နော်ထရာဒိမ်းဘုရားကျောင်းအတွင်းပိုင်း၌ ပြုပြင်ပြောင်း လဲမှုအနည်းငယ်ရှိမည်ဟုဆို

နော်ထရာဒိမ်းဘုရားကျောင်းအတွင်းပိုင်း၌ ပြုပြင်ပြောင်း လဲမှုအနည်းငယ်ရှိမည်ဟုဆို

ပဲရစ်မြို့ရှိ မီးဘေးကြောင့်ပျက် စီးထိခိုက်ခဲ့သော ဘုရားကျောင်းကို ပြန်လည်ဖွင့်လှစ်သည့်အခါအတွင်းပိုင်းတွင် ယခင်နှင့်မတူသော ပြောင်းလဲမှုအနည်းငယ်ရှိမည်ဟုဆိုသည်။

ပြင်သစ်မီဒီယာများထံပေါက်ကြားခဲ့သောသတင်းအရ အ တွင်းပိုင်းအပြင်အဆင်များကိုအနည်းငယ်ပြုလုပ်ထားသည်ဟုဆိုသော်လည်း မတ်လမတိုင်ခင်အထိ အကောင် အ ထည်ဖော်မည်မဟုတ်သေးပေ။

ထိုသတင်းများအရ ပရိ သတ်ထိုင်ရာခုံတန်းများကို ဒီဇိုင်းအသစ်များထည့်သွင်းမည်ဖြစ်ပြီး အရောင်စွန်းသွားသော ရောင်စုံမှန်တံခါးများကို လှဲလှယ်တပ်ဆင်မည်ဖြစ် သည်။

၂၀၁၉ မီးဘေးအတွင်း မီးမခပဲ ဖြုတ်ယူရရှိသော မှန်ချပ်များလည်းရှိသည် သို့သော် လည်း နှင်းဆီမှန်တံခါးဟု လူသိများသည် မှန်ချပ်ကိုမူပြောင်းလဲမည်မဟုတ်ပေ။ ထိုမှန်ချပ်သည် ၁၃ ရာစုလက်ရာဖြစ်ပြီး ၁၂၆၀ ခုနှစ်ဘုရားကျောင်းစတင်တည်ဆောက်စဉ်ကတည်းက ရှိနေခဲ့သော သမိုင်းအမွေအနှစ်လည်းဖြစ်သည်။

ပေါက်ကြားခဲ့သော သတင်းများနှင့်ပတ်သက်၍ ပဲရစ်သာ သနာ၏ဂိုဏ်းချုပ်ဆရာတော်ကိုယ်တိုင်က ကြေညာချက်ထုတ်ပြန်ခဲ့ပြီး "သမိုင်းအ မွေအနှစ်ကို မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်မည့်အကြောင်းနှင့်၊ဤအရာသည် ကာလရှည်ကြာတည်တံနေ

မည့်အကြောင်း"အတိအလင်းကြေညာခဲ့သည်။

ဘာသာပြန်-Agnes Lawh Lun

Photo courtesy of: Martin BUREAU | AFP

https://bit.ly/3oDWCer

Add new comment

4 + 8 =