ကိုးဗစ်အလွန်ရဟန်းမင်းကြီး၏ပထမဆုံး တမန်တော်ခရီးကြွမည်

ကိုးဗစ်အလွန်ရဟန်းမင်းကြီး၏ပထမဆုံး တမန်တော်ခရီးကြွမည်

ကိုးဗစ်အလွန်ရဟန်းမင်းကြီး၏ပထမဆုံး တမန်တော်ခရီးကြွမည်

            ရဟန်းမင်းကြီးဖရန်စစ်သည်ကိုးဗစ်ကြောင့်ဘုရားဖူးများနှင့်ဗုဒ္ဓဟူးနေ့တိုင်းနှင့်တနဂ်နွေပတ်တိုင်းတိုက်ရိုက်တွေ့ဆုံသော အစီအစဉ်ကိုရပ်နားထားခဲ့ရသည်မှာလအတော်ကြာခဲ့ပြီးဖြစ်ပါသည်။ ထို့အတူလူမူရေး၊ နိုင်ငံရေး၊ ဘာသာရေးခေါင်းဆောင်များနှင့် တွေ့ဆုံခြင်း၊ ပြည်တွင်းပြည်ပ တမန်တော်ခရီးများကြွရောက်ခြင်းကိုလည်းရပ်နားထားခဲ့သည်။

            ဤရပ်နားထားခဲ့သောအစီအစဉ်ကို (၂၀၂၁၊ မတ်လ၊ ၅) ရက်နေ့၌ပြန်လည်အစပြုတော့မည်ဖြစ်သည်။ ကိုးဗစ်အလွန်ပြည်ပ ခရီးကြွရောက်မည့်နိုင်ငံမှာအီရတ်နိုင်ငံဖြစ်သည်။ ရောမမြို့မှ (မတ်လ၊ ၅) ရက်နေ့ထွက်ခွာပြီး၊ အီရတ်နိုင်ငံ၏အပြည်ပြည်ဆိုင်ရာလေ ဆိပ်သို့မွန်းလွှဲပိုင်းတွင်ဆိုက်ရောက်မည်ဖြစ်သည်။  ထို့နောက်ဒေသအာဏာပိုင်များမှသမ္မတအိမ်တော်၌ နိုင်ငံတော်အခမ်းအနားဖြင့် ကြိုဆိုကြမည်ဖြစ်ပြီး၊ သမ္မတနှင့်လည်းတွေ့ဆုံမည်ဖြစ်သည်။  သမ္မတနှင့်တွေ့ဆုံအပြီး၌အရပ်ဖက်အာဏာပိုင်များ၊ သံအမတ်များ၊ ရဟန်း၊ သီလရှင်များနှင့်လည်းတွေ့ဆုံမည်။  ထို့အတူဆရာတော်ကြီးများ၊ ရဟန်းတော်များ၊  သီလရှင်များ၊ အရပ်သားသုံးပါးသစ္စာရှင် များ၊ ရဟန်းလောင်းကျောင်းသားများနှင့်ဓမ္မဆရာ၊ ဆရာမများနှင့်အီရတ်မြို့တော် ဘက်ဒက်မြို့ရှိဆီးရီးယားကက်သလစ်ဘုရား ကျောင်းကြီးဖြစ်သည့် ကယ်တင်ခြင်း ၏မယ်တော်ဘုရားကျောင်း၌တွေ့ဆုံမည်ဖြစ်သည်။  ထို့နောက် မစ္ဆားတရားကိုဘက်ဒက်၌ ပြန်လည်ပူဇော်မည်ဖြစ်သည်။ 

            မတ်လ (၆) ရက်နေ့၊ စနေနေ့၌မူမြို့တော်မှ Najaf သို့ကြွသွားမည်ဖြစ်ပြီး၊ အလွန်ခမ်းနားကြီးကျယ်သော Ayatollah Sayyid Ali Al-Husaymi Al-Sistani သို့လည်းကြွရောက်လည်ပတ်မည်ဖြစ်သည်။ ထို့နောက်မှ Nassirya မြို့၊ အုရ်လွင်မြင်၌ကျင်းပမည့်ဘာသာအချင်းချင်းတွေ့ဆုံဆွေးနွေးခြင်းအစည်းအ‌ဝေးသို့ကြွရောက်မည်ဖြစ်သည်။ မွန်း လွှဲပိုင်း၌ထိုနေရာမှမြို့တော်သို့ပြန်ကြွလာပြီး၊ မြို့တော်ရှိဆီးရီးယား၀ိနည်းကျင့်သုံးသော စိန့်ဂျိုးဘုရားကျောင်းတော်ကြီး ၌မစ္ဆားပူဇော်မည်ဖြစ်သည်။

          မတ် (၇) ရက်နေ့၊ တနဂ်နွေနေ့၌မူ Erbil မြို့သို့ကြွသွားပြီး၊ ဘာသာရေးခေါင်းဆောင်များ၊ အရပ်ဖက်အဖွဲ့မှအာ ဏာပိုင်များမှကြိုဆိုကြမည်ဖြစ်သည်။ ထို့နောက်ရဟပ်ယာဉ်ဖြင့်မိုဆူးလ်သို့ပျံသန်းမည်ဖြစ်သည်။ ထိုနေရာသို့ရောက်ရှိပြီး နောက် Hosh al-Bieaa ၌စစ်အတွင်းကျဆုံးသွားခဲ့သောသူများအတွက်ခေတ္တဆုတောင်းမည်။ ထို့နောက်ရဟန်ယာဉ်ဖြင့် တစ်ဖန် Qaraqosh ပျံသန်းပြီး၊ ထိုမြို့၌ရှိခရစ်ယာန်များနှင့်အပြစ်မဲ့သန္ဓေယူတော်မူသောမယ်တော်ဘုရားကျောင်း၌တွေ့ ဆုံမည်။ ထိုနေ့မွန်းလွှဲပိုင်း၌ ရန်းမင်းကြီးသည် Erbil မြို့သို့ပြန်ကြွလာပြီး၊ “Franso Hariri” အားကစားရုံ၌မစ္ဆား တရားပူဇော်မည်ဖြစ်သည်။  

၏မစ္ဆားတရားပူဇော်အပြီး၊ အီရတ်၏မြိုတော်သို့ပြန်ကြွလာပြီး၊ တနလ်ာနေ့နံနက်နှုတ်ဆက်ပွဲ အပြီး၌ရဟန်းမင်းကြီး၏ (၄) ရက်တာကြာသည့်၊ ကိုးဗစ်အလွန်ပထမဦးဆုံးကြွရောက်သောတမန်တော်ခရီးကိုရောမသို့ပြန် ကြွလာခြင်းဖြင့်အဆုံးသတ်မည်ဖြစ်ပါသည်။  

 

ဘာသာပြန်-ဖာသာရ်ကလဲမင့်းအားတယ်

http://bit.ly/3tRB29c

Add new comment

18 + 1 =