ဖိလစ်ပိုင်နိုင်ငံ၏အကြီးမားဆုံးသောဘာသာရေးပွဲကြီးကိုဗစ်ကြောင့်အစဉ်အလာအတိုင်းခမ်းနားစွာမကျင်းပနိုင်ခဲ့

ဖိလစ်ပိုင်နိုင်ငံ၏အကြီးမားဆုံးသောဘာသာရေးပွဲကြီးကိုဗစ်ကြောင့်အစဉ်အလာအတိုင်းခမ်းနားစွာမကျင်းပနိုင်ခဲ့

ဖိလစ်ပိုင်နိုင်ငံသည် အာရှတိုက်၌ တစ်ခုတည်းသောကက်သ လစ်ဘာသာ၀င်အများဆုံးနိုင်ငံဖြစ် သည်။ ထို့ကြောင့်ကက် သလစ်နိုင်ငံဟုလည်းတင်စားခေါ်ကြသည်။ ဖိလစ်ပိုင်နိုင်ငံ၌ပရိတ်သူငယ်တော်ယေဇူးအားသဒ္ဓါကြည်ညိုမူအလွန်ကြီးမား သောနိုင်ငံတစ်နိုင်ငံဖြစ်ပါ သည်။ ဘာသာရေးအလွန်ရိုသေကိုင်းရှိုင်းသောဖိလစ်ပိုင်လူမျိုးများသည်သောကြာနေ့တိုင်းကိုး စားလေ့ရှိသည်။

ဤပွဲတော်ကိုနှစ်စဉ်ခမ်းနားကြီးကျယ်စွာကျင်းပလာခဲ့ရာ ယခုနှစ်၌မူကိုးဗစ်ကူးစက် ရောဂါကြောင့်တစ် ကြိမ်၀တ်ပြု လျှင်ဘုရား၀တ်ပြုသူ (၄၀၀) သာပါ၀င်ခွင့်ပြုထား သည်။ ယခင်နှစ်ကဘုရားဖူး (၆) သန်းခန့်လမ်းလျှောက်ကာ စီတန်း လှည့်လည်ခဲ့ကြသည်။ ယခုနှစ်၌မူစီတန်းလှည့်လည်ခြင်းကိုလည်းထည့်သွင်းခြင်းမပြုထားဘဲ ပွဲနေ့မစ္ဆားကိုသာမနီလာ မြို့၌ ရှိသော သူငယ်တော်ယေဇူးဘာစီးလီကာဘုရားကျောင်းကြီး၌သာ သတ်မှတ်ထားသောနာရီအလိုက် (၁၅) ပွဲပူဇော် သည်။ ပွဲတော်မစ္ဆားတရားများ၌မပါ၀င်နိုင်သူများသည် အွန်လိုင်းမှတိုက်ရိုက်ထုတ်လွှင့်မူမှပါ၀င်ပူဇော်ကြမည်ဖြစ် သည်။ မစ္ဆားတရားကိုယေဇူးသူငယ်တော်ဘုရားကျောင်းတော်ကြီး၌ပူဇော်သည့်အပြင်၊ အနီးအနားရှိဘုရားကျောင်းနှစ် ဆောင်နှင့်စာသင် ကျောင်းတစ်ဆောင်၌လည်းပူဇော်ပေးမည်ဖြစ်သည်။

ဆင်းတုတော်၏သမိုင်း

ကြောင်း

၀တ်ပြုခြင်း၏အလယ်ဗဟို၌မူ လူတစ်ရပ်စာခန့်ရှိသော လက် ၀ါးကပ်တိုင်ထမ်းနေသောယေဇူးသခင်၏ဆင်းတု တော်ကို‌ ဖူးမြော်ခံထားသည်။ “Black Nazarene” ဟုခေါ်သောဤဆင်းတုတော်သည် မဟူရာရောင်သန်းနေသည်။ ထုလုပ် သူလည်းမသိရ။ သို့သော် (၁၆) ရာစုကမက်ဆီကိုလူမျိုးပန်းပုဆရာတစ်ဦးမှထူလုပ်ခဲ့ပြီး၊ ဖိလစ်ပိုင်နိုင်ငံသို့မူ (၁၆၀၆) ခန့်ကသာသနာပြုများကပင့်ဆောင်လာခဲ့သည်။ ဤကြည်ညိုခြင်းကိုလည်း ထိုစဉ်ကသာသနာကိုဦးဆောင်နေသော ရဟန်းမင်းကြီးအင်နိုဆင်း (၁၀) က (၁၆၅၀) တွင်ခွင့်ပြုခဲ့သည်။ ဤဆင်းတု တော်သည် မနီလာမြို့ရှိ Quiapo ဘုရား ကျောင်း ၌ထားရှိကြည်ညိုခံထားသည်။ ဘုရားကျောင်းအားမီးရှို့ချက်ဆီးခြင်းခံခဲ့ရသော်လည်း ဆင်းတုတော်သည်မီးမသင့် ဘဲရှိနေခဲ့သည်။ နှစ်ကြိမ်တိုင်တိုင်ငလျင်လှုပ်ခတ်ခြင်း၊ တိုက်ဖုန်းမုန်တိုင်းဒဏ်ခံရခြင်း၊ ဒုတိယကမ္ဘာစစ်အတွင်းဗုံးဆံထိမှန် ခဲ့သော် လည်းဆင်းတုတော်မှာမီးဘေးကင်းလွတ်ခဲ့သည်။ ဤသို့ဘေးအန္တာရာယ်နှင့်ကွင်းခဲ့သည်မှာ ဤဆင်းတုတော် ကြောင့်ဖြစ်သည်ဟုယုံကြည်ကြသည်။ ဆင်းတုတော်ကိုပင့်ချီ၍ စည်တန်းလှည့်လည်ခြင်းသည် ဖိလစ်ပိုင်နိုင်ငံသားတို့၏ ယုံကြည်ခြင်းကိုလေး နက်သွားစေကြောင်း၊ ဤစီတန်းလှည့်လည်ခြင်းကိုယေဇူးသခင်ကာလ်၀ါရီတောင် ပေါ်သို့တက်ကြွ ခြင်းကိုဆင် ခြင် ၍ပြုလုပ်ခြင်းဖြစ် ကြောင်း း၊ ဘာသာတူများကလည်းယေဇူးသခင်၏ ဒုက္ခလမ်းတော်ကိုလျှောက်လှမ်းရင်းဘု ရားသခင်ကိုတစ်စုံ တစ်ရာပြန်လည်ကျေးဇူးတုန့်ပြန်လိုကြကြောင်း မွန်ဆီညှော် Jose Clemente Ignacio ကအမေရိကန် အ ခြေစိုက်ကက်သလစ် သ တင်းဌာနတစ်ခုဖြစ်သော (CNA) သို့ပြောကြားခဲ့သည်။

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

Photo courtesy of: AP/Associated Press/East News

https://bit.ly/2LqUwQD

Add new comment

10 + 9 =