ကနေဒါကက်သလစ်များ ‘အသက်နှင့်မိသားစု’ ၏ ရက်သတ္တပတ်အတွက်ပြင်ဆင်နေကြ

ကနေဒါကက်သလစ်များ ‘အသက်နှင့်မိသားစု’ ၏ ရက်သတ္တပတ်အတွက်ပြင်ဆင်နေကြ

ကနေဒါနိုင်ငံ၏ ‘အသက်နှင့်မိသားစု’ ၏ရက်သတ္တ ပတ်မတိုင်မီ ကနေဒါနိုင်ငံ၏ ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ် ၏ ဥက္ကဌက ခရစ်ယာန်မိသားစုများအ နေဖြင့် မိမိတို့သည်မစုံလင်သော် လည်း ကယ်တင်ခြင်း၏ သ တင်းကောင်းကို ၀မ်းမြောက် ၀မ်း သာစွာကြေညာရန်တိုက်တွန်းနှိုးဆော်ထားသည်။

‘အသက်နှင့်မိသားစု’ အားဂုဏ်ပြုသောရက်သတ္တ ပတ်ကို ကနေဒါနိုင်ငံသည် နှစ်စဉ်ကျင်းပသည်။ ဤသို့ကျင်းပခြင်းဖြင့် မိသားစုများအား ဧ၀‌ဂေလိတရားတော်နှင့်အညီ ကြိုးစားကျင့်ကြံနေထိုင်စေလိုသောရည်ရွယ်ဖြင့်အား ပေးခြင်းဖြစ်သည်။ အဆိုပါ အစီအစဉ်၌ အိုတာ၀ါ၌ စု ပေါင်း၍ ‘လူ့အသက်ကိုကာကွယ်ရန်’ တောင်းဆိုသည့် ချီတက်လမ်းလျှောက်ခြင်းလည်းပါရှိမည်။ ယခု နှစ်ကို မေလ (၉) ရက်နေ့မှ (၁၆) ရက်နေ့တိုင်ကျင်းပမည်ဖြစ် သည်။ ကျင်းပရခြင်း၏ ဆောင်ပုဒ်မှာ ‘မိသားစုသည် ဒေသန္တာရသာ သနာဖြစ်သည်။ မျှော်လင့်ခြင်းနှင့်အသက်၏လက္ခဏာဖြစ်ရမည်’ ဟုဖြစ်သည်။

ဆရာတော်ကြီးများ အဖွဲ့ချုပ်၏ ဥက္ကဌဆရာတော်က ‘အမိသာသနာတော်ကြီး၏ အမူတော်များကို ကမ္ဘာသို့ပြန့်နှံ့သွားစေ ရန်မှာ ဆရာတော်ကြီးများ၊ ဘုန်းတော်ကြီးများ၊ ဘာရာသာရ်များ၊ စစ္စတာရ်များ၏တာ၀န်သာမဟုတ်။ ဘာသာတူများနှင့်မိသားစု များကလည်းသယ်ဆောင်ပေးရမည်။ မိသားစုသည် မပြည့်စုံကြပါ။ ထို့ကြောင့်လည်း သာ သနာအမူကိုထမ်းရန် တွန့် ဆုတ်နေကြ သည်။ အမှန်ဆိုသော် သာသနာအမူတော်ထမ်းရန်တာ၀န်မှာ ဆေးကြောခြင်းမဂ်လာခံယူသည့်နေ့မှစခဲ့သည်။ အမိသာသနာတော် ကြီးနှင့်အတူလက်တွဲလုပ် ဆောင်ရန်ကတိပေးခဲ့ကြသည်။ (CCC 1213)

ဆရာတော်ကြီးက ‘ခရစ် ယာန်တရားအစသည်လည်း သာမန်ခရစ်ယာန်များက စတင်ဟောကြားခဲ့ခြင်းဖြစ် သည်’ ဟုရဟန်း မင်းကြီးဖရန်စစ်၏ မိန့်ခွန်းကိုကိုးကားထားသည်။ ထို့နောက် ‘ထို့ အတူ ကျွန်ုပ်တို့၏ခေတ်အခါ ၌လည်း ခရစ်ယာန်မိသားစုအနေဖြင့် ခရစ်တော်၏အမူတော်ကိုထမ်းဆောင်ခြင်း၌ ဆက်ကပ်လုပ်ဆောင်ရန်လိုအပ်သည်။ ကနေဒါနိုင်ငံမှ မိသားစုများသည် မျှော်လင့် ခြင်း၏လက္ခဏာနှင့်ခရစ္စတူးသခင်အားဖြင့် ဘုရားသခင်ပေးသော ကယ်တင်ခြင်းအချစ်၏အလှအပကို အခြားသောသူများအား ထွန်းလင်းပြပေးရမည်’ ဟုတိုက်တွန်းနှိုးဆော်ထားသည်။

https://bit.ly/3tXfjwm

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

Add new comment

7 + 10 =