ပြင်သစ်နိုင်ငံမှ ဒေသအတွင်းရှိရသေ့ကျောင်းများကစပျစ်လုပ်သားတို့အားကူညီ ရန် ရံပုံငွေရှာဖွေ

ပြင်သစ်နိုင်ငံမှ ဒေသအတွင်းရှိရသေ့ကျောင်းများကစပျစ်လုပ်သားတို့အားကူညီ ရန် ရံပုံငွေရှာဖွေ

ပြင်သစ်နိုင်ငံမှ ဒေသအတွင်းရှိရသေ့ကျောင်းများကစပျစ်လုပ်သားတို့အားကူညီ ရန် ရံပုံငွေရှာဖွေ

            စိန့်ဘက်နက်ဒင်းရသေ့ဘုန်းကြီးများနှင့်ရသေ့သီလရှင်တို့သည် ဒေသအတွင်း စပျစ်လုပ်သားတို့အားကူညီ ထောက်ပံ့ရန်ရည်ရွယ်၍ ‘ရဟန်းမင်းကြီး၏စပျစ်ဥယျာဉ်’ ဟုအမည်ပေးထားသောစပျစ်ခြံထွက်စပျစ်ရည်ကို စျေးကွက် သို့စတင်ဖြန့်ဖြူးတော့မည်ဖြစ်သည်။ ထိုစပျစ်ခြံသည် ‘Rhône’ ချိုင့်ဝှမ်းရှိတောင်တစ်လုံးပေါ်တွင်တည်ရှိသည်။ ထိုနေ ရာ၌ Le Barroux ရသေ့များနှင့်ဒေသခံစပျစ်လုပ်သားများစိုက်ပျိုးသောစပျစ်ခြံထွက်ကို ယခုစျေးကွက်ထဲသို့စတင်ဖြန့် ဖြူးမည်ဖြစ်သည်။ ဤစပျစ်ခြံကို ‘ရဟန်းမင်းကြီး၏စပျစ်ခြံ’ ဟုအမည်ပေးထားရခြင်းမှာ ရဟန်းမင်းကြီး ကလဲမင်း (၅) လက်ထက် (၁၃၀၉) ခုနှစ်က စပျစ်ခြံအဖြစ်စတင်လုပ်ကိုင်စေခဲ့သောကြောင့်ဖြစ်သည်။  

            Via Caritatis ဟုအမည်ပေးထားသော စပျစ်ရည် ပုလင်းပေါင်း (၁၅၀၀၀) ကိုရောင်းချနိုင်ရန် ရသေ့များက မျှော်လင့်ထားသည်။ ထုတ်ကုန်များရောင်းချ၍ရသောငွေကြေးများကို ကိုးဗစ် (၁၉) ကူးစက်ရောဂါကြောင့် အလုပ်များ ရပ်တန့်ထားခဲ့ရ၍ စား၀တ်နေရေးကြပ်တည်းသော စပျစ်လုပ်သားများ၏မိသားစုများအား ကူညီပေးမည်ဖြစ်သည်။ ဤ နေရာ၌ စပျစ်ခြံလုပ်သားပေါင်းမိသားစု (၈၀) ခန့်ရှိပြီး၊ ဤစပျစ်ခြံကိုသာမှီခို၍လုပ်ကိုင်စားသောက်နေကြသည်။ သူတို့ သည်အလုပ်ကြိုးစားသော်လည်း စျေးကွက်၀င်သောစပျစ်သီးများကိုမထုတ်လုပ်နိုင်ခဲ့၍ ရောင်းပန်းမလှခဲ့ပေ။ ထို့ကြောင့် ယခုရသေ့ကျောင်းအနေဖြင့်ပြန်လည်ကြပ်မတ်လုပ်ဆောင်ပေးသွားမည်။ သို့မဟုတ်ပါက လက်ရှိကြုံတွေ့နေရ သောအကြပ်အတည်းမှရုန်းထွက်နိုင်မည်မဟုတ်ပေ။       

            စပျစ်ရည်နှင့်စပျစ်ရည်ထုတ်လုပ်မှု၌ အလွန်ကျွမ်းကျင်သောပညာရှင်အဖြစ် ကမ္ဘာကပင်အသိအမှတ်ပြုခံထားရ သော Philippe Cambie ၏အကူအညီဖြင့်စျေးကွက်၀င်သောစပျစ်ရည်ကိုထုတ်လုပ်သွားမည်ဖြစ်သည်။ ရသေ့တို့ထုတ် လုပ်သောစပျစ်ရည်သည် အရသာအမျိုးမျိုးဖြင့်ထုတ်လုပ်သည့်အပြင် စျေးလည်းသက်သာကြောင်း ၄င်းတို့၏ထုတ်ကုန် ကို၀ယ်ယူအားပေးခြင်းဖြင့်လည်း စပျစ်ခြံလုပ် သားများအားကူညီရာလည်းရောက်ကြောင်းဆိုသည်။  စပျစ်ရည်အနီ၊ အဖြူနှင့်နှင်း ဆီဝိုင်များကိုလည်းထုတ်လုပ်၍ စျေးကွက်ရှိသောအမေရိကန်ပြည်ထောင်စုနှင့်ဥရောပနိုင်ငံများသို့တင်ပို့မည်ဖြစ် သည်။

              ထုတ်ကုန်အမည်ကို Via Caritatis (ကရုဏာပြုသောနည်းလမ်း) အမည်ကိုရွေချယ်ရခြင်းမှာ ယခုထုတ်ကုန် သည် စီးပွားရေးအတွက်ရည်ရွယ်ခြင်းမဟုတ်။ စပျစ်ခြံလုပ်သားများကိုကူညီရန် ပရဟိတ္တရည်ရွယ်ချက်သက်သက်ဖြစ် သောကြောင့်ဖြစ်ကြောင်း၊ ထို့အတူ ယေဇူးသခင်သည်သူ့ကိုယ်ကိုသူပေးခဲ့သည့်လမ်းစဉ်လည်းဖြစ်ကြောင်းတာ၀န်ခံရ သေ့ကရှင်းပြသည်။ ရသေ့တို့သည်လည်း ၄င်းတို့၏စား၀တ်နေရေးအတွက် အလုပ်ကြမ်းများလုပ်ရသည်။ ဤသို့လုပ်၍ အသက်မွေးရန်လည်း အသင်းကိုတည်ထောင်ခဲ့သော ၄င်းတို့၏ရသေ့ဖခင် ‘စိန့်ဘေနေဒစ်’ က ၀ိနည်းကိုချမှတ်ခဲ့သည်။ ရသေ့ဘုန်းကြီးတို့သည် ၄င်းတို့၏စား၀တ်နေရေးကို အများအပေါ်၌သာမမှီခိုခြင်းမဟုတ်။ ပိုလျှံအောင်ဖွေရှာပြီး၊ ဆင်းရဲ နွမ်းပါးသူများ၊ ချို့တဲ့သူများအားလည်း​ေဝေမျှရန်ဥပဒေချမှတ်ထားသည်။ ထို့ကြောင့် ၄င်းတို့စိုက်ပျိုးရောင်းချ၍ရသော ငွေကြေးဖြင့်နှစ်စဉ် ကရုဏာရေးလုပ်ငန်းများကိုလုက်ကိုင်နေကြသောအသင်းအဖွဲ့သို့လည်းပေးပို့လှူဒါန်လေ့ရှိကြောင်း၊ ရသေ့များကိုယ်တိုင်ပင် လုပ်ငန်းသုံးစက်တပ်ယာဉ်များကိုမောင်းနှင်ရ၊ စပျစ်သီးများကိုခူးဆွတ်ရကြောင်း၊ ကိုယ်စီအလုပ် ရှိသကဲ့သို့ တစ်နှစ်ပတ်လုံးလည်းလုပ်စရာမပြတ်ရှိကြောင်း၊ စပျစ်ခြံကိုဦးစီးရသော်လည်း ၀ိညာဉ်ရေးအနစ်သာရများကို လည်းရရှိကြောင်း၊ စပျစ်ရည်တစ်လုံးသည် လူ့ခန္ဓာကိုယ်၏အာဟာရအတွက်သာသောက်သုံးခြင်းမဟုတ်။ ယေဇူးသခင် ကိုယ်တော်တိုင်သည် စပျစ်ရည်ကို သူ၏သွေးအဖြစ်ပြောင်းလဲခဲ့ပါလျင် အကြောင်းအရင်းရှိရမည်။ စပျစ်ရည်သည် ၀တ္တု ဖြစ်သည်။ သို့သော် ၀ိညာဉ်ရေးရာအတွက်အလွန်အရေးကြီးသောအရာအဖြစ် ယေဇူးသခင်သည်အသုံးပြုခဲ့သည်ကိုအ မှတ်ရရမည်ဟု ဘက်နက်ဒစ်ရသေ့တစ်ပါးဖြစ်ပြီး အမေရိကန်နိုင်ငံသားဖာသာရ်မိုက်ကယ်ကရှင်းပြခဲ့သည်။           

 

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

Photo courtesy of National Catholic Register

https://bit.ly/3wcAU56

Add new comment

3 + 1 =