေအနေနှင့်စပ်လင်း၍တင်ပြမည်ဖြစ် သည်။ အဘယ်ကြောင့်ဆိုသော် (၂၀၂၀) အဆုံးပိုင်းမှစ၍ အဆိုပါဒေသ၌ ပဋိပက္ခများစတင်ဖြစ်ပွားခဲ့သည် မှာယခုနှစ် အထိပင်ကူးစက်ပျံ့နှံ့နေသည်။ Tigray ဒေသ၌ ကလေးသူငယ်ပေါင်း (၃၀၀၀၀) ကျော်ရှိပြီး၊ အာဟာရချို့နေကြကြောင်း နှင့်လူပေါင်း (၄၀၀၀၀၀) ကျော် တို့သည်အစာရေစာများပြတ်လပ်နေကြကြောင်း ကုလ၏သတင်းထုတ်ပြန်ချက်အရသိရ သည်။  

            ထို့အတူအာမေးနီးယားနှင့်ဂျော်ဂျီယာနိုင်ငံတို့၏အခြေအနေကိုလည်း ရဟန်းမင်းကြီး၏ကိုယ်စားလှယ်ဂိုဏ်း ချုပ်ဆရာ တော်  José Avelino Bettencourt မှတင်သွင်းဆွေးနွေးမည်ဖြစ်သည်။ ဂိုဏ်းချုပ်ဆရာတော် José Avelino Bettencourt သည် အဆိုပါနိုင်ငံနှစ်ခု၏အတွက်ရဟန်းမင်းကြီးကိုယ်စားလှယ်အဖြစ်အမူထမ်းနေသည်။ 

            ဗုဒ္ဓဟူးနေ့၌မူ အစည်းအ‌ေ၀း၏ဆွေးနွေးချက်ကို ‘အရှေ့အလယ်ပိုင်း’ ၏အခြေအနေကိုဆွေးနွေးကြမည်။ အ ထူးသဖြင့် ဆီးရီးယားနှင့်အီရတ်နိုင်ငံတို့၏အခြေအနေကိုဆွေးနွေးကြမည်ဖြစ်သည်။ ဗာတီကန်၏အပြည်ပြည်ဆိုင်ရာ ဆက်ဆံရေးအတွင်းရေးမှူး ဂိုဏ်းချုပ်ဆရာတော် Paul Richard Gallagher ကလည်းအမှာစကားပြောကြားမည်ဖြစ်ပြီး၊ ဆီးရီးယားအခြေအနေနှင့်ပတ်သက်၍ ရဟန်းမင်းကြီးဖရန်စစ်မှခန့်အပ်ထားသော သူ၏ကိုယ်စားလှယ်ကာဒီနယ် Mario Zenari လည်း၊ လက်ဘနွန်နိုင်ငံအတွက် ရဟန်းမင်းကြီးမှသီးသန့်ခန့်အပ်သောကိုယ်စားလှယ် ဂိုဏ်းချုပ်ဆရာတော် Joseph Spiteri ၊ အီရတ်နိုင်ငံအတွက်ရဟန်းမင်းကြီး၏ကိုယ်စားလှယ် ဂိုဏ်းချုပ်ဆရာတော် Mitja Leskovar တို့လည်းမိန့် ခွန်းအသီးသီးပြောကြားမည်ဖြစ်သည်။    

 

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3qnuptW

Add new comment

6 + 4 =