
Miss World Myanmar 2017 1st Runner ဆုရှင် အလှယ်မယ် ဂျာဆိုင်းအိန်မှ စစ်ဘေးရှောင်များအားလှူဒါန်းရန် ရည်ရွယ်ချက်ဖြင့် သူမရရှိထားသော သရဖူအား (13.3.2021)ရက်နေ့ ည ကလေလံတင်ရောင်းချရာ လေလံ ကျပ်သိန်းတစ်ရာငါးဆယ်ဖြင့် လေလံအောင်ခဲ့သည်ဟုသိရှိရပါသည်။
အလှမယ် ဂျာဆိုင်းအိန်မှ သူမ၏ သရဖူရောင်းရငွေများအား လတ်တလောတွင် အတိဒုက္ခရောက်နေသော ကချင်ပြည်နယ်နှင့်ရခိုင်ပြည်နယ်ရှိ စစ်ဘေးရှောင်ပြည်သူများကို လှူဒါန်းသွားမှာဖြစ််လို့ သရဖူကိုလေလံတင်ရာတွင် ဦးဆောင်ပေးခဲ့သည့် နိုင်ငံကျော် တေးသံရှင် မရန်ဆိုင်းနော်၏ လူမှုကွန်ရက်တွင် ရေးသားထားတာကို တွေ့ရှိရပါသည်။
အလှမယ်ဂျာဆိုင်းအိန်သည် မြစ်ကြီးနားသာသနာမှ ကက်သလစ်ခရစ်ယာန်လူငယ်တစ်ဦးလည်းဖြစ်ပါသည်။
Add new comment