ပုပ် ဖရန်စစ်၏ သီးသန့်ဆရာ ၀န် ကိုဗစ်ရောဂါကြောင့် ကွယ် လွန်

ပုပ် ဖရန်စစ်၏ သီးသန့်ဆရာ ၀န် ကိုဗစ်ရောဂါကြောင့် ကွယ် လွန်

လွန်ခဲ့သော ဇန်နဝါရီ(၉)ရက်နေ့က ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်၏ သီး

သန့်ဆရာ၀န် ဖြစ်သူ Fabrizio Soccorsi သည် ကိုဗစ် နဲ့ ဆပ်လျင်းသည့် ရောဂါကြောင့် ကွယ်လွန်ခဲ့သည်။

ပုပ်ရဟန်းမင်းကြီး၏ သီးသန့်ဆရာ၀န်ဖြစ်သည်နှင့်အညီ ရဟန်း မင်းကြီး၏ နိုင်ငံ တ ကာ ခရီးစဉ်များတွင် သူလည်း ပါ၀င်ခဲ့သည်။

အပြင်း အထန်ဖျားနေသော Soccorsi ၏ သမီးနှစ်ယောက် အတွက်လည်း ပုပ်ရဟန်းမင်းကြီး အရှင်သူမြတ် သည် (၂၀၁၇)ခုနှစ်၊ မေလက ပေါ်တူဂီနိုင်ငံ၊ ဖာတီမာသို့ သွား ရောက်စဉ်၊ အမိ မယ် တော်၏ ဆင်းတုရှေ့တွင် နှင်း ဆီပန်းနှစ်စည်းကို ဆက်ကပ်ကာ ၎င်းတို့အတွက် ဆု တောင်းပေးခဲ့သည်။

Soccorsi သည် ရောမမြို့ရှိ La Sappienza တက္ကသိုလ်တွင် ဆေးပညာနှင့် ခွဲစိတ်ပညာကို လေ့လာသင်ယူခဲ့သည်။ သူသည် ဗာတီကန်မြို့ပြနိုင်ငံ၏ ကျန်းမာရေးနှင့် တကိုယ်ရေသန့်ရှင်းရေးရုံးများ တွင်လည်း အကြံပေးခြင်းနှင့် ဆွေးနွေးတိုင်ပင်ခြင်းများ ပြုလုပ်ခဲ့ပြီး ရဟ န္တာတင်မြှောက်ရေးနှင့် ပတ် သက်သော ကိစ္စရပ်များတွင်လည်း ဆေးပညာဆိုင်ရာ ကျွမ်းကျင်သူများအဖွဲ့၏ အဖွဲ့ ၀င်တစ်ယောက်ဖြစ်သည်။

ဘာသာပြန်-ဘရာသာရ်ပက်ထရစ်အေးရှိုင်းအောင်

https://bit.ly/2Xv58QK

Add new comment

4 + 3 =