မြန်မာနိုင်ငံအတွင်း စစ်အာဏာရှင်ဆန့်ကျင်ရေး ပြည်သူ့လှုပ်ရှားမှုများတွင် ကက်သလစ်သာသနာမှ ငြိမ်းချမ်းစွာ ဆုတောင်းပေးခြင်းဖြင့် ပါဝင်လျှက်ရှိနေခြင်း ။

မြန်မာနိုင်ငံအတွင်း စစ်အာဏာရှင်ဆန့်ကျင်ရေး ပြည်သူ့လှုပ်ရှားမှုများတွင် ကက်သလစ်သာသနာမှ ငြိမ်းချမ်းစွာ ဆုတောင်းပေးခြင်းဖြင့် ပါဝင်လျှက်ရှိနေခြင်း ။

(၂.၃.၂၀၂၁)

မြန်မာနိုင်ငံတွင် ဖေဖော်ဝါရီလ (၁) ရက်နေ့မှစတင်၍ တပ်မတော်ခေါင်းဆောင်များမှ အာဏာသိမ်းယူခဲ့သည်မှာ ယခု မတ်လ ဆိုလျှင် တစ်လပြည့်ခဲ့ပြီ ဖြစ်ပါသည်။ ၎င်းတို့ အာဏာသိမ်းယူခဲ့သည့်နောက် ဖေဖော်ဝါရီလ (၆) ရက်နေ့မှ စတင်ကာ ပြည်သူများမှ အာဏာသိမ်းယူမှုအား ဆန့်ကျင်လှုပ်ရှားသည့် ဆန္ဒထုတ်ဖော်မှုမျိုးစုံကိုလည်း ပြုလုပ်ခဲ့ကြပါသည်။ အဆိုပါ လှုပ်ရှားမှု အသီးသီးတွင် ဘာသာပေါင်းစုံ လူမျိုးပေါင်းစုံမှ နည်းအမျိုးမျိုးဖြင့် ကန့်ကွက် ဆန္ဒပြခဲ့ကြရာ ကက်သလစ် ခရစ်ယာန်သာသနာမှလည်း လမ်းမပေါ်တွင် စီတန်းလှည့်လည်ကာစိပ်ပုတီးစိပ်ဆုတောင်းခြင်း ၊ စုပေါင်းဆုတောင်းခြင်း၊ ကိုယ်တော်မြတ်ကိုးကွယ်ခြင်း ၊ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခြင်း ၊ လှုပ်ရှားမှုများအတွင်း သေဆုံးသွားသော ပုဂ္ဂိုလ်များအတွက် အထူးဆုတောင်းပေးခြင်း ၊ သေဆုံးသွားသူများ၏ ကျန်ရစ်သူမိသားစုများထံသို့ သွားရောက်နှစ်သိမ့်ပေးခြင်း ၊ များအားဖြင့် ပြည်သူများနှင့်အတူရှိကြောင်းပြသလျက်ရှိပါသည်။ မန္တလေး ကက်သလစ် ဂိုဏ်းချုပ်သာသနာမှ မွန်ဆီညော် ဒေါမိနစ် ဂြိုဟ်တုမှလည်း '' ကျွန်ုပ်တို့ဟာ ကက်သလစ် ခရစ်ယာန်တွေဖြစ်တဲ့အတွက် အားလုံးအတွက် ဆုတောင်းပေးရမှာဖြစ်တယ် ။ တို့ရဲ့စိတ်ထား ၊ စိတ်ဓာတ်က ဘုရားရဲ့ စိတ်ထား ၊ စိတ်ဓာတ်လို ဖြစ်နေဖို့ လိုတယ် ။ ကိုယ်ဆီလည်း ဆုတောင်းတဲ့သူ တောင်းတဲ့ဆု ရဖို့ကလည်း ကိုယ်ကလည်း မှန်ဖို့အရေးကြီးတယ်ဆိုတာ သတိရပြီးတော့ ဘုရားစိတ် ၊ တရားစိတ် ၊ ဘုရားကိုယ်ပွား အနေနဲ့ အမိမြန်မာနိုင်ငံတော်ကြီးနဲ့ နိုင်ငံတော်သူ ၊ နိုင်ငံသားအားလုံးအတွက် ဆုတောင်းပေးရမယ်။ ခရစ်ယာန်တွေရဲ့ လက်ထဲမှာ ဘုရားရှင်က တန်ခိုးထည့်ထားပါတယ် ။ အဲ့ဒီဟာက ဘာလဲဆိုရင် ဆုတောင်းမေတ္တာပဲ ။ တို့ရဲ့ ဆုတောင်းမေတ္တာက အဆုံးမှာ အကောင်းဆုံးအခြေအနေသို့ပို့ဆောင်ပေးပါလိမ့်မယ် '' ဟု တောင်သူလယ်သမားနေ့ ယနေ့ ၊ မတ်လ (၂) ရက်နေ့ မစ္ဆားတရား အစတွင် ပြောကြားခဲ့ပါသည် ။ မြန်မာနိုင်ငံ တွင် စစ်တပ်မှ အာဏာသိမ်းနောက် ဖေဖော်ဝါရီလ (၂၈) ရက်နေ့အထိ သေဆုံးသူစုစုပေါင်းအရေအတွက် အနည်းဆုံး (၂၃)ထိရှိလာပြီလို့လဲ သတင်းများတွင် ဖော်ပြချက်အရသိရပါသည် ။ အတားအဆီးများ ၊ ဖြိုခွင်းမှုများ များစွာရှိသော်လည်း ပြည်သူများမှ ဆက်လက် ဆန္ဒပြ လှုပ်ရှားမှုများကို နည်းမျိုးစုံဖြင့် ဆောင်ရွက်နေသလို ကက်သလစ် ခရစ်ယာန်သာသနာမှလည်း မြန်မာနိုင်ငံ ငြိမ်းချမ်းသာယာရေးအတွက် ဆုတောင်းခြင်းအားဖြင့် ဆက်လက်ပါဝင်လျှက်ရှိပါသည်။

 

Add new comment

9 + 4 =