Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
စိန့်အီဂနေးရှပ်စ်နှစ်၅၀၀
စိန့်အီဂနေးရှပ်စ်နှစ်၅၀၀
ကမ္ဘာတစ်ဝှမ်းရှိ Society of Jesus (Jesuit) ယေဇူးအသင်း (ခေါ်) ဂျက်ဇွစ်အသင်းဂိုဏ်းကို ဦးဆောင်တည်ထောင်သူ လော်ယိုလာမြို့မှ စိန့်အီဂနေးရှပ်စ်ရဲ့ အကျင့်ပုံစံ ပြောင်းလဲခြင်း နှစ်ပေါင်း ၅၀၀ ပြည့် အထိမ်းအမှတ်ကို (၂၀ ၊ ၅ ၊ ၂၀၂၁) မှ (၃၁၊ ၇ ၊ ၂၀၂၂) အထိ စိန့်အီဂနေးရှပ်စ်နှစ် အဖြစ် ကျင်းပနေကြပါတယ်။
အဆိုပါ ရဟန္တာဟာ စစ်သည်၊ ဘုရားဖူးခရီးသည်၊ ဝိညာဉ်ရေးဆိုင်ရာလမ်းညွှန်သူ ဖြစ်ပြီး ဝိညာဉ်ရေး စာပေပေါင်းမြောက်များစွာနဲ့ ဝိညာဉ်ရေး ကျင့်စဉ်တွေကို အစပျိုးခဲ့သူလည်း ဖြစ်ပါတယ်။ ရဟန္တာကို အမှီပြုပြီး ခေါ်ဝေါ်ခဲ့တဲ့ ၎င်းရဲ့ ကျင့်စဉ်တွေကို “the Ignatian Spirituality” လို့ လူသိများပြီး ဒီဝိညာဉ်ရေးကျင့်စဉ်ဟာ အမျိုးသား၊ အမျိုးသမီး များစွာရဲ့ ဘဝကို ပြောင်းလည်းစေခဲ့သလို အသင်းတော်ပိုင် စာသင်ကျောင်းများ၊ တက္ကသိုလ်ကြီးများဟာလည်း ဒီဝိညာဉ်ရေးကျင့်စဉ်ကို မှီပြီး ကျောင်းများကို တည်ထောင်ခဲ့ကြတာပါ။
ပါပါးဖရန်စစ်နဲ့ တကွ ယေဇူးအသင်းသားများ အားလုံးကို ဒီထူးခြားတဲ့ နှစ်အတွက် ဂုဏ်ပြုရင်း စိန့်အီဂနေးရှပ်စ် ရဲ့ အကျင့်ပြောင်းလဲခဲ့ပုံ ဗီဒီယိုလေးကို ဝေမျှပေးလိုက်ပါတယ်ရှင်။
စစ္စတာရ်လူစီယားသန္တာအောင်၊ SJA
Photo courtesy of : Ignatian Spirituality/Google images
Add new comment