သွေးစည်းညီညွတ်ခြင်း၌ ပြန် လည်ရှင်သန်မှုကိုရှာဖွေကြရန်နှင့် ဖန် ဆင်းခြင်းကိုလေးစားကြရန် လယ် သမားများအား ပုပ်ဖရန်စစ်တိုက်တွန်း

သွေးစည်းညီညွတ်ခြင်း၌ ပြန် လည်ရှင်သန်မှုကိုရှာဖွေကြရန်နှင့် ဖန် ဆင်းခြင်းကိုလေးစားကြရန် လယ် သမားများအား ပုပ်ဖရန်စစ်တိုက်တွန်း

အီတလီနိုင်ငံ Coldiretti အ မည်ရှိသော အကြီးဆုံးလယ်သ မားအစည်းအရုံးသို့ သွေး စည်းညီညွတ်ခြင်း၌ ပြန်လည်ရှင်သန်မှုကိုရှာဖွေကြရန်နှင့် ဖန်ဆင်းခြင်းကိုလေးစားကြဖို့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ်မှ သတင်းစကားပေးပို့ခဲ့ပါသည်။

ယခုကဲ့သို့ကမ္ဘာ့ကပ်ရောဂါကြုံတွေ့နေရစဉ်အချိန်တွင်စီးပွားရေး လုပ် ငန်းများပြန် လည်စတင်နိုင်ရန်၊ လူမှုရေးလုပ်ငန်းများပြန်လည်ရှင်သန်ဖြတ်လပ်၊ တိုးတက်လာစေရန် အဓိကရည်ရွယ်ပြီး အီတလီနိုင်ငံ Coldiretti အမည်ရှိ သော အကြီးဆုံးလယ်သမားအစည်းအရုံးမှ ညီလာခံတရပ်ကို အွန်လိုင်းနည်းလမ်းအား ဖြင့်ကျင်းပခဲ့ပါသည်။

ယင်းညီလာခံခေါင်းစဉ်အဖြစ် လယ်သမားများကို ကိုယ်စားပြုသော "အစားအစာ၏သူရဲ့ကောင်များမှတဆင့် အီတလီနိုင်ငံ ပြန်လယ် စတင်မည်" ဟူသော ခေါင်းစဉ်ဖြင့်ပြုလုပ်ခဲ့ပါသည်။

အီတလီနိုင်ငံ Coldiretti အ မည်ရှိသော အကြီးဆုံးလယ်သမားအစည်းအရုံးတွင် အဖွဲ့ဝင် ၁.၆ သန်းကျော်ဖြင့်ဖွဲ့စည်းထားပြီး၊ ၎င်းအဖွဲ့အ စည်းသည် အီတလီနိုင်ငံ နိုင် ငံတော်အဆင့်နှင့် ဥရောပအ ဆင့်အတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်းရှင် အကြီး၊ အငယ်အားလုံး၏အခွင့်ရေးများကိုကာကွယ်ရန် နှင့် အီတလီလယ်ယာထွက်ကုန်အရည် အသွေးအာမခံချက်၊ စားနပ် ရိက္ခာလုံခြုံရေး နှင့် ရေရှည်တည်တံ့နိုင်ရေးကို မြှင့်တင်ပေးသောအဖွဲ့အစည်းဖြစ်ပါသည်။

ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ်‌ ကိုယ်စား ဗာတီကန် နိုင်ငံ နိုင်ငံခြားရေးဝန် ကြီးက ပေးပို့သော သတင်း စကားတွင် ကမ္ဘာ့ကပ်ရောဂါကြောင့် ဖြစ်ပေါ်လာသည့်ဒုက္ခအခက်ခဲများကို ကျော်လွှားနိုင်သည့်နည်းလမ်းများရှာဖွေကြရန် လူမှုအဖွဲ့အစည်းအားလုံးကို တိုက်တွန်းထားပါသည်။

ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ်မှ ပေးပို့သော သတင်း စကား ၏ အရေးကြီးသော အချက်မှာ "ပြန် လည်ထူထောင်ရေးလုပ်ငန်းများကိုဘယ်လိုအကော်အထည်ဖော်ကြလဲ" ဖြစ်ပြီး၊ အသင့်လျော်ဆုံးနှင့်အမှန်ကန်ဆုံးနည်းလမ်းဖြစ်သည့် လူသားများ၊ သဘာဝတရားနှင့် ဖန်ဆင်းရှင်တို့အကြား သဟဇာတဖြစ်ခြင်း နက်နည်းသောဆက်နွယ်မှုတို့ကို ပြန် လည်ဆင်ခြင်သုံး သပ်ကြရန် တိုက်တွန်းထားပါသည်။

ဆက်လက်ပြီး ပုပ်ရဟန်း မင်း ကြီးမှ ယင်းညီလာခံအဖွဲ့ဝင်များကို အကျိုးအမြတ်ရှာဖွေခြင်းသည်အဓိကမဟုတ်ဘဲ လူသားတို့အားကျိုးပြုခြင်း ၌အစေခံကြရန်၊ သဘာဝအရင်းအမြစ်များကိုခေါင်းပုံ ဖြတ် အမြတ်ထုတ်ရန်မဟုတ် သဘာ ဝတရားကိုသတိထားဂရုစိုက်ကြရန် ထိုမှသာ လူ သားအားလုံးတို့ ၏ အတူ တကွနေအိမ်ဖြစ်သော ကမ္ဘာမြေကြီးကို အတူတကွကြိုဆိုတည် ဆောက်ကြခြင်ဖြစ်မည်ဟု့ သတိ ပေးထားပါသည်။

အနှစ်ချုပ်အနေဖြင့် ပုပ်ရဟန်း မင်း ကြီးမှ ညီလားခံအဖွဲ့ဝင်များကို လူသားများကြားမညီမျှမှုများ၊ ဆင်းရဲမွဲတေမှုများ စစ်မှန်စွာဖြေရှင်းပေးနိုင်ရန် စည်းလုံးခြင်းနဲ့ချစ်ခြင်း‌ မေတ္တာနည်းလမ်းသစ်များကို ရဲရင့်စွာရှာဖွေလုပ်ကိုင်ကြဖို့ တိုက် တွန်းအားပေးထားပါသည်။

ဘာသာပြန်-ဖာသာရ်ပီတာကြည်မောင်

Photo courtesy of: ANSA

https://bit.ly/34ka2UF

Add new comment

12 + 6 =